Latest News

Dropdown Menu

Friday, December 13, 2013

တာချီလိတ်လဝက ခရိုင်ဦးစီးဌာနမှူးမှ မိုင်းဖုန်းဆရာတော်အား သာသနာဝင် စိစစ်ရေးကတ်ပြား ဆက်ကပ်လှူဒါန်း

ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက် မွန်းလွဲပိုင်းက တာချီလိတ်ခရိုင်ဦးစီးဌာနမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့်  မြို့နယ်လ၀ကဦးစီးမှူး ဦးသိန်းလွင်တို့ပါဝင်သည့် အဖွဲ့မှ မိုင်းဖုန်းဆရာတော်ဘုရား ဘဒ္ဒန္တဥာဏသံဝရအား သာသနာဝင် စိစစ်ရေးကတ်ပြားကို နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ရှေ့မှောက်မှာပင် ဆက်ကပ်လှူဒါန်းလိုက်ပြီဖြစ်ကြောင်း သိရသည်။


ဆရာတော်၏ သာသနာဝင် စိစစ်ရေးကတ်ပြား အမှတ်မှာ ၁၃/တခလ(သ) ၀၀၀၂၁၁ ဖြစ်ပြီး ဆရာတော်၏ မွေးသက္ကရာဇ်မှာ မြန်မာသက္ကရာဇ် ၁၃၂၇ခုနှစ်၊ တပို့တွဲ လဆန်း(၃)ရက် အင်္ဂါနေ့ ဖြစ်ကြောင်း အဆိုပါ စိစစ်ရေးကတ်ပြားမှ ရေးသားဖော်ပြထားချက်အရသိရသည်။ ဆရာတော်အား ယခုလို ဆက်ကပ်ရခြင်းမှာ ယခင်က ဆက်ကပ်ထားသော ကတ်ပြားမှာ ပျောက်ပျက်သွား၍ အသစ်လှဲလှယ်ကာ ဆက်ကပ်လိုက်တာ ဖြစ်ကြောင်း သိရှိရသည်။

မိုင်းဖုန်းဆရာတော်သည် ယခုအခါမှာ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပါဆာကျေးရွာရှိ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူပြီး တရားဘာဝနာများ ပွားများလျှက်ရှိကြောင်းနှင့် အခြားမြို့များသို့ ကြွရောက် သာသနာပြုရန် အစီအစဉ်ရှိသော်လည်း ရက်သတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



« PREV
NEXT »