Latest News

Dropdown Menu

Friday, December 13, 2013

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်ရာ မိုင်းဖြတ်မြို့၌ ရှင်းလင်းဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင် ၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ  ရှင်းလင်းဟောပြောပွဲကို   ဒီဇင်ဘာ(၁၃)ရက်၊ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော် က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများ၊ ကော်မတီ အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က ကောက်ကွက်မြေပုံ နှင့် လူဦးရေစာရင်းစိစစ်ဆောင်ရွက်ရန်လုပ်ငန်းများကို  ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ် ဦးစီးဌာနမှူး  ဦးစောမောင်လှ က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း   ဥပဒေဆိုင်ရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများကို ရှမ်းဘာသာဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောသည်။

အဆိုပါ ရှင်းလင်းဟောပြောပွဲသို့  မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့များမှစာရင်းစစ်၊ စာရင်းကောက်များ တက်ရောက်ပြီး၊  တက်ရောက်လာသည့် ကော်မတီဝင်များကသိလိုသည့်အချက်များကို မေးမြန်းရာ ခရိုင်ဦးစီးဌာနမှူး  ဦးစက်ရွှေ က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »