Latest News

Dropdown Menu

Showing posts with label မောင်ယဉ်ကျေး. Show all posts
Showing posts with label မောင်ယဉ်ကျေး. Show all posts

Sunday, February 23, 2014

   တာချီလိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း
အဝေးအား ဖေဖေါ်ဝါရီလ (၂၃)ရက်၊ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ
ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမ္မာတို့၏ နေအိမ်တွင်ကျင်းပရာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ
ဝင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။


    အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ဖေဖေါ်ဝါရီလ (၁၈)ရက်
နေ့တွင် ကျင်းပခဲ့သော ပဏာမအစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဖွဲ့စည်းပုံအား ရှင်းလင်းပြောကြားကာ ကော်မတီ နာယက ဦးမြင့်ဦးမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် နာယက ဦးတင်နွယ် ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် ကော်မတီဝင်များ ၊ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြကာ
(၁) ဗိုလ်ချုပ်ကြေးရုပ်ပုံစံအား အွန်လိုင်းမှတဆင့် အများပြည်သူသို့ချပြကာ ဆန္ဒတောင်းခံအတည်ပြုရေး
(၂) အပတ်စဉ်စနေနေ့တိုင်း ရှမ်းရိုးမကွင်းတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အလှူခံ
ဌာနဖွင့်လှစ်ရေး
(၃) ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကော်မတီများမှတဆင့် ကြေးရုပ်တည်ဆောက်ခွင့်နှင့် မြေနေရာ
တောင်းခံရေး
(၄) ဗိုလ်ချုပ်ကြေးရုပ်အား မြန်မာမှုပညာရှင် တမ္မ၀တီ ဦးဝင်းမောင်ထံ လုပ်ငန်းအပ်နှံရေး
(၅) ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအား ဘုရင့်နောင်မင်းတရားကြီးရုပ်ထုထက် အတန်ငယ်သေးငယ်
သောအရွယ်အစားဖြင့် သွန်းလုပ်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ကြပါသည်။


     ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု
ကာ နာယက ဦးမြင့်ဦး ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ ၊ တွဲဖက်အတွင်းရေးမှူး ဦးစည်သူမောင် ၊ကော်မတီဝင်
ဦးမောင်လှ နှင့် အခြားအလှူရှင်များက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်းတစ်ရာ
ကျော်အား စုပေါင်းထည့်ဝင်လှူဒါန်းကြပြီး အစည်းအဝေးတက်ရောက်သူများအားလုံးမှ ဘုရင့်နောင်
မင်းတရားကြီးရုပ်တုသို့သွားရောက်ကာ အရွယ်အစားအားတိုင်းတာကြရာ ဘုရင့်နောင် မင်းတရားကြီး
၏ရုပ်တုမှာ ၁၃ ပေကျော်ကျော်ရှိသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်အား ၁၂ပေ အမြင့်အရွယ် သွန်းလောင်းရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများအား ဗယ်လင်တိုင်းကဖေးမိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံဒါနပြုကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 22, 2014

ပေငါးထောင်ကျော် ခြောက်ထောင်နီးပါး တောင်တန်းကြီးများကို ဖြတ်သန်းကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့်လမ်းမို့ တဖက်မှာက တောင်ကမ်းပါးယံ၊ တဖက်မှက နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတွေ ၊ ဒီလမ်းမျိုးမှာ မော်တော်ကားစီးရသည်မှာ အသည်းယားဘွယ်ကောင်းလှပေမယ့် တောင်စွယ်တောင်တန်းများကို လှပစွာ ထုဆစ်ပုံဖော်ထားသည့် လှေကားထစ် လယ်ယာ စိုက်ခင်းလေးများကလဲ ရှုမ၀နိုင်သည့် သဘာဝအလှမို့ ကြောက်စိတ်နှင့်ကြည်နူး
စိတ်က ဒွန်တွဲလို့နေသည်။

{ နှစ်တစ်ရာအိမ်ကြီး }

စာရေးသူတို့ သွားရောက်နေသည့် ခရီးကတော့ ရှမ်းဘာသာဖြင့် လွိုင်မွေဟုထင်ရှားသည့် နှင်းတောင်မြို့လေးဆီသို့ဖြစ်သည်။ လွိုင်မွေ တောင်စခန်းမြို့လေးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်ကျိုင်းတုံနှင့် မိုင် ၂၀အကွာတွင် တည်ရှိနေပြီး ထင်ရှားလှပသည့် တောင်စခန်းမြို့လေးဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေတွင်တည်ရှိကာ  မြို့တည်သက်တမ်းအားဖြင့် နှစ်ရာပြည့်ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့သည့် သက်တမ်းရင့်မြို့လေးဟုလည်း သတ်မှတ်နိုင်ပါမည်။

{ ချယ်ရီပင်တန်း }

လွိုင်မွေမြို့လေးအား ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ထက်တိုင် ကိုလိုနီခေတ်လက်ရာ အုတ်တိုက်နီနီလေးများဖြင့် သာယာလှပသော တောင်စခန်းမြို့လေးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့လာ လည်ပတ်ကြသည့် ဥရောပဆန်သော မြို့လေးလည်းဖြစ်ပေသည်။ ထင်းရှူး ၊ ယူကလစ် ၊ ချယ်ရီ ၊ မက်မန်း ၊ ပင်စိမ်း ၊ သစ်တော် ၊ မက်မွန်ပင်များဖြင့် ၀န်းရံထားပြီး တိမ်ပြာပြာတို့ထိစပ်နေသော လွိုင်မွေမြို့လေး၏ အထူးတင်ရှားသော သင်္ကေတကား နှစ်တစ်ရာအိမ်ကြီးဟု လူသိများသည့်  ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးဖြစ်လေသည်။ ရှေးယခင်က အင်္ဂလိပ်အရေးပိုင်မင်း နေထိုင်ခဲ့သည့် အိမ်ဟု ဒေသခံများကပြောကြားသည့် ယင်း
နှစ်တစ်ရာအိမ်ကြီးမှာ ၁၉၁၈ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးထိုးထားသည့် မော်ကွန်းစာအရသိရှိရပေသည်။

{ မက်မွန်ပင်နှင့်မက်မွန်သီးကင်းလေးများ }

ထုထည်ခိုင်ခန့်စွာဖြင့် တည်ဆောက်ထားကာ ယနေ့ခေတ်လို သံထည်များမပါပဲ ကျောက်တုံးကြီးများ၊ မြေအုတ်များဖြင့် လှပသေသပ်စွာ တည်ဆောက်ထားပြီး တောင်ပေါ်ဒေသ အလွန်အေးချမ်းသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ အခန်းတိုင်းတွင် မီးလင်းဖိုကြီးများကို ထည့်သွင်းစီမံထားလေသည်။ အထူးအားဖြင့် လွိုင်မွေမြို့လေးကို အပေါ်စီးမှရှုမြင်နိုင်သည့် တောင်ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ထားသည်မို့ မြို့လေး၏ အလှကိုလည်း တစိမ့်စိမ့်ကြည့်ရှုနိုင်လေသည်

{ ပင်စိမ်းပင် }

နှစ်တစ်ရာအိမ်ကြီး တည်ရှိရာ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည်နှင့် သန့်ရှင်းလတ်
ဆတ်သော လေလေးကို သင်းပျံ့သော ထင်းရှူးနံ့ ၊ ယူကလစ်နံ့တို့နှင့်အတူ ရှူရှိုက်လိုက်ရသည်မို့ လန်းဆန်းတက်ကြွသွားစေမှုကလည်း ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ဥရောပသား ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့လာကြခြင်းဖြစ်ပေမည်။

{ လွိုင်မွေဒေသထွက် နှစ်ချို့ဝိုင် }

ထို့အပြင် လွိုင်မွေဒေသ၏ ထင်ရှားသော အမှတ်သင်္ကေတကား ဒေသထွက် သစ်သီးများဖြင့် စီမံ ဖော်စပ်ထားသည့် ၀ိုင်မျိုးစုံပင်ဖြစ်သည်။ ယနေ့ခေတ်လို ဓာတုဗေဒပစ္စည်းမျိုးစုံ အရောအနှောတွေဖြင့် အစားအစာမျိုးစုံကို ထုတ်လုပ်နေကြချိန်ဝယ် လွိုင်မွေဒေသထွက် ချယ်ရီ ၊ သစ်တော် ၊ မက်မန်း ၊ ပင်စိမ်း ၊ မက်မွန် ၊ စတော်ဘယ်ရီ ၊ နာနတ်စသည့် သန့်ရှင်းလတ်ဆတ်သော သဘာဝသီးနှံများဖြင့် ရှေးရိုးစဉ်လာ နည်းပညာအတိုင်း ထုတ်လုပ်ထားသည့် နှစ်ချို့ဝိုင်လေးများကား ချိုမြမြရှိန်းတိန်းတိန်းလေးဖြင့် သောက်သုံးသူတို့နှစ်ခြိုက်ကြသည့် လိွုင်မွေဒေသ ထွက်ကုန်လည်းဖြစ်ပေသည်။

{ ချယ်ရီပန်း }

သို့မို့ကြောင့်လည်း လှပသော တောတောင်သဘာဝကိုခံစားကာ လတ်ဆတ်သော လေကောင်းလေသန့်ကိုရှူရိုက်ရင်း နှစ်ခြို့ဝိုင်လေးများ၏ ချိုရှရှအရသာကိုခံစားနိုင်စေဖို့အတွက် လွိုင်မွေတောင်စခန်းမြို့လေးနှင့် နှစ်တစ်ရာအိမ်ကြီးအား တခါတခေါက်လာရောက်လည်ပတ်ကာ အပန်းဖြေအနားယူနိုင်ကြပါစေကြောင်း ဖိတ်ခေါ်ရေးသားလိုက်ရပါတော့သည်။

ဆောင်းပါးရှင်။ ။မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 26, 2014

နိုင်ငံတော် အစိုးရမှ တိုင်းရင်းသားလူငယ်မောင်မယ်များ အိမ်နီးချင်းနိုင်ငံများအား အထင်ကြီးစိတ်၊ ကြီးပွားချမ်းသာလိုသောစိတ်တို့ဖြင့် တရားမ၀င်သွားရောက်လုပ်ကိုင်ကြရာမှ လူကုန်ကူးခံရမှု၊ လူသားချင်း စာနာစိတ်ကင်းမဲ့စွာဖြင့် အဓမ္မအလုပ်လုပ်ကိုင်ခိုင်းမှု၊ ဖိနှိပ်အနိုင်ကျင့်ခံရမှု၊ အမျိုးသမီးငယ်လေးများအား ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းခံရမှုစသည့် ဆိုးကျိုးများအား ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ စသည့် မီဒီယာများမှ မကြာမကြာထုတ်လွှင့်အသိပညာပေးလျှက်ရှိသော်လည်း ရိုးသားပြီး ဗဟုသုတနည်းပါးသော ကျေးလက်ဒေသများမှ အရွယ်ကောင်းလူငယ်လေးများသည် တစ်ဖက်နိုင်ငံ များသို့ အထင်ကြီးစိတ်ဖြင့် တရားမ၀င်သွားရောက်နေမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိနေရာ ဇန်န၀ါရီ ၂၆ရက် နံနက် ၁၁နာရီခွဲ အချိန်ခန့်က လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေး အထူးအဖွဲ့၊တာချီလိတ်မှ ရဲအုပ် ၀ဿန်ကျော် နှင့် ဒုရဲအုပ် လှဘုန်းတို့ နယ်မြေသတင်းစုံစမ်းနေစဉ် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အမျိုးသား(၇)ဦး၊အမျိုးသမီး (၂)ဦးပါ လူတစ်စုအား ဆမ်လော့(သုံးဘီးဆိုင်ကယ်)အပေါ်တင်ဆောင်နေသည်ကို မသင်္ကာဘွယ်ရာ တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေးအထူးအဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်၊ ဂနိုင်ဝိုင်းကျေးရွာနေ စိုင်းထွန်းလှ (၁၉ နှစ်)၊ မောင်ထွန်းစိန်(၁၈နှစ်)၊ မောင်စိန်ရွှေ(၂၁နှစ်)၊ မောင်စောန(၂၉နှစ်)၊ မ၀င်းမေ(၂၇နှစ်)၊မမီးလှ(၃၇ နှစ်)၊ ဖက်မွန်ကျေးရွာနေ မောင်ကျော်စိုး (၁၉ နှစ်)၊ တပ်ကြီးကျေးရွာနေ မောင်စိုးမောင် (၂၃ နှစ်)၊ ပိန္နိကုန်းကျောက်ဟိုင်ကျေးရွာနေ ကိုမောင်ခန်း(၄၄ နှစ်)တို့သည် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံဖက်တွင် အသိမိတ်ဆွေ ဆွေမျိုးသားချင်းမရှိဘဲ ၎င်းတို့၏ သဘောအလျောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလုပ် လုပ်ကိုင်ရန် သွားရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။


အဆိုပါအဖွဲ့အား လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေးအထူးအဖွဲ့၊ တာချီလိတ်မြို့မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေးနှင့် တာဝန်ရှိသူများက တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက်ပါက လူမှောင်ခို မှတဆင့် လူကုန်ကူးမှု ဖြစ်ပွားတတ်ပုံ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုပို့ခံရပါက ရရှိနိုင်သည့် ဆိုးကျိုးများအား အသိပညာပေးဟောပြောကာ နေ့လည်စာများကျွေးမွေးပြီး ၎င်းတို့၏မိဘရပ်ထံသို့ ညနေ(၃) နာရီခွဲ အချိန်တွင် ယာဉ်အမှတ် (၆စ/၅၀၂၂) နှင့် (၈ဈ/၁၉၈၆) တို့ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ။          ။ မောင်ယဉ်ကျေး


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 23, 2014

     တာချီလိတ်မြို့တွင်းလမ်းများ သန့်ရှင်းသာယာလှပရေးအတွက် တာချီလိတ်မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ဖြူ-နီကြားမျဉ်းများရေးဆွဲခြင်း ၊ လမ်းဆုံ လမ်းခွနှင့် မီးပွိုင့်များတွင် သာမိုပလပ်စ်လမ်းလည်မျဉ်းများ ၊ သတိပေးမျဉ်းဝါများရေးဆွဲခြင်း ၊ မီးဆိုင်းအလှများ တပ်ဆင်ခြင်းလုပ်ငန်းများအား ယနေ့ ဇန်န၀ါရီ (၂၃)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ရာ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးကိုကို ၊ တာဝန်ခံအင်ဂျင်နီယာ ဦးလှမျိုး ၊ မြို့နယ် မီးလင်းရေးကော်မတီဝင် ဦးစိုင်းခမ်းမွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြသည်။


       အလားတူ တာချီလိတ်-ကျိုင်းတုံ လမ်းဆုံမှ လေဆိပ်သွားလမ်းတလျှောက် ပျက်စီးနေသော လမ်းအစိတ် အပိုင်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။
သတင်းပေးပို့သူ။    ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 17, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးမှူး
ဒေါက်တာသန်းထွဋ်ဦး ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် အထူးကုဆရာဝန်ကြီးများ ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး
ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းနှင့်အဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ၊ သတင်းမီဒီယာများ ပါဝင်သော အဖွဲ့သည် ယနေ့ ဇန်န၀ါရီ (၁၈)ရက် နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပိန်းညောင်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ပလောင်တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ကြသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထူးကုဆရာဝန်ကြီးများမှ သွားနှင့်ခံတွင်း၊ သားဖွား/မီးယပ် ၊ မျက်စိအထူးကု ၊ ကလေးအထူးကုနှင့် အထွေထွေရောဂါကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြပြီး တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အိုင်အိုဒင်းဆားနှင့် ကြက်ဥများ၊ အာဟာရဖြည့်စွက် အစားအစာများအား လှူဒါန်းပေးခဲ့ကြပါသည်။

     ယင်းနောက် ပြည်နယ် လူမှုရေးဝန်ကြီးသည် ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွဋ်ဦး ၊ တွဲဖက်ပြည်နယ် ပညာရေးမှူး ဦးခွန်စိန်မြင့်၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်၊ မြန်မာ-လာအို-ထိုင်း နယ်နမိတ်ကျောက်တိုင် ၊ ၀မ်ပုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ၀မ်ပုံပြည်သူ့ဆေးရုံတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များအား ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။         ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Wednesday, January 8, 2014

တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော
“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပြုသင်တန်း ” ဖွင့်ပွဲအခမ်းအနားအား ဇန်န၀ါရီလ
(၈)ရက် နံနက် (၉း၃၀)အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်
ရေးမှူး ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း
ပြောကြားသည်။


            အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အထောက်
အကူပြုကော်မတီဝင်များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်
ကြပါသည်။ သင်တန်းတွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများ အပါအ၀င် ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးလက်
ဒေသများမှ လူငယ်မောင်မယ်သင်တန်းသား (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ထွန်း၊ ဒု-ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဒု-ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း၊ အငယ်တန်း အင်/ယာ -၃ မှ ဒေါ်မြတ်သန္တာထက် နှင့် ဒေါ်မေငြိမ်းသူ၊ မွေးမြူရေးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံထွန်းဝေ၊ ဒု-ဦးစီးမှူး ဒေါက်တာ ကျော်ကျော်စိုး နှင့် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးလှဝင်းတို့က သင်ကြားပို့ချပေးပြီး သင်တန်းကာလအား (၈.၁.၂၀၁၄) မှ (၉.၁.၂၀၁၄)ထိ နှစ်ရက်တိုင်တိုင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ သင်ကြား ပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်ခရိုင်အတွင်း၌ ကျေးရွာအုပ်စု (၁၃)အုပ်စု ရှိပြီး ကျေးရွာပေါင်း (၃၂၆)ရွာရှိသည့် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန် ယခုလို အထောက်အကူပြု သင်တန်းပို့ချပေးတာဖြစ်ကြောင်းလည်း သိရသည်။

သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tuesday, January 7, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အသိပညာ တိုးပွားရေးအား ရည်ရွယ်လျှက် 10W ထပ်ဆင့် ရုပ်မြင့်သံကြားလွှင့်ရုံကို တည်ဆောက်လျှက်ရှိရာ ဇန်န၀ါရီလ(၇)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် တာဝန်ရှိသူများသည် အဆိုပါ စက်ရုံတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် တာလေမြို့နယ်ခွဲ အမှတ်(၁)ရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသော အလျား (၆၀)ပေ၊ အနံ(၅၀)ပေရှိ သံကူကွန်ကရစ်အမျိုးအစား (၃)ယူနစ် မီးသတ်တပ်ဖွဲ့ စခန်းနှင့် အလျား (၁၀၀)ပေ၊ အနံ(၂၅)ပေရှိ သံကူကွန်ကရစ် အမျိုးအစား (၄)ခန်းတွဲ ၀န်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းအား ဆက်လက် စစ်ဆေးကြည့်ရှု့ရာ တွဲဘက်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးကြည်သိန်း နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရာ ပြည်နယ်ဝန်ကြီးက နိုင်ငံတော်မှ ပြည်သူ့ဘဏ္ဍာဖြင့် ဆောက်ရွက်လျှက်ရှိသော အဆောက်အဦများဖြစ်သည့် အတွက် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်ဝအောင် တည်ဆောက်ရန်နှင့် ကန်ထရိုက်တာများ အနေဖြင့်လည်း မိမိအကျိုးအမြတ်ထက် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးအား ပိုမိုအလေးထားပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။      ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

 ““ မယ်ဇလီဆိပ် တာချီလိတ် ”” ဟု မြန်ပြည်တလွှား ထင်ရှားကျော်ကြားတဲ့ ကျွန်တော်တို့ တာချီလိတ်မြို့လေးဟာ အလွန်သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရှမ်း-အာခါ-လားဟူ-ပအို့ဝ် - ကချင်-ချင်း-၀-ကရင်-ရခိုင်-ဗမာ စတဲ့ တိုင်းရင်းသားညီကိုများ စုပေါင်း နေထိုင်ကြတဲ့ တာချီလိတ်မြို့လေးကို ရောက်ရှိခဲ့ဖူးတဲ့ ဧည့်သည်တိုင်းက သဒ္ဒါတရားကောင်းတဲ့မြို့ ၊ စေတနာတရားနဲ့ ကိုယ်ချင်းစာစိတ်ကြွယ်ဝတဲ့မြို့လေး ၊ တာချီလိတ်သားတွေများ ဘယ်အချိန် ကြည့်ကြည့် မျက်နှာလေးတွေကပြုံးရွှင်နေကြတာပဲ ဟု မုဒိတာအပွားခံရတဲ့မြို့လေး
ဖြစ်ပါတယ်။

     သို့သော်လည်း ဆွမ်းဆန်ထဲ ကြက်ချေးရောဆိုသလို ကျွန်တော်တို့မြို့ရဲ့ အလှကိုဖျက်ဆီး
နေတဲ့ အကြောင်းအရာလေး တခုကတော့ မကြာခဏကြားကြားနေရတဲ့ ““ မြေယာပိုင်ဆိုင်မှု
အငြင်းပွားပြဿနာ”” တွေပဲဖြစ်ပါတယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ တာချီလိတ်မြို့လေးမှာ အလျဉ်းသင့်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရင်း ရေရှည်မှာ အိမ်ငှားဘ၀နဲ့ မနေထိုင်လိုကြတဲ့အတွက် မိမိတို့ရဲ့ ချွေးနည်းစာလေးတွေကို ကုတ်ခြစ်စုဆောင်းကြပြီး အိုးပိုင်အိမ်ပိုင်ဘ၀ကိုရရှိဘို့ ကြိုးစားကြပါတယ်။ ငွေကြေးအတန်အသင့် စုဆောင်းမိလာတဲ့အခါ မိမိတို့နဲ့သင့်လျော်မယ့် မြေကွက်ကလေးတွေကိုဝယ်ယူကြပါတယ်။ ဒီလိုဝယ်ယူကြရာမှာ မိမိပိုင်မြေကို ရိုးရိုးသားသားတန်ရာတန်ကြေးနဲ့ရောင်းချကြသူများ ရှိသလို မသမာသောနည်းတွေနဲ့ ကျူးကျော်မြေတွေ ၊ တပါးသူပိုင်မြေတွေကို စာရွက်စာတမ်း အတုတွေနဲ့ လိမ်ညာရောင်းချကြသူအချို့လည်းရှိပါတယ်။

ဒီတော့ လိမ်ညာရောင်းချသူတွေက ငွေထုပ်ပိုက်ပြီး ပျော်မြူးနေချိန်မှာ ပိုင်ရှင်အစစ်အမှန်ပေါ်လာလို့ အနှစ်နှစ်အလလ ချွေတာစုဆောင်းထားတဲ့ ငွေလေးနဲ့ ၀ယ်ထားတဲ့မြေကွက်လေး ဆုံးရှုံးရလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရသူက ရိုးသားတဲ့ မြေ၀ယ်သူတွေပါ။ ငွေကြေးလဲဆုံးရှုံးရ ၊ ရုံးရောက်ဂတ်ရောက် ၊ အချင်းချင်းလည်း အမုန်းပွားရနဲ့ အလွန်စိတ်သောကရောက်ကြရတာကို မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် စာရေးသူအနေနဲ့ မြေကွက် (သို့) အိမ် အရောင်းအ၀ယ်ပြုတော့မယ်ဆိုရင်
(၁)   ရောင်းချသူရဲ့ ရိုးသားတည်ကြည်မှုကို အရင်ဆုံး စုံစမ်းလေ့လာပါ။
(၂) သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနလိုမျိုး ရုံး/ဌာနတွေမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှု ရှိ/မရှိ  
        အရင်ဆုံးစိစစ်ကြည့်ပါ။
(၃) အရောင်းအ၀ယ်ပြုလုပ်ရာမှာလည်း ပေါ့ပေါ့ဆဆ သာမာန်အရပ်သုံးစာချုပ်တွေနဲ့ မချုပ်ဆိုပဲ
       ဥပဒေပညာရှင်တွေနဲ့ သေချာစွာ လေ့လာ တိုင်ပင် ညှိနှိုင်းပြီးမှ ၀ယ်ယူ ချုပ်ဆိုကြပါလို့ စေတနာရှေ့ထားကာ တိုက်တွန်းရေးသားလိုက်ရပါတော့တယ်ခင်ဗျား။
သတင်းဆောင်းပါး။        ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, December 28, 2013

တာချီလိတ်မြို့ အဘကိုးမြို့ရှင် "ပြည်သူ့နတ်နန်း"အသစ် တည်ဆောက်ရေး၊ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ(၂၈)ရက် နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အဆိုပါ နတ်နန်းနေရာမှာ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မဟာမြတ်မုနိဆရာတော်ကြီး အမှူးပြုသော သံဃာတော်ကိုးပါးတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကာ မြေသန့် မင်္ဂလာ ဆောင်ရွက်ပေးပြီးနောက် မဟာမြတ်မုနိဆရာတော်ကြီးမှ ပန္နက်တော်နေရာများအား မေတ္တာရေစင်သွန်းဖျန်းပေးပါသည်။ ထို့နောက် နတ်နန်းတည်ဆောက်ရေး ကော်မတီဝင်များမှ သံဃာတော်အရှင်သူမြတ်များအား န၀ကမ္မအလှူငွေများ လှူဒါန်းဆက်ကပ်ကြပါသည်။


ဆက်လက်၍ မင်္ဂလာအချိန်တွင် မဟာမြတ်မုနိဆရာတော်ကြီးမှ ကြာသပတေးထောင့်တွင် လည်းကောင်း၊ နာယက ဦးမောင်လေး၊ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဒုတိယ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ထောင့်အသီးသီးတွင် လည်းကောင်း၊ ပန္နက်တော်များ ရိုက်သွင်းပေးကြကာ ဆရာတော်ကြီးမှ ၀မ်းမြောက်အနုမောသြ၀ါဒစကား မြတ်ကြားသည်။

ပန္နက်တော်တင် အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြသော သံဃာတော်များ၊ ကော်မတီဝင်များနှင့် အလှူရှင်များက စုပေါင်းမှတ်တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။        ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, August 4, 2013

ဩဂုတ်လ ၄ ရက် နံနက် ၃နာရီမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ပန်ဟတ်ချောင်းမှ တောင်ကျရေများ စီးဆင်းလာမှုကြောင့်  တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဟွေရန်း(၁)၊ ဟွေရန်း(၂)၊ ဆီလီငေါ့၊ ၀မ်ကဲကျေးရွာများတွင် ရေ ၅ပေခန့်အထိ မြင့်တက်ခဲ့ကာ နေအိမ်များ ရေလွှမ်းမိုးခြင်းခံခဲ့ရပါသည်။


 မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နေအိမ်အချို့၏ အုတ်တံတိုင်းများ ပြိုကျခြင်းများရှိခဲ့သည်မှအပ နေအိမ် အဆောက်အအုံများ ပျက်စီးခြင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေကျေခြင်းမရှိခဲ့သလို တောင်သုံးလုံးကျေးရွာအနီးရှိ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးဘေး တောင်နံရံတွင် ပေါက်ရောက်လျှက်ရှိသော သစ်ပင်ငယ်အချို့ ရေတိုက်စားခံရကာ လမ်းမကြီးပေါ်သို့ ကျရောက်ခဲ့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူတို့မှ အချိန်မီရှင်းလင်းပေးခဲ့သည့်အတွက် ယာဉ်သွားလာမှု ပြတ်တောက်ခြင်း မရှိခဲ့ပါ။


မိုးရွာသွန်းမှုကြောင့် နံနက် ၁၀နာရီအချိန်အထိ တိုင်းထွာချက်အရ မိုးရေချိန် ၂.၇၄ လက်မအထိရှိခဲ့ပြီး တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၇ တွင် လမ်းမကြီးပေါ်သို့ ၁ပေခန့် ရေကျော်ခဲ့ပြီး မွန်းတည့် ၁၂း၃၀နာရီ အချိန်တွင် ရေပြန်ကျသွားခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိခဲ့ပါ။



အဆိုပါ ရေကြီးနစ်မြုပ်ရာနေရာသို့ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ ဦးဆောင်သော တပ်မတော်သားများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကာ သောက်သုံးရေနှင့် အစားအသောက်များအား ဝေငှပေးခဲ့ပါသည်။






မွန်းလွဲ ၂နာရီခန့်တွင် ရေလုံးဝကျဆင်းသွားခဲ့ပြီး ရေ၀င်ရောက်မှုကြောင့် နှုံးများ အမှိုက်များတင်ကျန်နေသည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများအား ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်၊ရေသယ်ယာဉ်များဖြင့် သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ပြီး ရေ၀င်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လယ်ယာမြေစာရင်းများအား ခရိုင်နှင့်မြို့နယ် မြေစာရင်းဦးစီးဌာနမှ စစ်ဆေးကောက်ယူလျှက်ရှိကာ  မိုးစပါးစိုက်ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့မှ စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။ 
သတင်းပေးပို့သူ။         ။ မောင်ယဉ်ကျေး

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၌ ရေလွှမ်းမိုး
58 photos

Friday, August 2, 2013

ယခုနှစ် မိုးတွင်းကာလများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေနှုတ်မြောင်းများမရှိခြင်း တို့ကြောင့် တာချီလိတ်မြို့တွင်းရှိ လမ်းအတော်များများသည် ဆိုးရွားစွာ ပျက်စီးလျှက်ရှိနေသည်ကို တွေ့ရှိရပါသည်။

"ကျွန်တော်တို့ ပါလျှံရပ်ကွက်၊ ရန်အောင်မြေ အ.မ.က ရှေ့လမ်းမကြီးဆိုရင် ဆိုးဆိုးရွားရွား ပျက်စီးနေတာကြာပါပြီ၊ သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လာရောက်ပြင်ဆင်ပေးခြင်း မရှိသေးပါဘူး၊ ဒီလမ်းဟာ ကျောင်းရှေ့လမ်းဖြစ်သလို ကျွန်တော်တို့ ရပ်ကွက်နဲ့ တာချီလိတ်မြို့ရဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းလဲဖြစ်ပါတယ်။ မိုးရွာသွန်းပြီဆိုတာနဲ့ ချိုင့်တွေ ကျင်းတွေကို ကားဆိုင်ကယ်တွေ လူတွေက ကွေ့ရှောင်သွားကြရတဲ့အခါ လူကြီးတွေအတွက် သိပ်ပြဿနာမရှိပေမယ့် ကျောင်းသား၊ကျောင်းသူတွေအတွက် အခက်အခဲဖြစ်စေပါတယ်၊ ဒါ့ကြောင့် အခုလို နေပွင့်တုန်းလေးမှာ နိုင်ငံရေးပါတီတစ်ခုက ၆စီး၊ ရပ်ကွက်က စုပေါင်း ထည့်ဝင်ငွေနဲ့ ၄စီး၊ စုစုပေါင်း ကျောက်မြေ ၁၀စီးကို ၀ယ်ယူပြီး ယာယီအားဖြင့် ကျင်းတွေ ချိုင့်တွေကို ဖို့ထားရပါတယ်"ဟု ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

{ ရွှေမြေသာယာဈေးသို့ အသွားလမ်း၊ တော်ကော့[အတွင်း]}

 { တော်ကော့[အတွင်း]လမ်း အ၀င် }

အလားတူပင် တော်ကော့(အတွင်း)ကျေးရွာနေ ပြည်သူတစ်ဦးကလည်း "ဒီလမ်းက ဗိုလ်ချုပ်လမ်းနဲ့ ရွှေမြေသာယာဈေးကို ဆက်သွယ်ထားတဲ့လမ်းပါ၊ မိုးရွာတဲ့အခါ ဗွက်တွေက ၉လက်မ ၁၀လက်မလောက်အထိ ရှိတယ်၊ ကားတွေဆို မောင်းရင်းနဲ့လည်ထွက်မသွားအောင် အတော်သတိထားရတယ်၊ ဆိုင်ကယ်တွေ လမ်းလျှောက်တဲ့ လူတွေဆို ပိုဆိုးတာပေါ့၊ ဒါ့ကြောင့် အခု ကျောက်မြေ တစ်စီးကို ၁၀ဘီးကားနဲ့ဆို ဘတ်၈၀၀၊ ဒိုင်နာနဲ့ဆိုရင် ဘတ် ၅၀၀ ပေးဝယ်ပြီး ကိုယ့်အိမ်ရှေ့လေးကို တတ်နိုင်သလောက်လေး ခင်းကျင်းနေတာပါ၊ ငွေပေါလို့တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့်လည်း ကိုယ့်အိမ်ရှေ့လေးလဲ လမ်းသာအောင် သွားတဲ့လာတဲ့ သူတွေလဲ အဆင်ပြေရအောင် တတ်နိုင်သလောက်လေး လုပ်ပေးနေရတာပေါ့၊ သက်ဆိုင်ရာက လာလုပ်ပေးရင်တော့ ၀မ်းသာရမှာပေါ့"ဟု နေပူကျဲကျဲထဲတွင် မြေဖို့ရင်း ရင်ဖွင့်သွားရှာပါသည်။

{ ရန်အောင်မြေ အ.မ.က ကျောင်းရှေ့တွင် ပါတီနှင့်ရပ်ကွက်မှ စုပေါင်းကာ ပြုလုပ်ထားပုံ}

{ ရန်အောင်မြေ ဘုရားကြီးကျောင်းရှေ့}

သို့ဖြစ်ပါသောကြောင့် ဆိုးရွားစွာ ပျက်စီးနေသော တာချီလိတ်မြို့တွင်း လမ်းများအား တတ်နိုင်သရွေ့ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။
သတင်းပေးပို့သူ။           ။ မောင်ယဉ်ကျေး

မှတ်ချက် ။             ။တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ရပ်ကွက်သား/သူများ၏ သတင်းပေးမှုကြောင့် သွားရောက်၍ ပျက်စီးနေသော လမ်းများအား မှတ်တမ်းတင်ခဲ့ရာ ပျက်စီးယိုယွင်းနေလျှက်ရှိသည့် လမ်းများမှာ ပါလျှံ၊ တရုတ်ဘုံကျောင်းကြီး လမ်းတစ်လျှောက်၊ ရန်အောင်မြေ အ.မ.ကကျောင်းရှေ့၊ ရွှေမြေသာယာဈေးအသွား၊ တော်ကော့(အတွင်း) နှင့် အ၀င် လမ်း၊ တို့ကို တွေ့ရှိခဲ့ရပြီး အာခါဈေးလမ်းအတွင်းမှာ ပျက်စီးယိုယွင်းနေမှုများရှိနေကြောင်းသိရသော်လည်း အဆိုပါနေရာသို့ သွားရောက်၍ မှတ်တမ်းမတင်မိခဲ့ပါ။

မှတ်တမ်း ဓါတ်ပုံများကိုကြည့်ရန်
အရပ်ကူ၍ လူဝိုင်းပါ၊ ထင်သာ မြင်သာ လမ်းပြင်စရာ
26 photos

Tuesday, July 30, 2013

ဇူလိုင်လ ၂၉ ရက် ညပိုင်းနှင့် ၃၀ ရက်နေ့ အာရုံတက်ချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တာချီလိတ်မြို့ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အား နယ်ခြားမျဉ်းအဖြစ် ဖြတ်သန်းစီးဆင်းလျှက်ရှိသော မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနှင့်အတူ မြို့တွင်းဖြတ်သန်းစီးဆင်းလျှက်ရှိသော နမ့်ယွန်းချောင်း၊ ဆန်ဆိုင်းချောင်းနှင့် မယ်ခေါင်ချောင်းများအတွင်း တောင်ကျရေများ စီးဆင်းလာမှုတို့ကြောင့် တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်ရပ်ကွက်များနှင့် ပါလျံကျေးရွာတို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။


"တောင်ပေါ်မှာ မိုးရွာရင် တောင်ကျရေတွေ စီးဆင်းလာပြီး၊ ရေကြီးတတ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောရမှာပါ၊ အထူးသဖြင့်တော့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ရေလွှမ်းမိုးမှုတွေ ဖြစ်တတ်ပါတယ်။ ၃ နှစ်မှာ တစ်ကြိမ် ထူးထုးခြားခြား ရေကြီးတတ်ပါတယ်၊ ၂၀၀၄ ခုနှစ်ကဆိုရင် ကားတွေ တိရိစ္ဆာန်တွေတောင် ရေထဲမျောပါသွားတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်၊ ကျွန်တော်တို့ ငယ်ငယ်က မယ်ဆိုင်ချောင်းက တော်တော်ကျယ်ပါတယ်၊ ပေ ၁၈၀ လောက်ကိုရှိမယ်ဗျ၊ အခုတော့ တိုးတိုးပြီး အိမ်တွေဆောက်လာကြတာ ခုမြင်တဲ့အတိုင်းပဲ ပေ ၃၀လောက်ပဲ ရှိတော့တယ်၊ ဒီတော့ ချောင်းရေလျှံမှုတွေ ဖြစ်လာတာပါဘဲ"ဟု ဒေသခံ တစ်ဦးမှ ပြောကြားလာပါသည်။

အဆိုပါ ရေလွှမ်းမိုးမှုခံရသော နေရာများအား တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။


"ဇူလိုင် ၂၉ ညပိုင်းနဲ့ ၃၀ ရက် နံနက်ပိုင်းမှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်က ၄.၁၅ လက်မရှိပါတယ်။ မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေဟာ ဒီကနေ့ နံနက် ၈ နာရီအချိန် တိုင်းထွာချက်အရ ၃၁၆ စင်တီမီတာရှိပါတယ်။ တာချီလိတ်မြို့ရဲ့ စိုးရိမ်ရေမှတ်က ၄၆၀ စင်တီမီတာဖြစ်တဲ့အတွက် လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် အသင့်အနေအထား စီမံထားပါတယ်၊ ဒီနေ့ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ ချောင်းရေအမြင့်ဟာ ၃၀၉ စင်တီမီတာအထိ ကျဆင်းသွားပြီမို့ စိုးရိမ်စရာမရှိတော့ပါဘူး၊ တာချီလိတ်မြို့ရဲ့ စိုးရိမ် ရေမှတ်က ၄၆၀ စင်တီမီတာဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး၊ သို့သော်လည်း ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေအတွက် လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ အသင့်အနေအထားနဲ့ စီမံထားပါတယ် "ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးက တာချီလိတ်အွန်လိုင်းသို့ ရှင်းလင်းပြောကြားသွားပါသည်။
သတင်းပေးပို့သူ။     ။ မောင်ယဉ်ကျေး

ပုံများကိုကြည့်ရန်
မယ်ဆိုင်ချောင်းနှင့်နီးစပ်ရာ တာချီလိတ်မြို့ရှိရပ်ကွက်များ၌ ရေလျှံ
71 photos

Saturday, July 27, 2013

မဲခေါင်မြစ်ဝှမ်းဒေသ ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်အဖြစ် တာချီလိတ်နယ်စပ်ကုန်သည်များအသင်းနှင့် ထိုင်းနိုင်ငံ (၄)ခရိုင် ကုန်သည်များ၏ မဲခေါင်မြစ်ဝှမ်းဒေသ (၃)နိုင်ငံ လေ့လာရေးအစီအစဉ်အား ဇူလိုင်လ(၂၇)ရက်နေ့က ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဌ ဦးဋ္ဌေးအောင် ခေါင်းဆောင်သော ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ Chiang Rai, Nan, Phayao နှင့် Phrae (၄)ခရိုင်တို့မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများပါဝင်သော လေ့လာရေးအဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေး တံတားမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Khaungမြို့ မဲခေါင်မြစ်ဆိပ်ကမ်းသို့ ရောက်ရှိကြရာ Mae Khong Delta ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုကြပြီး မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စီးပွားရေးအခွင့်အလမ်းများအား ရှင်းလင်းပြောကြားပါသည်။

{ အေပ်ာ္စီး သေဘာၤေပၚမွ}

{ လာအိုနိုင်ငံ ကော့ဒွန်းစောင်းကျွန်း ဆိပ်ကမ်း}

{ မြန်မာ-ထိုင်း အမှတ်တရ }

ထို့နောက် လေ့လာရေးအဖွဲ့သည် Mae Khong Delta ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောဖြင့် ထွက်ခွာလာပြီး လာအိုနိုင်ငံ ကော့ဒွန်းစောင်းကျွန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ၊ မိန်းမော ကုန်သွယ်မှုစခန်းနှင့် မြန်မာနိုင်ငံ ၀မ်ပုံဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။    ။ မောင်ယဉ်ကျေး

ပုံများကိုကြည့်ရန်
မြန်မာ-ထိုင်း ကုန်သည်များ မဲခေါင်မြစ်ဝှမ်းဒေသသို့ သွားရောက်လေ့လာ
23 photos