Latest News

Dropdown Menu

Showing posts with label ဖွင့်ပွဲများ. Show all posts
Showing posts with label ဖွင့်ပွဲများ. Show all posts

Wednesday, March 20, 2013

၂၀၁၃ခုနှစ် မတ်လ(၁၉)ရက်နေ့က တော်ဝင်မြန်မာမိသားစုမှ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံပြီး
ဆောက်လုပ်လှူဒါန်းထားတဲ့ သီရိစိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်းဆောင်သစ်ကို ဖွင့်ပွဲအဖြစ်
ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့တုန်းက တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှာ အင်အား(၆.၈)ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့မှုကြောင့် တာလေမြို့နယ်ခွဲ သီရိကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကြီး ပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပြိုကျပျက်စီးသွားတဲ့ နေရာမှာ တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်၊ အမှတ်(၆/၈၂)နေ  ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင်မြန်မာမိသားစု ) မှ (100x60)ပေ အကျယ်အ၀န်းရှိတဲ့ အဆောက်အဦးကို တန်ဖိုးငွေ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရားရှိခိုးကျောင်းကို စတင်ဆောက်လုပ်ရန်အတွက် ၂၀၁၁ခုနှစ် ဧပြီလ(၃)ရက်နေ့က အုတ်မြစ်ချခဲ့ကြတယ်လို့လည်း သိရပါတယ်။



ဘုရားရှိခိုးကျောင်းကို ဖွင့်ပွဲအဖြစ်ပြုလုပ်ရာ ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ အလှူရှင် ဦးကြည်မြင့် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

{တော်ဝင်မြန်မာမိသားစု}

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း(၃၀၀၀)ကျော် တက်ရောက်လာခဲ့ကြပြီး တက်ရောက်လာခဲ့ကြတဲ့ ဧည့်သည်တော်များကို နေ့လည်စာဖြင့် ဧည့်ခံကာ ကံစမ်းမဲများလည်း ဖောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပုံများကိုကြည့်ရန်

Sunday, June 17, 2012

လွန်ခဲ့သော တစ်နှစ်ကျော်ရဲ့ (၂၄.၃.၂၀၁၁)ည၌ လှုပ်ခတ်သွားသော အင်အားကြီးငလျင်ဒဏ်ကြောင့် တာလေမြို့နယ်ခွဲတွင် အဆောက်အဦများ ပြိုလဲပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ ထို့နောက်တွင် သက်ဆိုင်ရာဌာနအသီးသီးနှင့် ဒေသခံလူများဖြင့် ပြန်လည်တည်ထောင်ရေးများ ဆက်လက် လုပ်ကိုင်နေလျှက်ရှိရာ i Love Myanmar မိသားစုမှ တာချီလိတ်သို့ လာရောက်၍ ဆောက်လုပ်လှူဒါန်းထားသော အာခါနှစ်ခြင်းဘုရားကျောင်း (၃)ကျောင်းကို ၁၆.၆.၂၀၁၂ နှင့် ၁၇.၆.၂၀၁၂ တို့တွင် ဒေသဆိုင်ရာဌာနအသီးသီးမှ လူကြီးမင်းများအပါအ၀င် တာဝန်ရှိသူများနှင့် ဖွင့်လှစ်ခဲ့ကြသည်။

i Love Myanmar မိသားစုမှ ဆောက်လုပ်လှူဒါန်းထားသော အာခါနှစ်ခြင်းဘုရားကျောင်းဖွင့်ပွဲ၏ ပထမနေ့( ၁၆.၆.၂၀၁၂)တွင် တာချီလိတ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ၊ တာချီလိတ် စည်ပင်ဗိုလ်မှူး ဦးကိုကို အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူပေါင်း၍ i Love Myanmar မိသားစုတို့မှ ထိုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

၁၆.၆.၂၀၁၂ တွင် တာချီလိတ်မြို့ ရန်ကုန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ခဲ့သည်။

i Love Myanmar မိသားစုအနေဖြင့် ဘုရားကျောင်း(၃)ကျောင်း ဆောက်လုပ်လှူဒါန်းသည်ဖြင့်ရာ ၁၆.၆.၂၀၁၂ တွင် ဘုရားကျောင်း(၁)ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး ၁၇.၆.၂၀၁၂တွင် ဘုရားကျောင်း(၂)ကျောင်းကို တစ်နေ့တည်းဖွင့်လှစ်ပေးခဲ့သည်။

၁၇.၆.၂၀၁၂ တွင်ပြုလုပ်သော အာခါနှစ်ခြင်းဘုရားကျောင်း(၂)ကျောင်းဖွင့်ပွဲကို လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ၊ တာချီလိတ် စည်ပင်ဗိုလ်မှူး ဦးကိုကို အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူပေါင်း၍ i Love Myanmar မိသားစုတို့မှ ထိုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

၁၇.၆.၂၀၁၂ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု လောတာရွာရှိ အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်မှာတော့ လောတာရွာအနီးမှ ပန်အန်ရွာ၌ တည်ဆောက်ထားသော အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။

လောတာရွာတွင်နေထိုင်ကြသော ကျေးရွာသူ ကျေးရွာသားများဖြစ်ကြသည့် အာခါတိုင်းရင်းသားဦးရေ( ၁၃၀ ) ကျော်ရှိပြီး ပန်အန်ရွာ၌ အာခါတိုင်းရင်းသားများအပါအ၀င် လူဦးရေ ( ၂၈၀ )ကျော်ရှိကြောင်းသိရသည်။


{ရန်ကုန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}

{လောတာကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}

{ပန်အန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}

{အခမ်းအနားသို့ တက်ရောက်လာကြသူများ}

{ အဆိုတော် ထူးအယ်လင်းမှ ဓမ္မသီချင်းသီဆိုနေစဉ်}

ထိုဖွင့်ပွဲသို့ ရန်ကုန်မှ i Love Myanmar မိသားစု နှင့်အတူ အဆိုတော် ထူးအယ်လင်း လိုက်ပါလာခဲ့ပြီး အခမ်းအနားဖွင့်ပွဲတစ်လျှောက်တွင် ဓမ္မသီချင်းကို ဂစ်တာတီး၍ သီဆို ၀တ်ပြုခဲ့သည်။ ထို့အပြင် MRTV မှ ရိုက်ကူးရေးအဖွဲ့ဝင်များလည်း လိုက်ပါလာခဲ့ကြသည်။ ၎င်းတို့သည် ၁၈.၆.၂၀၁၂တွင် တာချီလိတ်မြို့မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရပါသည်။

i Love Myanmar ရဲ့ လုပ်ဆောင်ချက်များနှင့် i Love Myanmar အကြောင်းကို သိလိုပါက ၎င်းတို့၏ Facebook တွင် သွားရောက်လေ့လာနိုင်သည်။
Facebook
: www.facebook.com/ilovemyanmar

ပုံများကို ကြည့်လိုပါက အောက်တွင်နိပ်ပါ


တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net

Tuesday, May 29, 2012

၃၀.၅.၂၀၁၂ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်စည်ပင်ဝန်ကြီးဦးတူးမောင် နှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့အပြင် ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး စသည့် သက်ဆိုင်ရာဌာနအသီးသီးမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်ရ ရှမ်းပြည်နယ် စည်ပင်ဝန်ကြီးဦးတူးမောင်၊ အထက်မြန်မာပြည် အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းကြွယ် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်တို့မှ ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အမှာစကားအဖြစ်ပြောကြားခဲ့ကြသည်။

အမှာစကားပြောကြားရာ၌ (၃)ဦးလုံး၏ အမှာစကားများကို ကောက်နှုတ်ဖော်ပြရသော် မည်သည့်လုပ်ရပ် မျိုးဖြစ်စေကာမှု မီဒီယာများသည် မှန်ကန်ခြင်း နှင့် မြန်ဆန်မှု၌ သတင်းပြန့်မှုက မြန်ဆန်အားသာနေကြောင်း ထို့ကြောင့် ကျောင်း၌ အကြောင်းမဲ့အဖိုးအခများကို ကောက်ခံခြင်းမပြုစေရန်၊ အလှူခံခြင်းမပြုစေရန် အလှူရှင်များက လှူဒါန်းလိုပါက သိုသိုသိပ်သိပ်လက်မခံစေပဲ အခမ်းအနားဖြင့် လက်ခံပေးနိုင်ပါက ပို၍ ကောင်းမွန်ကြောင်းနှင့် ပညာရေး၌ ကလေးများရဲ့ ပညာရေးအတွက် တစ်ဦးချင်းစီ၏ အရည်အချင်းများကို စီစစ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်ရန်လိုကြောင်း စသည့်ဖြင့် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ရ .
  • အ.ထ.က(တာချီလိတ်)၊
  • အ.ထ.က(ဆန်ဆိုင်း)၊
  • အ.ထ.က(ခွဲ)ဟောင်လိတ်၊
  • အ.လ.က(ခွဲ)ပုန်းထွန်၊
  • အ.မ.က(တာလော့)
စသည့်ကျောင်းများအတွက် အလှူရှင်များမှ လှူဒါန်းသော စာရေးကရိယာများနှင့် အလှူငွေများကို တာချီလိတ်မြို့နယ်ပညာရေး ကော်မတီဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးရဲထူးမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပါသည်။














နံနက်(၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာပြီးစီးစေခဲ့ပါသည်။

အလှူရှင်များစာရင်း
  • ၁ အ.ထ.က(ဆန်ဆိုင်း) ---> ဦးသိန်းဝင်း ( လက်ကီးဘော့စ်မိတ္တူ )---> 200,000 ကျပ်
  • ၂ အ.ထ.က(ဆန်ဆိုင်း)---> ဦးမြင့်ထူး မိသားစု---> 100,000 ကျပ်
  • ၃ အ.ထ.က(ဆန်ဆိုင်း)---> ဦးထွန်းမြတ်ဝင်း မိသားစု---> 100,000 ကျပ်
  • ၄ အ.ထ.က(ဆန်ဆိုင်း)---> ဦးစိုင်းလာ မိသားစု---> 100,000 ကျပ်
  • ၅ အ.ထ.က(ဆန်ဆိုင်း)---> ဒေါ်လွင်ဖြိုးအိ မိသားစု---> 100,000 ကျပ်
  • ၆ အ.လ.က(ခွဲ)ပုန်းထွန်---> ဦးမြင့်ဌေး(စခန်းမှူး)+ဒေါ်သီတာအောင်---> 529,000 ကျပ်
  • ၇ အ.ထ.က(ခွဲ)ဟောင်လိတ်---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 1,164,000 ကျပ်
  • ၈ အ.ထ.က(ခွဲ)ဟောင်လိတ်---> ကျောင်းသားမိဘများ---> 158,000 ကျပ်
  • ၉ အ.မ.က(တာလော့)---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 800,000 ကျပ်
  • ၁၀ အ.မ.က(တာလော့) --->ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို( ဟိုတယ်တာချီလိတ်)---> 1,350,000 ကျပ်
  • ၁၁ အ.မ.က(တာလော့)---> ကျောင်းသားမိဘများ---> 80,000 ကျပ်
  • ၁၂ အ.မ.က(တာလော့) ---> ဦးစိုင်းယီရှဲန်---> 80,000 ကျပ်
  • ၁၃ အ.ထ.က(တာချီလိတ်)---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 500,000 ကျပ်
  • ၁၄ အ.ထ.က(တာချီလိတ်)---> ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို (ဟိုတယ်တာချီလိတ်)--->1,580,000 ကျပ်
  • ၁၅ အ.ထ.က(တာချီလိတ်)---> ဦးအောင်အောင်+ဒေါ်အားလမ် ပါလျှံ(၃)၊ အမိန်ရအပေါင်ဆိုင် 1,000,000 ကျပ်
စုစုပေါင်း စာဖြင့် ( ခုနှစ်ဆယ့်ရှစ်သိန်းလေးသောင်းတစ်ထောင် ) 7,841,000 ကျပ်တိတိ
ပုံများကို ပြည့်စုံစွာကြည့်လိုလျှင်

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်း စာမျက်နှာ
www.tachileik.net

Monday, April 16, 2012


ယနေ့ဟာ မြန်မာ့သင်္ကြန်အတက်နေ့ဖြစ်သည်။ သင်္ကြန်အတွင်း၌ လူတို့သည် ကောင်းမူကုသိုလ်များ ပျော်စရာများလည်း လုပ်တတ်ကြ၏။

ယနေ့ မနက်မှစ၍ သင်္ကြန်အတက်နေ့အတွက် ဓါတ်ပုံရိုက်ထွက်ရာ ဧရာဝတီဘဏ်ရှေ့တွင် တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ မုန့်ကြာစေ့ စတုဒီသာကျွေးမွေးနေတာကိုတွေ့လိုက်ရသည်။ ၎င်းတို့အဖွဲ့သည် ပျော်ပျော်ပါးပါး လုပ်ဆောင်နေကြပြီး လာသမျှကားများကို တား၍ စတုဒီသာများကို ပေးကမ်းကြသည်သဖုံ လမ်းသွားလမ်းလာလူများကို ပေကမ်းကြသည်က တမည်။ ပျော်စရာကောင်းသော အလှူတစ်ခုဖြစ်လေသည်။

အလင်းရောင် ပရဟိတအဖွဲ့မှ စတုဒီသာကျွေးမွေး
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ထို့နောက်မှာတော့ ရွှေတိဂုံအောက်ဖက်တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း မုန့်လုံးရေပေါ်စတုဒီသာကျွေးရန်အတွက် အုန်းသီးခြစ်သူများ၊ ထန်းလျက်ခြမ်းသူများ၊ မုန့်လုံး လုံးနေသူများဖြင့် ပျော်ပျော်ပါးပါး လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ခဲ့ရသည်။ အလှူနှင့်ပတ်သက်လျှင် လူတို့သည် စိတ်ကိုပျော်ရွှင်၍ တက်ကြွစွာ လုပ်ဆောင်တတ်လေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတုဒီသာမဏ္ဍပ်
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ယနေ့ဟာ သင်္ကြန်အတက်နေ့ဖြစ်တာကြောင့် လူအများ ရေပတ်ခံထွက်ကြသည်ကို တွေ့ရသည်။ ပျော်ပျော်ပါးပါး စီးတော်ယာဉ်အမျိုးမျိုးဖြင့် သွားလာပျော်မြူးနေကြတာကိုလည်း တွေ့ရ၏။ :)
သုံးဘီးဖြင့် ပျော်ပျော်ပါးပါး ရေပတ်ခံထွက်နေကြပုံ
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အနီးစပ်ဆုံးဖြစ်သော ပုန်းထွန်ချောင်းကို ရောက်သွားတော့ ထိုင်စရာနေရာ မရှိလောက်အောင် အလည်လာသူတွေ များနေကြသည်။ မယ်ဟုတ်ချောင်းသို့သွားသော လမ်းများ ပြည့်ကျပ်နေသည်ဟုလည်း ကြားရ၏။ ယနေ့ ပုန်းထွန်ချောင်းသို့ ရောက်ခဲ့ပြန်ရာ ထိုချောင်းတွင် မိသားစုများ ကလေးငယ်များ ချစ်သူရည်းစားများ စသည်ဖြင့် အုပ်စုလိုက်ပျော်ပါးနေကြသည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်းလှပေသည်။
ပုန်းထွန်ချောင်း
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


တာချီလိတ်မြို့ရှိ ရပ်ကွက်များ စစ်တပ်များ ဌာနဆိုင်ရာမှ ယိမ်းအဖွဲ့များစုစုပေါင်း (၁၄)ဖွဲ့ဟာ သင်္ကြန်အတွင်း ယိမ်းအကပြိုင်ကြရာ ကော်မတီမှ ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် (၁၁)ဖွဲ့ကို နှစ်သိမ့်ဆုပေးအပ်ပြီး ကျန်(၃)ဖွဲ့ကိုတော့ ပထမဆု၊ ဒုတိယဆု၊ တတိယဆု အဖြစ် ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆.၄.၂၀၁၂ တနလာင်္နေ့ ညနေ ၆နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ည(၈)နာရီဝန်းကျင်တွင် မဏ္ဍပ်ပိတ်ပွဲဖြင့် အခမ်းအနားကို အောင်မြင်စွာ သိမ်းခဲ့ကြသည်။

ဆုချီးမြှင့်ပေးရာတွင်
  • ပထမဆု ( ၈ )သိန်းကျပ်
  • ဒုတိယဆု ( ၆ )သိန်းကျပ်
  • တတိယဆု ( ၄ )သိန်းကျပ်
  • နှစ်သိမ့်ဆု ( ၂ )သိန်းကျပ်
တို့ဖြင့် အသီးသီးဆုငွေချီးမြှင့်ပေးခဲ့ကြသည်။


ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးမှ ပထမဆုရသော ပိတောက်ရွှေရည်ယိမ်းအဖွဲ့ အား ဆုငွေချီးမြှင့်နေစဉ်
* * * * *
ပထမဆုရသော ပိတောက်ရွှေရည်ယိမ်းအဖွဲ့
* * * * *

ဒုတိယဆု ရရှိသည့် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့
* * * * *

ဆုပေးပွဲအခမ်းအနားမစတင်မှီ နေရာယူနေကြစဉ်
* * * * *

မကာဟိုခမ်းယိမ်းအဖွဲ့
* * * * *



{{ဆုပေးပွဲအခမ်းအနား ဗီဒီယို}}

ယနေ့(၁၆.၄.၂၀၁၂) သင်္ကြန်အတက်နေ့ ဓါတ်ပုံများ ကြည့်ရန် ( ကြည့်လိုသည်ကို နိပ်ပါ)

မြန်မာ့နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
Tachileik
www.tachileik.net