Latest News

Dropdown Menu

Showing posts with label ကျိုင်းတုံ. Show all posts
Showing posts with label ကျိုင်းတုံ. Show all posts

Saturday, February 22, 2014

ပေငါးထောင်ကျော် ခြောက်ထောင်နီးပါး တောင်တန်းကြီးများကို ဖြတ်သန်းကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့်လမ်းမို့ တဖက်မှာက တောင်ကမ်းပါးယံ၊ တဖက်မှက နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတွေ ၊ ဒီလမ်းမျိုးမှာ မော်တော်ကားစီးရသည်မှာ အသည်းယားဘွယ်ကောင်းလှပေမယ့် တောင်စွယ်တောင်တန်းများကို လှပစွာ ထုဆစ်ပုံဖော်ထားသည့် လှေကားထစ် လယ်ယာ စိုက်ခင်းလေးများကလဲ ရှုမ၀နိုင်သည့် သဘာဝအလှမို့ ကြောက်စိတ်နှင့်ကြည်နူး
စိတ်က ဒွန်တွဲလို့နေသည်။

{ နှစ်တစ်ရာအိမ်ကြီး }

စာရေးသူတို့ သွားရောက်နေသည့် ခရီးကတော့ ရှမ်းဘာသာဖြင့် လွိုင်မွေဟုထင်ရှားသည့် နှင်းတောင်မြို့လေးဆီသို့ဖြစ်သည်။ လွိုင်မွေ တောင်စခန်းမြို့လေးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်ကျိုင်းတုံနှင့် မိုင် ၂၀အကွာတွင် တည်ရှိနေပြီး ထင်ရှားလှပသည့် တောင်စခန်းမြို့လေးဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေတွင်တည်ရှိကာ  မြို့တည်သက်တမ်းအားဖြင့် နှစ်ရာပြည့်ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့သည့် သက်တမ်းရင့်မြို့လေးဟုလည်း သတ်မှတ်နိုင်ပါမည်။

{ ချယ်ရီပင်တန်း }

လွိုင်မွေမြို့လေးအား ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ထက်တိုင် ကိုလိုနီခေတ်လက်ရာ အုတ်တိုက်နီနီလေးများဖြင့် သာယာလှပသော တောင်စခန်းမြို့လေးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့လာ လည်ပတ်ကြသည့် ဥရောပဆန်သော မြို့လေးလည်းဖြစ်ပေသည်။ ထင်းရှူး ၊ ယူကလစ် ၊ ချယ်ရီ ၊ မက်မန်း ၊ ပင်စိမ်း ၊ သစ်တော် ၊ မက်မွန်ပင်များဖြင့် ၀န်းရံထားပြီး တိမ်ပြာပြာတို့ထိစပ်နေသော လွိုင်မွေမြို့လေး၏ အထူးတင်ရှားသော သင်္ကေတကား နှစ်တစ်ရာအိမ်ကြီးဟု လူသိများသည့်  ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးဖြစ်လေသည်။ ရှေးယခင်က အင်္ဂလိပ်အရေးပိုင်မင်း နေထိုင်ခဲ့သည့် အိမ်ဟု ဒေသခံများကပြောကြားသည့် ယင်း
နှစ်တစ်ရာအိမ်ကြီးမှာ ၁၉၁၈ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးထိုးထားသည့် မော်ကွန်းစာအရသိရှိရပေသည်။

{ မက်မွန်ပင်နှင့်မက်မွန်သီးကင်းလေးများ }

ထုထည်ခိုင်ခန့်စွာဖြင့် တည်ဆောက်ထားကာ ယနေ့ခေတ်လို သံထည်များမပါပဲ ကျောက်တုံးကြီးများ၊ မြေအုတ်များဖြင့် လှပသေသပ်စွာ တည်ဆောက်ထားပြီး တောင်ပေါ်ဒေသ အလွန်အေးချမ်းသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ အခန်းတိုင်းတွင် မီးလင်းဖိုကြီးများကို ထည့်သွင်းစီမံထားလေသည်။ အထူးအားဖြင့် လွိုင်မွေမြို့လေးကို အပေါ်စီးမှရှုမြင်နိုင်သည့် တောင်ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ထားသည်မို့ မြို့လေး၏ အလှကိုလည်း တစိမ့်စိမ့်ကြည့်ရှုနိုင်လေသည်

{ ပင်စိမ်းပင် }

နှစ်တစ်ရာအိမ်ကြီး တည်ရှိရာ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည်နှင့် သန့်ရှင်းလတ်
ဆတ်သော လေလေးကို သင်းပျံ့သော ထင်းရှူးနံ့ ၊ ယူကလစ်နံ့တို့နှင့်အတူ ရှူရှိုက်လိုက်ရသည်မို့ လန်းဆန်းတက်ကြွသွားစေမှုကလည်း ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ဥရောပသား ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့လာကြခြင်းဖြစ်ပေမည်။

{ လွိုင်မွေဒေသထွက် နှစ်ချို့ဝိုင် }

ထို့အပြင် လွိုင်မွေဒေသ၏ ထင်ရှားသော အမှတ်သင်္ကေတကား ဒေသထွက် သစ်သီးများဖြင့် စီမံ ဖော်စပ်ထားသည့် ၀ိုင်မျိုးစုံပင်ဖြစ်သည်။ ယနေ့ခေတ်လို ဓာတုဗေဒပစ္စည်းမျိုးစုံ အရောအနှောတွေဖြင့် အစားအစာမျိုးစုံကို ထုတ်လုပ်နေကြချိန်ဝယ် လွိုင်မွေဒေသထွက် ချယ်ရီ ၊ သစ်တော် ၊ မက်မန်း ၊ ပင်စိမ်း ၊ မက်မွန် ၊ စတော်ဘယ်ရီ ၊ နာနတ်စသည့် သန့်ရှင်းလတ်ဆတ်သော သဘာဝသီးနှံများဖြင့် ရှေးရိုးစဉ်လာ နည်းပညာအတိုင်း ထုတ်လုပ်ထားသည့် နှစ်ချို့ဝိုင်လေးများကား ချိုမြမြရှိန်းတိန်းတိန်းလေးဖြင့် သောက်သုံးသူတို့နှစ်ခြိုက်ကြသည့် လိွုင်မွေဒေသ ထွက်ကုန်လည်းဖြစ်ပေသည်။

{ ချယ်ရီပန်း }

သို့မို့ကြောင့်လည်း လှပသော တောတောင်သဘာဝကိုခံစားကာ လတ်ဆတ်သော လေကောင်းလေသန့်ကိုရှူရိုက်ရင်း နှစ်ခြို့ဝိုင်လေးများ၏ ချိုရှရှအရသာကိုခံစားနိုင်စေဖို့အတွက် လွိုင်မွေတောင်စခန်းမြို့လေးနှင့် နှစ်တစ်ရာအိမ်ကြီးအား တခါတခေါက်လာရောက်လည်ပတ်ကာ အပန်းဖြေအနားယူနိုင်ကြပါစေကြောင်း ဖိတ်ခေါ်ရေးသားလိုက်ရပါတော့သည်။

ဆောင်းပါးရှင်။ ။မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, October 29, 2013

၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက်၊ နံနက် ၄နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တဆင့် မိုင်းလားသို့  ကျွန်း နှင့် ပိတောက်သားများ တရားမ၀င်သယ်ဆာင်လာသော ကားနှစ်စီးအား ယန်းလှပူးပေါင်းဂိတ်၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ကျိုင်းတုံမှ မိုင်းလားသို့  သစ်များအား တရားမ၀င်သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး နှင့် မြို့နယ်ဦးစီးမှူးတို့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ
စောင့်ဆိုင်းနေကြစဉ် နံနက် ၄နာရီအချိန်ခန့်၌ သတင်းရရှိထားတာနှင့်အညီ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော သစ်များတွင် ဆယ်ဘီးကားထဲမှ ပိတောက်သစ်ခွဲသား ၂၈ချောင်း ( ၀.၃၄၂၂ တန်)၊ ပိတောက်သစ်လုံး ၂လုံး ( ၀.၁၉၆၈ တန် )၊ ကျွန်းသစ်ခွဲသား အချောင်း ၅၀ ( ၀.၂၂၆၄ တန် )၊ ပိတောက်ဓါးရွေး ၁၃၉ ချောင်း ( ၃.၄၈၉၂ တန် )၊ ပိတောက်တိုင် ၁၀၇ချောင်း ( ၁.၉၂ )တန် တို့အား တွေ့ရှိရပြီး ဆယ့်နှစ်ဘီးကားပေါ်တွင် ပိတောက်သစ်လုံး ၂၈လုံး ( ၆.၄၃၇ တန် )၊ ပိတောက်သစ်ခွဲသား ၂၆ ချောင်း ( ၄.၀၅၈ တန်)၊ တမလန်းသစ်လုံး ၁၅ လုံး ( ၁.၉၁၁ တန် )၊ ပိတောက်တိုင် ၄ တိုင် ( ၀.၂၁၉ တန် )၊ တမလန်းတိုင် ၁ တိုင် ( ၀.၀၁၂၀ တန် ) တို့အား သိမ်းဆည်းရမိပြီး စုစုပေါင်း တန်ချိန်မှာ ၁၈တန်ကျော် ရှိကြောင်းသိရသည်။

"ကားနှစ်စီးပေါင်းကို ၁၈ တန်ကျော်တယ်ဆိုတော့ ရှမ်းအရှေ့မှာတော့ မြို့ထဲမှာ သစ်ဖမ်းမိတဲ့ ဖြစ်ရပ်တွေထဲမှာ ဒီဖြစ်စဉ်ကတော့ တန်ချိန်အများဆုံးပဲ"ဟု ကျိုင်းတုံမြို့နေ သစ်တောနှင့် နီးစပ်သူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"ယာဉ်မောင်း နဲ့ ကားထဲက သစ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းရမိတယ်၊ ပိုင်ရှင်ဘယ်သူဆိုတာတော့ မသိရသေးဘူး၊ သတင်းပေးတဲ့လူရှိလို့ သစ်တောဦးစီးဌာနက လူကြီးကိုယ်တိုင် တစ်ညလုံး သွားစောင့်ဖမ်းတာ မနက် ၄နာရီလောက်မှ ဖမ်းမိတယ်လို့ ကြားပါတယ်"ဟု ကျိုင်းတုံသား တစ်ဦးမှ တာချီလိတ်အွန်လိုင်း သို့ ပြောပြသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, April 21, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လူမှုကူညီရေးအသင်း များစွာရှိသည့်အနက် "မဟာအနှစ်"အသင်း၏ ရင်သွေး "နှလုံးလှပိုင်ရှင်များ" (အခမဲ့)လူမျိုးမရွေးဘာသာမရွေး လူမှုကူညီရေးအသင်းရုံးကို ဖွင့်လှစ်ပွဲအဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း နှင့် ဌာနဆိုင်ရာများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ နှင့် တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသူ/သားများအပါအ၀င် "မဟာအနှစ်"အသင်းသူ/သားများ တက်ရောက်လာခဲ့ကြတာကို တွေ့ရသည်။ ဖွင့်ပွဲ၌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ နှင့် "နှလုံးလှပိုင်ရှင်များ" (အခမဲ့)လူမျိုးမရွေးဘာသာမရွေး လူမှုကူညီရေးအသင်းသို့ ကားနှစ်စီးလှူဒါန်းသူ ဦးသိန်းထွန်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


"မဟာအနှစ်"အသင်း၏ ရင်သွေး "နှလုံးလှပိုင်ရှင်များ" (အခမဲ့)လူမျိုးမရွေးဘာသာမရွေး လူမှုကူညီရေးအသင်းမှ  ရုံးဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲပြုလုပ်ရန်အတွက် ဖိတ်ကြားထားခြင်းခံရသော နာရေးကူညီမှုအသင်း(ရန်ကုန်)  ဥက္ကဌ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆက်(IR)တို့သည် ကျိုင်းတုံလေဆိပ်သို့ ရောက်ရှိလာကြပြီး  အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တဆက်တည်း သွားရောက်ပြီး ယခုလို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အခမ်းအနား၌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း နှင့်  နာရေးကူညီမှုအသင်း(ရန်ကုန်)  ဥက္ကဌ ဦးကျော်သူ တို့က အမှာစကားပြောကြားခဲ့ကြပြီး အဆိုပါအသင်းမှ တာဝန်ရှိသူများက အသင်း၏လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်စကားများပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး "နှလုံးလှပိုင်ရှင်များ" (အခမဲ့)လူမျိုးမရွေးဘာသာမရွေး လူမှုကူညီရေးအသင်းသို့ သာရေး/နာရေး လူမှုအကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကားနှစ်စီးကို ဦးသိန်းထွန်း+ဒေါ်မိုးမိုးအေး မိသားစုတို့က လှူဒါန်းခဲ့ကြတာကိုလည်းတွေ့ရသည်။


ထို့နောက်မှာတော့ ည(၈)နာရီချိန်တွင် ကျိုင်းတုံမြို့ရှိ ကောင်းမှုခမ်းကျောင်းတိုက်မှာ စာပေဟောပြောပွဲကို ကျင်းပရာ အဆိုပါဟောပြောပွဲ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)  ဥက္ကဌ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆက်(IR)တို့ နှစ်ဦးက ဟောပြောခဲ့ကြရာ ပရိသတ် အများအပြားလာရောက် နားဆင်ခဲ့ကြကြောင်း သိရသည်။

ပုံများကိုကြည့်ရန်



Saturday, February 23, 2013

ဖေဖော်ဝါရီလ(၃)ရက်နေ့က ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားကျေးရွာများမှာ မိုးသီးဒဏ်ခံရပြီး
 နေအိမ်တစ်ချို့ပျက်စီးမှုများဖြစ်သွားခဲ့တာကြောင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ကူညီလှူဒါန်းမှုများ ပြုလုပ်နေလျှက်ရှိရာ တာချီလိတ်မြို့ကမဇ္ဈိမလူမှုကူညီရေးအသင်းကလည်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။


မိုးသီးဒဏ်ခံရတဲ့ တိုင်းရင်းသားကျေးရွာများကို သွားရောက်ရာမှာ ကျိုင်းတုံမြို့ရှိ လူမှုရေးကူညီစောင့်ရှောက်မှုအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးစိုင်းတွီက လမ်းပြပို့ဆောင်ပေးပြီး မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ဥက္ကဌ ဦးတင့်ဆွေ နဲ့ အသင်းဝင်များ၊ အလင်းရောင်ပရဟိတအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန် နဲ့ အသင်းဝင်တစ်ချို့အပါအ၀င် တာချီလိတ်မြို့မှ
စေတနာရှင်အလှူရှင်များ စုစုပေါင်း (၃၅)ဦးတို့ကသွားရောက် ခဲ့ကြတာဖြစ်ပါတယ်။


မိုးသီးဒဏ်ခံရတဲ့ ကျေးရွာအုပ်စုများမှာ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ၀ပ်ဆောင်းကျေးရွာအုပ်စုတို့ ဖြစ်ပြီး ကျေးရွာများမှာ (၁၈)ရွာခန့်ရှိပါတယ်။ (၁၈)ရွာပေါင်း အိမ်ခြေမှာ(၉၁၃)အိမ်ခန့်ရှိပြီး ပျက်စီးဆုံးရှုံးမှုမှာ ဘုန်းကြီးကျောင်းများ နဲ့ နေအိမ်တစ်ချို့ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
လူမှုရေးကူညီစောင့်ရှောက်မှုအသင်း(ကျိုင်းတုံ)က ဖေဖော်ဝါရီလ(၄)ရက်နေ့မှ(၆)ရက်နေ့အထိ သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့  အလင်းရောင်ပရဟိတအသင်းတို့က ဖေဖော်ဝါရီ(၂၀)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့  အလင်းရောင်ပရဟိတအသင်းတို့သွားရောက်လှူရာမှာ ကတ်တောင်ကျေးရွာအုပ်စုမှာရှိတဲ့ ၀မ်လောင်ရွာ ၀မ်လောင်ဘုန်းကြီးကျောင်း ကို  နှစ်သိန်းငါးသောင်းခြောက်ထောင်ကျပ် နဲ့ ကျေးရွာအတွက် ရွာသူကြီး ဦးနန်ဆိုင်း ကို ငါးသောင်းကျပ်အပါအ၀င် ဒုက္ခရောက်နေတဲ့ ရှမ်းအဖွားအို တစ်ယောက်အတွက် ငါးသောင်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။

ဆက်လက်ပြီး ၀မ်ပေါင်ဘုန်းကြီးကျောင်းကိုလည်း ကျပ်နှစ်သိန်းငါးရာနဲ့ ဘတ်တစ်ရာအပြင် ကျေးရွာသူကြီး ဦးစိုင်းယီ ကို ကျပ်ငါးသောင်း လှူဒါန်းခဲ့ပြီး ၀မ်ဆောင်းရွာက ဘုန်းကြီးကျောင်းကိုလည်း ကျပ်တစ်သိန်းနဲ့ဘတ်နှစ်ဆယ် အပြင် ကျေးရွာသူကြီး ဦးနန်ယီ ကို ကျပ်ငါးသောင်း လှူဒါန်းခဲ့ကြပါတယ်။ အသင်းနှစ်သင်းနဲ့ အလှူရှင်များရဲ့ စုပေါင်းလှူဒါန်းမှုမှာ ကျပ်သိန်း(၇၅၁၅၀၀)ကျပ် နဲ့ ဘတ်ငွေ(၁၂၀)ဘတ်တို့ဖြစ်ကြပါတယ်။

 မိုးသီးဒဏ်သင့်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများအပါအ၀င် အိမ်ခြေ(၉၁၃)အိမ်အနက် အုတ်ကြွပ်မိုးအိမ်များအားလုံးနဲ့ ထိုင်းဘိလပ်မြေပြား အချပ်ကြီးမိုး အိမ်များ ဘုန်းတော်ကြီးကျောင်းအားလုံးနီးပါး ပျက်စီးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ထိခိုက်မှုကို ပြန်လည်ထူထောင်ရာမှာ ငွေကြေးတတ်နိုင်သူတစ်ချို့က အမိုးများကို ချက်ချင်း ပြုပြင်နိုင်ကြပေမဲ့လည်း ငွေကြေးအင်အားနည်းပါးသူတို့အနေဖြင့် ရုတ်တရက်မပြုပြင်နိုင်သေးတာကို  တွေ့ခဲ့ရပြီး ၀မ်လောင်ဘုန်းကြီးကျောင်းကတော့ ယနေ့အထိ ပေါက်နေတဲ့ အမိုးများကို ပြုပြင်နိုင်ခြင်း မရှိသေးတာကို တွေ့ခဲ့ရပါတယ်။

ပုံများကိုကြည့်ရန်
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ စွံဆပ်ကုန်း၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားအနီးမှာရှိတဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီး  ရှင်အရဟံမထေရ်မြတ် နဲ့အနော်ရထာမင်းမြတ်တို့ရဲ့  ရုပ်တုတော် ဖွင့်ပွဲ၊ ရေစက်ချပွဲအဖြစ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။



အခမ်းအနားမှာ တာချီလိတ်မြို့က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ
ကျောင်းထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့အပြင် ကျိုင်းတုံမြို့က ပင့်ဖိတ်ထားတဲ့ဘုန်းကြီးကျောင်း (၄၈)ကျောင်းအနက် (၄၅)ကျောင်းမှ ဓမ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။ ကြွရောက်လာတဲ့ ဆရာကြီးတော်များကို အာရုံဆွမ်းကပ်ခဲ့ကြပြီး နံနက်(၆း၅၅)နာရီမှာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ အလင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေတို့က ရုပ်တုတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက စက်ခလုတ်နိပ်ကာ ကမ္မည်းကျောက်စာကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။


ဖွင့်လှစ်မှုအစီအစဉ်အပြီးမှာတော့ ပင့်ဖိတ်ထားတဲ့ ဆရာတော်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများအပါအ၀င် အလှူရှင်များ နဲ့ တာချီလိတ်မြို့က အလှူရှင်များအစုံအလင်တို့က လှူဖွယ်အစုစုတို့အတွက် ရေစက်ချအမျှဝေခဲ့ကြပါတယ်။


ကျိုင်းတုံမှာ ထုလုပ်ကိုးကွယ်ပူဇော်ထားတဲ့ ရှင်အရဟံမထေရ်မြတ်နဲ့အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ကို၂၀၁၂ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၂၂)ရက်နေ့မှာ ရုပ်တုတော်ထုလုပ်မှုပြီးစီးခဲ့ပါတယ်။ ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ရန်အတွက် ကျိုင်းတုံမြို့ရှိ အလှူရှင်များက ကျပ်ငွေ နှစ်ဆယ့်တစ်သိန်းခြောက်သောင်းခြောက်ထောင်ကျပ် နဲ့ တာချီလိတ်မြို့က
အလှူရှင်များမှလည်း တစ်ဆယ့်သုံးသိန်းခြောက်သောင်းကျပ်တို့ကို လှူဒါန်းခဲ့ပြီး လင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက ကျပ်ငွေ သိန်းတစ်ရာ့သုံးဆယ်ခုနှစ်ထောင့်ရှစ်ရာငါးကျပ် ကို လှူဒါန်းခဲ့ပါတယ်။ ရုပ်တုတော်ထုလုပ်မှုနဲ့ ပြင်ဆင်မှုအပြီးအစီးကို စုစုပေါင်း ကျပ်သိန်း တစ်ရာ့ခြောက်ဆယ့်ငါးသိန်းနှစ်သောင်းခုနှစ်ထောင့်ရှစ်ရာငါးကျပ် အကုန်အကျခံကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါရုပ်တုတော်ကိုထုလုပ် ကိုးကွယ်ပူဇော်ရခြင်းနဲ့ပတ်သက်ပြီး မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက "မြန်မာနိုင်ငံရဲ့ သာသနာအစ ကျေးဇူးရှင်ကြီးများကို အားကျအတုယူစေလိုတဲ့ စိတ်များပေါ်လာစေရန်နဲ့ ကျေးဇူးရှင်တို့ကို ကျေးဇူးမမေ့ပဲ ကျေးဇူးတရားကို အမြဲတမ်း သတိတရဖြစ်ပေါ်နေစေလိုတဲ့ ဆန္ဒ၊ ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ်တတ်စေလိုတဲ့ အသိစိတ်ဓါတ်များ ရှိစေရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကျေးဇူးရှင်တို့ရဲ့ ပုံတော်ကို အခုလို ထုလုပ် ကိုးကွယ်ပူဇော်ရခြင်းဖြစ်ပါတယ်"လို့ ပြောကြားလာပါတယ်။


ကျိုင်းတုံမြို့မှာ အဆိုပါရုပ်တုတော်ကို ပူဇော်ခြင်းအနေဖြင့်လည်း ကျိုင်းတုံမြို့က မဟာအနှစ်(လူငယ်)အသင်း၊ တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ အလင်းရောင်ပရဟိတအသင်းတို့ စုပေါင်းပြီး တိပိဋကဓရ ဆရာတော်ကြီး(၃)ပါးနဲ့ (၄)ညတိုင်တိုင် တရားပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့သော ၂၀၁၁ခုနှစ်အတွင်းက မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် တာချီလိတ်မြို့က အလှူရှင်များမှ ထေရ၀ါဒကျေးဇူးရှင်တို့ရဲ့ ရုပ်တုတော်ကို တာချီလိတ်မြို့ရှိ ရွှေတိဂုံကုန်းတော်ပေါ်မှာ ထိုင်းဘတ်ငွေ တစ်သိန်းကိုးသောင်း ခုနှစ်ထောင်ဘတ်တိတိအကုန်အကျခံပြီး ထုလုပ်ပူဇော်ခဲ့ပြီးနောက် ဒုတိယနေရာအဖြစ် ကျိုင်းတုံမြို့မှာ အခုလို ထုလုပ်တည်းထားကိုးကွယ်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နဲ့တာလေမြို့နယ်ခွဲမှာလည်း ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

ပုံများကိုကြည့်ရန်


Monday, February 11, 2013

ကျိုင်းတုံမြို့ စွံဆပ်ကုန်း၊ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ထည်ထားကိုးကွယ်ထားလျှက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီးဖြစ်တဲ့ ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော် ရေစက်ချပွဲ နှင့် အထူးတရားပွဲကို ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက် အင်္ဂါနေ့ နံနက်(၆)နာရီမှာ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ရေစက်ချမင်္ဂလာကို ပြုလုပ်မှာဖြစ်ပြီး အထူးတရားပွဲကိုတော့ ၁၈.၂.၂၀၁၃ မှ ၂၁.၂.၂၀၁၃ထိ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးတရားပွဲသို့ တိပိဋကဓရ ဆရာတော်ကြီး သုံးပါးမှ လာရောက်တရားဟောကြားမှာဖြစ်ကြောင်းသိရပါတယ်။


ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ပူဇော်ပွဲ (ဒုတိယအကြိမ်မြောက်)အဖြစ် ပြီးခဲ့သော ဇန်န၀ါရီ(၂၉)ရက်နေ့က တာချီလိတ်မြို့မှာ အထူးတရားပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်တုတော်ကို တာချီလိတ်ရွှေတိဂုံကုန်းတော်ပေါ်မှာ ဦးစွာ တည်ထားကိုးကွယ်တာဖြစ်ပြီး ဒုတိယအနေဖြင့် ကျိုင်းတုံမြို့မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ ဆက်လက်ပြီး မိုင်းဖြတ်၊ တာလေမှာလည်း ရုပ်တုတော်ကို တည်ထားကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းသိရပါတယ်။


အဆိုပါရုပ်တုတော်ကို ဦးဆောင်တည်ထားကိုးကွယ်သူ မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ ကို ရုပ်တုတော်အား တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍  ဆက်သွယ်မေးမြန်းရာမှာ "မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ စစ်အမှန်ပေါ့၊ စလာကတည်း အရှင်နှစ်ပါးကြောင့် သာသနာပေါ်ခဲ့တာ။ ရှင်အရဟံရဲ့ ကျေးဇူးတရား နဲ့ အနော်ရထာမင်းမြတ်ရဲ့ ကျေးဇူးတရားကို သိတတ် မြင်တတ်ဖို့ပါ၊ အနော်ရထာမင်းဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ထေရ၀ါဒ ကို ခံယူထားတဲ့ ဥပသကာအစစ်ပေါ့၊ နောင်လာနောင်သားတွေအနေနဲ့လည်း ဒီအရှင်နှစ်ပါးရုပ်တုကို မြင်လိုက်တာနဲ့ ဒါဘာပုံလည်းဆိုတာကို မေးနေစရာမလိုအောင် သိမြင်နေအောင်ပေါ့၊ ထေရ၀ါဒရဲ့ ကျေးဇူးတရားကို အထူးသိအောင် ရည်ရွယ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျေးဇူးတရားကို သိတတ်ဖို့ သိရုံနဲ့လည်း မပြီးဘူး ကျေးဇူးဆပ်တတ်ဖို့လည်းလိုတယ်လေ၊ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ထေရ၀ါဒကျေးဇူးရှင် အရှင်နှစ်ပါး ရုပ်တုကို အခုလို တည်ထားတာပါ"လို့ ပြောကြားလာပါတယ်။

ပုံများကိုကြည့်ရန်