Latest News

Dropdown Menu

Showing posts with label NLDရပ်/ကျေးရုံး. Show all posts
Showing posts with label NLDရပ်/ကျေးရုံး. Show all posts

Monday, December 3, 2012

နိုဝင်ဘာ(၂၈)ရက်မှ နိုဝင်ဘာ(၃၀)ရက်နေ့ထိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာလေမြို့နယ်ခွဲ နှင့် ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများမှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။



နိုဝင်ဘာ(၂၈)ရက်နေ့က တာလေမြို့နယ်ခွဲရှိ အဖွဲ့ချုပ်အဖွဲ့ဝင်(၁၁)ဦးမှ  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် စာရင်းပေးသွင်းလာရာ (၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးလေးမြင့်၊ ဒု-ဥက္ကဌအဖြစ် ဦးနန်ကျန်း၊ အတွင်းရေးမှူးအဖြစ် ဦးကျော်စန်းယု နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဆွေ တို့က တာဝန်ယူဆောင်ရွက်ကြောင်း သိရှိရပြီး တာလေမြို့နယ်ခွဲမှာ ရုံးခန်းဖွင့်လှစ်ရန် စီစဉ်လျှက်ရှိကြောင်း ထပ်မံသိရှိရပါတယ်။

နိုဝင်ဘာ(၂၉)ရက်နေ့မှာလည်း ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျိုင်းလပ်အုပ်စုနှင့် ကျခမ်းကျောက်အုပ်စု တို့မှာ ရပ်/ကျေးရုံးဖွင့်ပွဲအပြင်  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါတယ်။


ကျိုင်းလပ်အုပ်စုမှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက်  ၀င်ရောက်ရွေးချယ်သူ (၁၁)ဦးဖြစ်ရာ (၁၁)ဦးကို ရွေးချယ်ပြီး (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးခင်မောင်ဇော်၊ ဒု-ဥက္ကဌအဖြစ် ဦးမိုင်အွန်၊ အတွင်းရေးမှူးအဖြစ် ဦးရဲဝင်းအောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးမိုင်ငင်း တို့က တာဝန်ယူပြီး ထူးခြားမှုအနေဖြင့် ယခုပြုလုပ်သော အခမ်းအနား၌ အင်အား(၇၀)ဦးမှာ အလုံးအရင်းဖြင့် အဖွဲ့ချုပ်သို့ စာရင်းပေးသွင်း၍ ၀င်ရောက်လာခဲ့ကြကြောင်း သိရှိရပါတယ်။


ဆက်လက်၍ ထိုနေ့မှာပင် ကျခမ်းကျောက်အုပ်စုတွင် ရပ်/ကျေးရုံးဖွင့်ပွဲအပြင်  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူ အင်းအား(၁၀၀)ခန့်ထဲမှ လုပ်အမှုဆောင်ရွေးချယ်ရန်အတွက် အဖွဲ့ချုပ်အဖွဲ့ဝင်(၁၁) ဦးစာရင်းပေးသွင်းလာရာ (၁၁)ဦးကို အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်လိုက်ပြီး  (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးဝေယံဖြိုး၊ ဒု-ဥက္ကဌအဖြစ် ဦးနေလင်အောင်၊ အတွင်းရေးမှူးအဖြစ် ဦးဟိန်းထက်ကို နှင့် အတွင်းရေးမှူးအဖြစ် ဒေါ်လေဘဲကာ တို့က တာဝန်ယူထမ်းဆောင်မှာဖြစ်ကြောင်း သိရှိရပါတယ်။


ဗဟိုမှ သတ်မှတ်ထားထားသော ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း စီမံချက်ရဲ့ နောက်ဆုံးနေ့မှာ နိုဝင်ဘာ(၃၀)ရက်ဖြစ်ပါတယ်။ သတ်မှတ်ရက်၏ နောက်ဆုံး အခမ်းအနားကိုတော့ ကျိုင်းလပ်မြို့နယ်ခွဲ မိုင်းပါလျိုးအုပ်စုမှာ ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

မိုင်းပါလျိုးအုပ်စု၌ ရုံးဖွင့်ပွဲနှင့်အတူ  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ပြုလုပ်ရာ အင်အား(၁၃၀)ခန့် တက်ရောက်လာခဲ့ကြပြီး အလုပ်အမှုဆောင် ရွေးချယ်ရန်အတွက် (၁၅)ဦး စာရင်းတင်သွင်းရာ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးဒေးဗစ်၊ ဒု-ဥက္ကဌအဖြစ် ဦးအိုက်ဆိုက်၊ အတွင်းရေးမှူးအဖြစ် ဦးအားဆောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းအွန်ခမ်း တို့က တာဝန်မှာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Tuesday, November 27, 2012

နိုဝင်ဘာ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုန်းထွန်ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ ၎င်းတို့၏ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားမှာ ပုန်းထွန်ရပ်ကွက်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ (၆၅)ဦး တက်ရောက်လာခဲ့ကြပြီး (၆၄)ဦးက  အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် မဲထည့်ခဲ့ကြတာကို တွေ့ရှိရပါတယ်။

အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် ပါဝင်ရွေးချယ်ခံ (၁၄)ဦးထဲမှ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ထားသော(၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျော်ဆွေ၊ ဒု-ဥက္ကဌအဖြစ် ဒေါ်အေးအေးချို၊ အတွင်းရေးမှူးအဖြစ် ဦးဟန်စိုး နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းချောလွင် တို့မှ တာဝန်ယူခဲ့ကြပါတယ်။

ပြီးခဲ့သော နိုဝင်ဘာ(၂၅)ရက်နေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၃)မှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။


အဆိုပါ ရွေးချယ်ခြင်းအခမ်းအနားမှာ မိုင်းကိုးကျေးရွာအုပ်စုရှိ အဖွဲ့ချုပ်အဖွဲ့ဝင်(၃၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံ(၁၈)ဦးမှ (၁၁)ဦးကို အလုပ်အမှုဆောင်များအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရပါတယ်။ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ထားသော (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျာရင်၊ ဒု-ဥက္ကဌအဖြစ် ဦးအားမူ၊ အတွင်းရေးမှူးအဖြစ် ဒေါ်အားဒေါ့ နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးထွန်းနိုင် တို့က တာဝန်ယူလျှက်ရှိကြောင်း သိရပါတယ်။

ဆက်လက်၍  တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ(၂၈)ရက်နေ့မှ နိုဝင်ဘာ(၃၀)ရက်နေ့ထိ တာလေမြို့နယ်ခွဲဘက်တွင်လည်း ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားများ ပြုလုပ်ဖို့ရန်ရှိကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Saturday, November 24, 2012

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀မ်ကောင်းရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာ(၂၅)ရက်နေ့ နံနက်(၁၁)နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါရွေးချယ်ခြင်းအခမ်းအနားမှာ ၎င်းတို့ဖိတ်ကြားထားသော အဖွဲ့ချုပ်ဝင်(၂၇)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ(၂၇)ဦးထဲမှ (၂၆)ဦးက အလုပ်အမှုဆောင်ရွေးချယ်ခံရန်အတွက် (၁၂)ဦးကို မဲစနစ်အရ ရွေးချယ်ခဲ့ကြတာကို တွေ့ရပါတယ်။ (၁၂)ဦးကို ရွေးချယ်ပြီးနောက်မှာတော့ (၉)ဦးကို ထပ်ရွေးချယ်ခဲ့ကြပြန်ပါတယ်။



အလုပ်အမှုဆောင်အတွက် ရွေးချယ်ထားသူ(၉)ဦးထဲမှာမှ  (၄)ဦးကို ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှုး နှင့် ဘဏ္ဍာရေးမှုးအဖြစ် ဆက်လက်၍ ရွေးချယ်သတ်မှတ်ရာမှာ ဥက္ကဌ အဖြစ် ဦးအောင်နိုင်ထွန်း၊ ဒု-ဥက္ကဌအဖြစ် ဦးကျော်ဇင်ဝင်း၊ အတွင်းရေးမှုးအဖြစ် ဦးသောင်းစိုး နှင့် ဘဏ္ဍာရေးမှုးအဖြစ် ဒေါ်စိုးဥမ္မာတို့ကို ရွေးချယ်ခဲ့ကြပါတယ်။



ဆက်လက်ပြီး တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျန်ရှိနေသေးသော အဖွဲ့ချုပ်၏ ရပ်/ကျေးရုံးများတွင်လည်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနားများကို ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Friday, November 23, 2012

နိုဝင်ဘာ(၂၃)ရက်နေ့က တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မယ်ခေါင်ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်တို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
နေ့လည်ပိုင်းတွင်ပြုလုပ်သော မယ်ခေါင် ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစီအစဉ်၌ အလုပ်အမှုဆောင်အဖြစ် မယ်ခေါင်ရပ်ကွက်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင် (၇)ဦးလုံး ရွေးချယ်ခံရာမှာ ရွေးချယ်ခံ(၇)ဦးအနက် ဥက္ကဌအဖြစ် ဦးမြင့်အောင်၊ ဒု-ဥက္ကဌအဖြစ် ဦးဇော်လတ်၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ဌေးဌေး တို့အား ဆန္ဒသဘောတူညီချက်အရ ရွေးချယ်ခဲ့ကြကြောင်း သိရှိရပါတယ်။
ဆက်လက်၍ ညနေ့ပိုင်းတွင် ပြုလုပ်သော မကာဟိုခမ်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားတွင် အလုပ်အမှုဆောင်များအဖြစ် ၀င်ရောက်ရွေးချယ်ခံသူ(၁၄)ဦးအနက် (၁၁)ဦးကို အများသဘောတူညီချက်ဆန္ဒအရ ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံရသူများမှ ပြန်လည်၍ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး နှင့် ဘဏ္ဍာရေး တာဝန်များ ခန့်အပ်ရန်အတွက် ရွေးချယ်ပြန်ရာ ဥက္ကဌအဖြစ် ဦးစိုင်းစွံဆိုင်း၊ ဒု-ဥက္ကဌအဖြစ် ဦးအေးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းလုံစံခတ် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဆိုင်ဟန် တို့ကို ရွေးချယ်သတ်မှတ်ခဲ့ကြပါတယ်။

ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်းအတွက်  ၀မ်ကောင်း၊ မိုင်းကိုးကျေးရွာအုပ်စု၊ လွယ်တော်ခမ်းအုပ်စု၊ တာလေ နှင့် ပါလျှိုး/ကျိုက်လပ်တို့ ကျန်ရှိနေသေးကြောင်း သိရှိရပြီး အဆိုပါရွေးချယ်ခြင်းနဲ့ပတ်သက်၍ ဗဟိုမှညွှန်ကြား သတ်မှတ်ချက်ကာလမှာ နိုဝင်ဘာ(၃၀)ရက်နေ့ထိ နောက်ဆုံးထားပြုလုပ်ရန်ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Thursday, November 22, 2012

တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို ဗဟို၏ ညွှန်ကြားချက်ဖြင့် နိုဝင်ဘာလမကုန်မီ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကျင်းပနေကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့က ဆန်ဆိုင်းရပ်ကွက်ရှိ  NLDပါတီ၏ ရပ်/ကျေးရုံး၌ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ အလုပ်အမှုဆောင်များအဖြစ် ပါဝင်ရွေးချယ်ခံသူ(၁၄)ဦးမှ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံ(၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးဌေးဝင်း၊ ဒု-ဥက္ကဌအဖြစ် ဦးဝင်းမောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းခမ်းလျှဲန် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်မြင့်စိန်တို့ က တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ(၂၁)ရက်နေ့မှာလည်း အထက်ပါနည်းအတိုင်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို NLDပါတီ၏ တာလော့ ရပ်/ကျေးရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။ တာလော့ရပ်ကွက်တွင် NLDပါတီဝင် ဦးရေမှာ(၁၁)ဦးသာရှိသေးတာကြောင့်  အလုပ်အမှုဆောင်များ အဖြစ် ပါဝင်ရွေးချယ်ရာ (၄)ဦးမှာ ခရီးလွန်နေတဲ့အတွက် ကျန်(၇)ဦးဖြင့်သာ ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံရသူ(၇)ဦးအနက် ဥက္ကဌအဖြစ် ဦးရဲနီထွန်း၊ ဒု-ဥက္ကဌအဖြစ် ဦးစိုင်းဆိုင်တွီ၊ အတွင်းရေးမှူးအဖြစ် ဦးမြတ်အေး နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးသန်းထွန်းတို့ က တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာ(၂၂)ရက်နေ့မှာလည်း ဟောင်လိတ်ကျေးရွာအုပ်စုရှိ NLD ရပ်/ကျေးရုံးမှာ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို  ပြုလုပ်ခဲ့ကြရာ ရွေးချယ်ခံ(၁၆)ဦးအနက် (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံ(၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးဝင်းစွမ်၊ ဒု-ဥက္ကဌအဖြစ် ဦးကျော်လွင်ဦး(ခ)ဦးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်တင့်၊ ဘဏ္ဍာရေးမှုးအဖြစ် ဦးအားရယ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။

အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းကျ မဲပေးစနစ်ဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များမှ မဲပေးကြပြီး အများရှေ့တွင်  မဲများကို ရေတွက်ဖတ်ကြားကာ မဲအများဆုံး အလုပ်အမှုဆောင်/အဖွဲ့ဝင်များ အဖြစ် သတ်မှတ်ခဲ့ကြတာတွေ့ရှိရပါတယ်။

ဆက်လက်၍ နိုဝင်ဘာလ မကုန်မီ  ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို ကျန် ရပ်/ကျေးရုံးများတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Tuesday, November 13, 2012

နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်(၉း၁၅)နာရီက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်/ကျေးရုံး(၅)ရုံးမြောက်ကို မကာဟိုခမ်းရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးမှာပဲ မကာဟိုခမ်းရပ်/ကျေးရုံးအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။



အဆိုပါ အခမ်းနားမှာ တာချီလိတ်မြို့နယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌ ဦးရဲနီထွန်း နှင့် မကာဟိုခမ်း ရပ်/ကျေးရုံး ဥက္ကဌ ဦးစိုင်းစွံဆိုင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဗဟိုညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ ဥက္ကဌ ဦးတင်ဦးမှပေးပို့သော သ၀ဏ်လွှာအား ဦးစိုင်းလုံစံခတ်မှ ဖတ်ကြားစေခဲ့ပါတယ်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မြင့်ဝင်းမှ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းရာမှာ ယခုကဲ့သို့ ရပ်/ကျေးရုံးခန်းများ ဖွင့်လှစ်ဖို့ရာအတွက် ရပ်ကွက်(၃)ရပ်ကွက်ဖြစ်သော ၀မ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် ဖွင့်ရန်ကျန်ရှိပြီး ကျေးရွာအုပ်စုများအနေဖြင့် မိုင်းဖုန်း(က)နှင့်(ခ)၊ မိုင်းဟဲ နှင့် ဖန်မင်တို့ဖြစ်ကြပြီး မြို့နယ်ခွဲများဖြစ်တဲ့ တာလေမြို့နယ်ခွဲ့ နှင့် ကျိုင်းလပ်မြို့နယ်ခွဲတို့တွင်လည်း ကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။

အခမ်းအနားကို နံနက်(၁၀း၁၅)နာရီမှာပင် ပြီးမြောက်စေခဲ့ပြီး တက်ရောက်လာသော အဖွဲ့ချုပ်ဝင်များ ဧည့်သည်တော်များမှာ (၁၂၀)ခန့်ရှိကြောင်း တွေ့ရှိရပါတယ်။



တာချီလိတ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး ရပ်/ကျေးရုံးကိုတော့ ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့က ဟောင်လိတ်ကျေးရွာအုပ်စု မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

Monday, October 15, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၆)ရက်နေ့ နံနက်(၉း၁၅)နာရီ မှ နံနက်(၁၀)နာရီထိ တာချီလိတ်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ (၄)ရုံးမြောက် ရပ်/ကျေးရုံးခန်းဖွင့်ပွဲကို ပုန်းထွန်ရပ်ကွက်မှာ ပြုလုပ်ခဲ့ကြပါတယ်။



ဆိုင်းဘုတ်တင်ခြင်းနဲ့ရုံးဖွင့်ပွဲအခမ်းအနားမှာ အဖွဲ့ချုပ်မှ တာချီလိတ်မြို့နယ် ဥက္ကဌ ဦးရဲနီထွန်း နဲ့ ပုန်းထွန် ရပ်/ကျေးရုံး ဥက္ကဌ ဦးရဲထွန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ရှမ်းပြည်နယ်ညီလာခံကျင်းပရေးကော်မရှင် မှ ဦးဘခင် နဲ့ ဦးစိုင်းဝင်းမြင့်တို့က  မြန်မာဘာသာ သျှမ်းဘာသာဖြင့် အမှာစကားများပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါရုံးရဲ့ ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့က သ၀ဏ်လွှာဖတ်ကြားခြင်း ကျေးဇူးတင်စကားပြောကြား စသည်တို့ဖြင့် အခမ်းအနားပြီးမြောက်စေခဲ့ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုန်းထွန်ရပ်/ကျေးရုံးရဲ့ ဥက္ကဌအဖြစ် ဦးရဲထွန်းလွင် နဲ့ အတွင်းရေးမှူးအဖြစ် ဦးနေမျိုးထွေးတို့က တာဝန်ယူထားတယ်လို့ သိရပါတယ်။



တာချီလိတ်မြို့မှာ စက်တင်ဘာလက စပြီး NLD ရဲ့ ရပ်/ကျေးရုံးခန်းများကို ဖွင့်လှစ်လာခဲ့ကြရာ ယခုဆိုလျှင် (၄)ရုံးမြောက်ဖြစ်ပါတယ်။


ဖွင့်လှစ်ခဲ့ပြီးသော NLD ရဲ့ ရပ်/ကျေးရုံးခန်းများမှာ
  • ၁) ဟောင်လိတ်ကျေးရွာအုပ်စု ရပ်/ကျေးရုံး ( ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက် )
  • ၂) မိုင်းကိုးကျေးရွာအုပ်စု ရပ်/ကျေးရုံး ( ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၇)ရက် )
  • ၃) ဆန်ဆိုင်း(ခ) ရပ်/ကျေးရုံး  ( ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၉)ရက် )
  • ၄) ပုန်းထွန် ရပ်/ကျေးရုံး   ( ၂၀၁၂ခုနှစ် အောက်တိုဘာ (၁၆)ရက် )
တို့ဖြစ်ကြောင်းသိရပါတယ်။


မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

Friday, September 28, 2012

၂၀၁၂ခုနှစ် စက်တင်ဘာ(၂၉)ရက်နေ့ နံနက်(၉)နာရီကနေ နံနက်(၁၀း၄၀)နာရီထိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ရပ်/ကျေးရုံးခန်းဖွင့်ပွဲကို ကျင်းပခဲ့ကြပါတယ်။



ရုံးခန်းဖွင့်ခြင်းနဲ့ ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားမှာ အဖွဲ့ချုပ်မှ တာချီလိတ်မြို့နယ် ဥက္ကဌ ဦးရဲနီထွန်း နဲ့ ဆန်ဆိုင်း(ခ) ရပ်/ကျေးရုံး ဥက္ကဌ ဦးဌေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။


အဆိုပါ အခမ်းအနားရဲ့ သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးစိုင်းဝင်းမြင့်၊ ဦးစိုင်းစွံဆိုင်း၊ ဦးစိုင်းဆိုင်တွီ တို့က ဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ခင်ဌေးဝင်းက ဆောင်ရွက်ပေးခဲ့ကြပါတယ်။


အခမ်းနားတွင် အမှာစကားပြောကြားခြင်းကို သဘာပတိ(ဦးစိုင်းဝင်းမြင့်) မှ ရှမ်းဘာသာစကားဖြင့် ပြောကြားပြီး သ၀ဏ်လွှာဖတ်ကြားခြင်း၊ ညီလာခံကျင်းပရေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်များရှင်းပြခြင်း နှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းမှ သင်ကြားခဲ့ရသော အကြောင်းအရာများကို ရှင်းပြခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်း စသည်တို့ကို အဖွဲ့ချုပ် အဖွဲ့ဝင်များက ရှင်းလင်းပြောကြားကြပါတယ်။


ဆန်ဆိုင်း(ခ)ရက်ကွက်ရှိ NLD ရပ်/ကျေးရုံး၏ ဥက္ကဌမှာ ဦးဌေးဝင်း ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဦးစိုင်းခမ်းလျန်က တာဝန်ယူထားတယ်လို့ သိရပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ အဖွဲ့ချုပ်ဝင်များနဲ့ ဧည့်သည်တော်များ အင်အား(၁၁၀)ခန့် ရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။


ယခုဖွင့်လှစ်သော ရပ်/ကျေးရုံးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ (၃)ရုံးမြောက်ဖြစ်ကြောင်း သိရှိရပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်လိုလျှင်

Thursday, September 27, 2012

စက်တင်ဘာ(၂၇)ရက်နေ့ နံနက်ပိုင်းမှာ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ရှင်း(၃)ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။



အဆိုပါအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များ၊ တာချီလိတ် ခရိုင်/မြို့နယ် ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ အပါအ၀င် မိုင်းကိုးကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ စုစုပေါင်း အင်အား(၂၅၀)ခန့် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရပါတယ်။


အခမ်းအနားအစီအစဉ်အရ ရုံးခန်းဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း နှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး သဘာပတိမှ အမှာစကားပြောကြားပါတယ်။ သဘာပတိများအဖြစ် ဦးစိုင်းလုံစံခတ်(သျှမ်းလူမျိုး)၊ ဦးဂျွန်လီ(လားဟူလူမျိုး) နှင့် ဦးအားဆီ(အာခါလူမျိုး)တို့က ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးတင်မြင့်ဝင်းက ဆောင်ရွက်ပေးခဲ့ပါတယ်။




ဆက်လက်ပြီး တာချီလိတ်ခရိုင်/မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးမှ ညီလာခံကျင်းပရေးကော်မရှင်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီးနောက် ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မခင်ဌေးဝင်းမှ လူငယ်ဖွံ့ဖြိုးရေးသင်တန်းတွင် သင်ကြားခဲ့ရပုံများနဲ့ ၎င်းဘာသာရပ်များကို ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။



ယနေ့(၂၇.၉.၂၀၁၂)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၄)နှစ်မြောက် တရားဝင်မှတ်ပုံတင်ခဲ့သော နေ့တစ်နေ့ဖြစ်ပါတယ်။ ထို့အတူ ယနေ့ဖွင့်လှစ်သော အဖွဲ့ချုပ်ရုံးခန်းသည်လည်း အဖွဲ့ချုပ်၏(၂၄)နှစ်မြောက်နေ့တွင် ဖွင့်လှစ်သည်ဖြစ်တာကြောင့် အထိမ်းအမှတ်သဖွယ်ဖြစ်စေခဲ့တယ်လို့ အဖွဲ့ချုပ်ဝင်တစ်ဦးက ပြောပါတယ်။

မှတ်တမ်းဓါတ်ပုံအစုံအလင်ကြည့်လိုလျှင်

Monday, September 17, 2012

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဟောင်လိတ်ကျေးရွာအုပ်စု၌
ရပ်/ကျေးရုံးခန်းဖွင့်ပွဲ နှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို နံနက်(၉း၄၅)တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။


၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၉း၄၅)အချိန်၌ ကျင်းပသော အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျိုင်းတုံမြို့၏ ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းဝင်းမြင့်၊ ကျိုင်းတုံမြို့နယ် ရုံးအဖွဲ့မှူး ဦးခင်မောင်ထွန်း၊ တာချီလိတ်မြို့မှ ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးဘခင်၊ တာချီလိတ်ခရိုင်ကော်မရှင်ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ တာချီလိတ်မြို့နယ်ကော်မရှင် ဥက္ကဌ ဦးရဲနီထွန်း၊ တာချီလိတ်မြို့နယ် ယာယီအတွင်းရေးမှူး ဦးစွံဆိုင်း၊ တာချီလိတ်မြို့နယ် ရုံးအဖွဲ့မှူး ဦးဌေးဝင်းအပါအ၀င် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ဝင်များ၊ ပါတီဝင်များ နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 

အခမ်းအနားမှူးအဖြစ် ဦးဌေးဝင်းမှ ဆောင်ရွက်ပြီး သဘာပတိအဖြစ် ဦးဘခင်၊ ဦးစွံဆိုင်း နှင့် ဦးစိုင်းလုံစံခတ် တို့က ဆောင်ရွက်ခဲ့ကြသည်။


ဦးဘခင်မှ အမှာစကားပြောကြားပြီးနောက် ဖဲကြိုးဖြတ်အစီအစဉ်ကို စတင်ခဲ့ကြသည်။ ဆက်လက်၍ သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ခရိုင်ညီလာခံကျင်းပရေး ကော်မရှင်မှ ရှေ့လုပ်ငန်းစဉ်အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး ရုံးခန်းဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ပြီးနောက်မှာတော့
 ဟောင်လိတ်ကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက်(၁၀း၄၁)တွင် ပြီးမြောက်စေခဲ့ပါသည်။
ယခုကဲ့သို့ ရပ်/ကျေးရုံးခန်း ဖွင့်ထားရခြင်းသည် ရပ်ကွက်/ကျေးရွာအုပ်စုများကို အမာခံထားပြီး မြို့နယ်မှသည် ခရိုင်/တိုင်း/ပြည်နယ် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခြင်းဟာ အလွန်အရေးပါသော စည်းရုံးရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရုံးဖွင့်ပွဲ သ၀ဏ်လွှာ၏ ဖော်ပြချက်မှ သိရှိရသည်

 
ဟောင်လိတ်ကျေးရွာအုပ်စု ရပ်/ကျေးရုံးခန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပထမဦးဆုံး ဖွင့်လှစ်သော ရုံးခန်းဖြစ်ပြီး ဆက်လက်၍လည်း အခြားရပ်ကွက်များ၌ ထိုကဲ့သို့ ရပ်/ကျေးရုံးခန်းများကို ဖွင့်လှစ်ရန်ရှိကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်