Latest News

Dropdown Menu

Showing posts with label NLDလူငယ်ကွန်ရက်. Show all posts
Showing posts with label NLDလူငယ်ကွန်ရက်. Show all posts

Monday, September 10, 2012

၂၀၁၂ခုနှစ် စက်တင်ဘာ(၁၀)ရက်နေ့၌ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူငယ်အဖွဲ့ဝင်များသည် နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတိုက်သို့ စာအုပ်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။


ညနေ(၂)နာရီချိန်တွင် ဟောင်လိတ်ကျေးရွာအုပ်စု၊ ရန်အောင်မြေ၊ ပါလျှံ(၂)ရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတိုက်သို့ ရှမ်းပြည်နယ် ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးဘခင် မှ ဦးဆောင်ပြီး တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူငယ်အဖွဲ့ဝင်များသည် ကျောင်းတိုက်ရှိ တိုင်းရင်းသား ရှင်သာမဏေ(၅၆)ပါးအား စာရေးကိရိယာ(ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်)များအား ပေးအပ်လှူဒါန်းခဲ့ကြသည်။


နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတိုက်တွင် ပညာသင်ကြားနေသော သာမဏေများမှာ
  • သူငယ်တန်း = ( ၄ ) ပါး
  • ပထမတန်း = ( ၆ ) ပါး
  • ဒုတိယတန်း = ( ၆ ) ပါး
  • တတိယတန်း= ( ၃ ) ပါး
  • စတုတ္ထတန်း = ( ၂၅ ) ပါး
  • ပဉ္စမတန်း = ( ၅ ) ပါး
  • ဆဋ္ဌမတန်း = ( ၇ ) ပါး
တို့ဖြစ်ကြပါသည်။

နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတိုက်သည် ကျောင်းတိုက်ရှိ တိုင်းရင်းသား ကလေးသူငယ်များ ၊ တိုင်းရင်းသား ရှင်သာမဏေများစသည်တို့ကို ပညာရေးနှင့်ပတ်သက်၍ ကွန်ပျူတာပညာသင်ကြားပေးခြင်း ၊ အင်္ဂလိပ်စာသင်ကြားပေးခြင်း နှင့် ကျောင်းပညာများသင်ကြားပေးခြင်းစသည့် ပညာများသင်ကြားပေးနေသော ပရဟိတကျောင်းတိုက်ဖြစ်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, September 3, 2012

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စက်တင်ဘာလ(၃)ရက်နေ့ နေ့လည် (၂)နာရီအချိန် တွင် တာချီလိတ်မြို့ရှိ ၀မ်ကောင်းရပ်ကွက်(ကချင်ရွာ) အခြေခံပညာမူလတန်းကျောင်းသို့ ပညာဒါနအဖြစ် စာရေးကိရိယာများ သွားလှူဒါန်းခဲ့ကြသည်။


ထိုကဲ့သို့သွားရောက်လှူဒါန်းရာ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်များ၊ တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ ၀င်များ စုစုပေါင်း အင်အား(၂၉)ဦးခန့်တို့သည် ပညာရေးအလှူဒါနအဖြစ် မူလတန်းကျောင်းသား ကျောင်းသူ(၃၂၁)ဦးအား ဗလာစာအုပ်(၁၃၄)ဒါဇင်၊ ခဲတံ(၆၄၂)ချောင်း၊ ခဲဖျက်(၃၂၁)ခုနှင့် ပေတံ(321)ချောင်းတို့အား သွားရောက် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။


တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပညာရေးဒါနအဖြင့် လှူဒါန်းသည်မှာ ယခုအကြိမ်ပါလျှင် (၃)ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

တတိယအကြိမ် ပညာရေးအလှူဒါန (TCL NLD) ရုပ်သံ

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, August 25, 2012

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့တွင် လျှပ်တပြက်မိုးကြီး ရေတက်လာခဲ့ရာဝမ်ကောင်းရပ်ကွက်ရှိ ချောင်းငယ်မှ ရေတက်လာမှုမျိုးဖြစ်ခဲ့သည့်အတွက် လူဦးရေ(၁၂၀)ခန့်သည် ရေတက်လာမှုကြောင့်ရေဘေးသင့်ဒုက္ခရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Link
ထိုရေဘေးသင့်နေရာများသို့ တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲနန္ဒာလင်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအ၀င် စေတနာရှင်အလှူရှင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်လူငယ်များနှင့် တာချီလိတ်လူငယ်များအဖွဲ့ စသည့် အဖွဲ့သုံးဖွဲ့ တို့သည် လိုအပ်နေသည့်နေရာများအား သွားရောက်၍ ကူညီမှုများပေးခဲ့ကြသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ကူညီမှု
ရေဘေးသင့်သော လူများအတွက် တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲနန္ဒာလင်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ(၈)ဦးခန့်အပါအ၀င် စေတနာရှင်အလှူရှင်များမှ မာမားခေါက်ဆွဲခြောက်များ ရေသန့်ဗူးများ၊ ငါးသေတ္တာဗူးများ နှင့် ထမင်းဗူးများကို
ပေးဝေခဲ့ကြပြီး ရေဘေးကြောင့် ပွန်းပဲ့ဒဏ်ရာရသူ လူတစ်ဦးအား ဆေးကုသမှုများပေးခဲ့ကြသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်လူငယ်အဖွဲ့၏ ကူညီမှု
တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်ကော်မရှင် ဦးဘခင်နှင့် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ဝင်များပါဝင်သည့် လူငယ်အဖွဲ့ဝင်(၁၇)ဦးတို့သည် ရေဘေးသင့်သော အိမ်များသို့ သွားရောက်၍ သန့်ရှင်းရေးများ ရေတွင်းဆေးပေးမှုများ ပြုလုပ်ပေးခဲ့ကြပြီး ဆန်နှင့် ဆီများလည်း ပေးဝေခဲ့ကြသည်။





ထို့အပြင် မိုးကုတ်ရိပ်သာခွဲရှိ ရေအားကြောင့် ပျက်စီးပြိုလဲနေသော အုတ်တံတိုင်းအား ရှင်းလင်းခြင်းနှင့် ရေတွင်းဆေးပေးခြင်းများဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

တာချီလိတ်လူငယ်များအဖွဲ့၏ ကူညီမှု
ရေဘေးသင့်သော လူဦးရေ(၁၂၀)ဦးခန့်အား နေ့လည်စာအတွက် တာချီလိတ်လူငယ်များအဖွဲ့မှ ထမင်းဗူးများနှင့်ရေသန့်ဗူးများအား သွားရောက်ပေးဝေခဲ့ကြပါသည်။


အလင်းရောင်ပရဟိတအဖွဲ့ဝင်များ၏ ကူညီမှု
ရေဘေးသင့်သော လူဦးရေ(၁၂၀)ဦးခန့်အား ညစာအတွက် အလင်းရောင်ပရဟိတအသင်းမှ သွားရောက် ပေးဝေခဲ့ကြောင်းလည်း သိရှိရပါသည်။



ချောင်းငယ်ဘေးရှိ နေအိမ်များအတွင်းသို့ ရေများ ၀င်ရောက်မှုကြောင့် အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ နေရာထိုင်ခင်းများ စသည်တို့သည် ရွံ့နွံများဖြင့်
ပေကျံနေခဲ့တာများရှိခဲ့သလို ရေထဲပါသွားသည်များလည်းရှိခဲ့ကြောင်းသိရသည်။ ၀မ်ကောင်းရပ်ကွက် ကချင်ရွာဘက်သွားသော အမေပုအိမ်ဝန်းဟု လူသိများသည် အိမ်ဝန်းအနီးတွင်
ချောင်းငယ်တစ်ခုရှိတာကြောင့် ရေများ အဆမတန်တက်ခဲ့မှုဖြစ်ပေါ်ခဲ့ရာ ထိုအိမ်ဝန်းထဲရှိ အိမ်ခန်းငှားနေသူများမှာ ညမှောင်မဲထဲ ကြောက်လန့်စိတ်ဖြင့် ငိုနေကြသည့် ကလေး သူငယ်များ နှင့်
မျက်မမြင်အမျိုးသမီးတစ်ဦး၏ သားသမီးဇောဖြင့် ရွံ့နွံထဲအလန့်တကြားအော်ဟစ်သံများ ပစ္စည်းများကို သယ်ယူရွေ့ပြောင်းနေကြသူများ ရွံ့နွံထဲမှ ရုန်းထွက်နေကြသော ကလေး သူငယ်များ စသည့်ဖြင့် လူဦးရေ(၅၀)ကျော်တို့သည် ထိုည၏ ရုတ်တရက်ဖြစ်ပေါ်လာသော ရေတက်လာမှုကို ခံခဲ့ကြရပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, August 6, 2012

တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်စီတုံရွာ အခြေခံပညာမှုလတန်းကျောင်းသို့ သွားရောက်၍ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်နှင့် မုန့် များကို ကျောင်းသား ကျောင်းသူ ( ၁၃၅ )ဦးအား ယနေ့(၇.၈.၂၀၁၂)တွင် ပညာဒါနပြုခဲ့ကြောင်း သတင်းရရှိသည်။



တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် (၇.၈.၂၀၁၂)ရက်နေ့ နံနက်(၉း၄၅)အချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ကြပြီး မူလတန်းကျောင်းသား စုစုပေါင်း (၁၃၅)ဦးအတွက် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်များကို ပညာရေးအလှူဒါနပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းဝင်းမြင့်(ကျိုင်းတုံ)၊ ဦးဘခင်(တာချီလိတ်) နှင့် ပါတီဝင်(၁၈)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net