Latest News

Dropdown Menu

Showing posts with label နှစ်သစ်ကူး. Show all posts
Showing posts with label နှစ်သစ်ကူး. Show all posts

Sunday, December 15, 2013

၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရာ တာချီလိတ်အွန်လိုင်းမှ ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, December 14, 2013

မြန်မာနိုင်ငံထဲတွင် တိုင်းရင်းသားလူမျိုးစုများစွာရှိသည့်အနက် "မင်္ဂလာပါ"ဟု အဓိပ္ပာယ်သက်ရောက်သည့် "နီဆားအိုလူး" (Nee Sar Ovq Luvq-ur )ဟု နှုတ်ဆက်တတ်သော တိုင်းရင်းသားလူမျိုးသည် "အာခါတိုင်းရင်းသား"ပင်ဖြစ်ပေသည်။ အာခါတိုင်းရင်းသားလူမျိုးများသည် မည်သည့်ခုနှစ်ကတည်းက ရှိနေသည်ကို မသိရှိရသော်လည်း ၁၉၂၇ခုနှစ်ကတည်းက အာခါစာပေများနှင့် တစ်စိတ်တစ်ဒေသ ဆက်နွယ်မှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။


လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်း၌ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိကြသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရိုးရာဓလေ့ ပူဇော်မှုများ၊ ပွဲလမ်းသဘင်များကို ပြုလုပ်ကျင်းပလေ့ရှိသည်ဖြစ်တဲ့အတွက် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် ကိုယ်တိုင် တက်ရောက်ပြီး ပွဲတော်သို့ ဆင်နွှဲ့ခဲ့တာကိုလည်း တွေ့ရှိရသည်။


အဆိုပါ ပွဲတော်ကျင်းပမည့် နံနက်ပိုင်းတွင် ကောင်းကင်တစ်ခွင်လုံး တိမ်စိုင်တိမ်မဲများ ဖုံးလွှမ်းနေပြီး မိုးများလည်း မစွတ်မပွတ်ကျနေသည့်အတွက် ပွဲစီစဉ်သူများက ဖွင့်ပွဲအတွက် နေရာရွှေ့ပြောင်းကျင်းပရန်
အောင်မြတ်ခန်းမတွင် ကြိုတင်ပြင်ခဲ့ကြသေးသော်လည်း နံနက် ၈နာရီဝန်းကျင်မှာ မိုးရွာသွန်းမှု အခြေအနေ ငြိမ်သက်နေသည့်အတွက် လက်ရှိကျင်းပရာ နေရာဖြစ်သည့် ရှမ်းရိုးမကွင်းမှာပဲ ဖွင့်ပွဲပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း သိရှိရပြန်သည်။

ဖွင့်ပွဲပြုလုပ်ရန်အတွက် ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေးကော်မတီက
ပြင်ဆင်မှုများပြုလုပ်ကြပြီး နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်မှာ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်ဂျွေ့တို့မှ အဆိုပါပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နှစ်သစ်မင်္ဂလာပန်းခြင်းလက်ဆောင်များဖြင့် အပြန်အလှန်ပေးအပ်ခဲ့ကြသည်။



တစ်ဆက်တည်းမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အတွက် နှစ်သစ်သ၀ဏ်လွှာဖတ်ကြားပြီး အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက် သ၀ဏ်လွှာကို အာခါတိုင်းရင်းသား ဘာသာစကားဖြင့် ဖတ်ကြားသွားခဲ့တာကိုလည်း တွေ့ရှိရသည်။


ယင်းနောက်မှာတော့ ပွဲတော်သို့ တက်ရောက်ဆင်နွှဲကြသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးရှိ အာခါတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးနိုင်ငံများမှ အာခါတိုင်းရင်းသားများကို တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ ကျိုင်းတုံစသည့် မြို့များမှ အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရိုးရာဓလေ့အကများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကိုလည်း တွေ့ရပြန်သည်။

အကများကို ဖျော်ဖြေတင်ဆက်ပြီးမှာတော့ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော် မိတ်ဆုံစားပွဲအဖြစ် ၀ိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး ဧည့်ခံစားသောက်နေကြသည်မှာ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုကို ပေါ်လွင်စေသည်မှာ ဧကန်မလွဲပင်။

တာချီလိတ်မြို့တွင် တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်များအဖြစ် အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားများအနေဖြင့် ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်မှာ ထူးခြားမှုနှင့် စိတ်ဝင်စားမှုများ ပေါများလှသည်ကိုလည်း တွေ့ရှိရပြန်သည်။


ဤသည်က ၎င်းတို့၏ ရိုးရာဝတ်စုံ၊ ရိုးရာအစားအစာ၊ ရိုးရာဂီတ စသည်ဖြင့် ချစ်စဖွယ် အမွေအနစ်တွေနဲ့ အမြင်ဆန်းလှပါသည်။ ယနေ့ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်တွင် အာခါတိုင်းရင်းသားများ၏ တစ်ဦးချင်းစီအလိုက် ၀တ်စုံများရဲ့ တန်ဖိုးမှာ ဈေးနှုန်းကြီးမားလှသည်ကိုလည်း သတိထားမိတယ်၊ ၎င်းတို့၏ ၀တ်စုံများပေါ်ရှိ ပန်းကနုတ်ဟု သတ်မှတ်ရမည့် အပွင့်အခက် အလှအပများကို များသောအားဖြင့် လက်ဖြင့်သာ သီကုံးထားသည့် ပန်းကုံးသဖွယ် သေသေချာချာပင် ချည်ဖြင့် ထိုးချုပ်၍ ပြုလုပ်ထားရကြောင်း သိရသည်။

ဝတ်စုံများရဲ့ တန်ဖိုးကြီးမှုနှင့် ပတ်သက်၍ အာခါတိုင်းရင်းသား တစ်ဦးအား မေးမြန်းသည့်အခါမှာ "တောရွာတွေမှာ အာခါတိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဝတ်မဲ့ အင်္ကျီကို ကိုယ့်ဘာသာပဲ အကွက်ဖော်ချည်ထိုးပြီး ပွဲလမ်းသဘင်တွေမှာ ၀တ်ဆင်ကြပါတယ်၊ အဲ့လို အကွက်ဖော် ချည်ထိုးတဲ့အခါမှာလည်း သေသေချာချာ ထိုးရတာဆိုတော့ လက်ထိပ်လေးတွေ နာတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်မထိုးပဲ ထိုးပြီးသား ၀ယ်မယ်ဆိုရင် ဈေးကြီးတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ထိုးထားတဲ့ ၀တ်စုံဆိုတော့ ပိုလို့ တန်ဖိုးထားတတ်ကြပါတယ်"ဟု ရှင်းပြပါသည်။

အ၀တ်အထည်များပေါ်တွင် ချည်မျှင်များဖြင့် ချုပ်လုပ်ထားတာ တခုတည်းမဟုတ်ပဲ ငွေပြားများ၊ ငွေပြားကို သွန်းလုပ်၍ ပန်းကနုတ်သဏ္ဍာန်များ စသည်ဖြင့် ပုံဖော်ဆန်းသစ်၍ တန်ဆာ ဆင်ထားကြသည်ကို
တွေ့ရှိရသူတိုင်း စိတ်ဝင်စားမှုရှိမည်မှာ မလွဲပါ။

တာချီလိတ်မြို့တွင် အာခါရိုးရာနှစ်သစ်ကူးပွဲတော်များနှင့် ပတ်သက်၍ ပထမအကြိမ်ကို (၂၀၀၈)ခုနှစ်က စတင်၍ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ယခု (၂၀၁၃)ခုနှစ်တွင် အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့သည်မှာ (၆)ကြိမ်မြောက်ပြီ ဖြစ်ပါသည်။

ယနေ့ ပြုလုပ်သော ပွဲတော်နှင့် ပတ်သက်၍ "အခု (၆)ကြိမ်မြောက် အာခါနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မှာရှိတဲ့ အာခါတိုင်းရင်းသားတွေအပြင် တရုတ်၊ လာအို၊ ထိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးက အာခါတိုင်းရင်းသားတွေ လာကြတာ၊ ပွဲတော်ပြုလုပ်တိုင်း တာချီလိတ်မှာ အစည်ကားဆုံးလို့ ပြောလို့ရတာပေါ့..."ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးကလည်း ပြောပြပါသည်။

အာခါတိုင်းရင်းသားတို့တွင် ယခုအခါမှာ ခေတ်ပညာတတ် လူငယ် မောင်မယ်များ များပြားလာလျှက်ရှိပြီး ကဏ္ဍအသီးသီးတို့တွင် ၎င်းတို့ တတ်စွမ်းသမျှကို ကြိုးစားလုပ်ဆောင်နေကြသလို အာခါတိုင်းရင်းသားများ နေထိုင်ရာ ရှမ်း(အရှေ့)နှင့် အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မပျောက်မပျက်ရန်နှင့် အာခါစာပေနှင့်ပတ်သက်၍ အတည်တကျဖြစ်စေရန်အတွက် အာခါစာပေသင်ရိုးညွှန်းတမ်းကိုလည်း AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)အဖြစ် ချမှတ် ထုတ်လုပ်ထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

သတင်းဆောင်းပါးရှင် ။       ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
(၆)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲ တာချီလိတ်၌ ဆင်နွှဲ
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Wednesday, December 11, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၆)ကြိမ်မြောက် အာခါရိုးရာ "ခါးထောင်းဖား" စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၃)ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ရှမ်းရိုးမကွင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


ပွဲတော်ဖွင့်ပွဲအား ဒီဇင်ဘာလ (၁၄)ရက် နံနက် (၁၀)နာရီ တိတိအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်မှာ ဖြစ်ပြီး၊ အဆိုပါပွဲတော်သို့ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများမှ လာရောက်ကြမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း အာခါတိုင်းရင်းသား အဆိုတော်များမှ သီဆို ကပြ ဖျော်ဖြေပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Wednesday, December 4, 2013

ရှမ်းတိုင်းရင်းသားလူမျိုးများ၏ သက္ကရာဇ် (၂၁၀၈)ခုနှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် အသီးသီးရှိ မြို့များအပြင် ရှမ်းတိုင်းရင်းသားများ အများအပြားနေထိုင်သည့် ဒေသများနှင့် ရှမ်းတိုင်းရင်းသားများ ရှိသော နိုင်ငံခြားတို့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး ထိုနည်းတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၌ အဆိုပါ ပွဲတော်အား ဒီဇင်ဘာလ (၄)ရက်နေ့မှ စ၍ ဒီဇင်ဘာလ (၆)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်ဖွင့်ပွဲအား ယနေ့ ဒီဇင်ဘာလ(၄)ရက် ည (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


ပွဲတော်ဖွင့်ပွဲ၌ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ အလှူရှင် ဦးစိုင်းယီဆာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပွဲတော်ဖွင့်လှစ်ခြင်း အဖွင့်သီချင်းကို သီဆိုကာ စတင်ခဲ့ကြသည်။


ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ပွဲတော်အဖွင့်မိန့်ခွန်းကို ပြောကြားပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းလုံမား က ပွဲတော်သို့ ကြွရောက်ချီးမြှင့်သည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ တဆက်တည်းမှာပင် အခမ်းအနားမှူး မှ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်း သမိုင်းကြောင်းကို ရှမ်း - မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်း တင်ပြသွားသည်။

ဆက်လက်၍ ပွဲတော်သို့ လာရောက်ကြသူများအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များက ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ကိန္နရီ ကိန္နရာ၊ တိုးနယား၊ လက်သိုင်း၊ ဓါးသိုင်း၊ တုတ်သိုင်းအက စသည်တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ပွဲတော်အား တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ကျင်းပတာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
၂၁၀၈နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် တာချီလိတ်မြို့၌ ကျင်းပ
78 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Monday, December 2, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့်  (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှ (၆)ရက်နေ့ထိ (၃)ရက် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအဖြစ် ဒီဇင်ဘာလ (၄)ရက် ည(၇)နာရီခွဲအချိန်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ (၅)ရက်နေ့မှာ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် မိတ်ဆုံ ညစာ စားပွဲကို ည(၇)နာရီ အချိန်မှာ စတင်၍ ကျင်းပပြီးနောက် ဒီဇင်ဘာလ (၆)ရက် နံနက်(၁၀)နာရီ အချိန်မှာ ၀မ်လိ(ပါဆတ်)ဘုန်းတော်ကြီးကျောင်း၌ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ် ကောက်သစ်လှူဒါန်းပွဲနှင့် ကောက်သစ်စားပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွက် နိုဝင်ဘာလ အလယ်လောက်ကတည်းက ပြင်ဆင်နေကြတာဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့တွင်လည်း ဆိုင်ခန်းနေရာများ၊ ဈေးသည်များ နှင့် ဗဟိုမဏ္ဍပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်အတွက် ပြင်ဆင်
14 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Thursday, February 21, 2013

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မအားကစားကွင်းထဲမှာ (၃၇)ကြိမ်မြောက် "ဝ"ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ(၁၉)ရက်မှ (၂၁)ရက်နေ့ထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာ ပြုလုပ်တဲ့ ပွဲတော်ရက်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နှင့် ဌာနဆိုင်ရာများ အပါအ၀င် "ဝ"လူမျိုးများ လာရောက်ခဲ့ကြတာကို
 တွေ့ရပါတယ်။

ပွဲတော်ကို ကျိုင်းတုံမြို့အနီးတ၀ိုက်ရှိ "ဝ"လူမျိုးများ နဲ့ တာချီလိတ်မြို့က “ဝ”လူမျိုး တစ်ချို့လည်း လာရောက် ဆင်နွှဲကြတာကို တွေ့ရပါတယ်။ “ဝ”ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်မှာ “ဝ”ရိုးရာအကများကို ကပြဖျော်ဖြေခဲ့ကြပြီး ကွင်းပြင်ထဲမှာ ထင်းရှုးအပင်တစ်ပင်ကို စိုက်ထူထားကာ အပင်အောက်တွင် ကျွဲခေါင်းတစ်ခေါင်းနှင့် အသားတုံးကို ထားရှိပြီး ၎င်းတို့၏ ရိုးရာဓလေ့အရ မြေ၀ိုင်းအကနှင့် ပျော်ရွှင်စွာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ချစ်ခင်ရင်းနှီးမှုဖြင့် ကပြဖျော်ဖြေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ယခုပွဲတော်ကို “ဝ” စာပေနှင့် ယဉ်ကျေးမှုအသင်း နှင့် "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ( National Unity Party )တို့က ပူပေါင်းလုပ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။

 "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပတ်သက်ပြီး "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ နာယက တစ်ဦးဖြစ်သူ ဦးဖီးလစ်ဆမ်က " “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ကျိုင်းတုံဘက်မှာဆိုရင် ပါတီဝင်အင်အား (၃/၄၀၀၀)လောက်ရှိပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီရုံးတွေကို တာချီလိတ်မြို့နဲ့ မိုင်းဆတ်မြို့အပြင် တခြားမြို့နှစ်မြို့မှာလည်း ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒါတွေကတော့ ရုံးမဖွင့်ရသေးတဲ့မြို့တွေပေါ့၊ တချို့မြို့တွေမှာတော့ ရုံးဖွင့်ပြီးသွားပါပြီ၊
လောလောဆယ်တော့ တာချီလိတ်မှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရှေ့လထဲမှာပဲ ဖွင့်လှစ်ဖြစ်မယ်လို့တော့ ထင်ပါတယ်၊"လို့ ပြောကြားသွားပါတယ်။

ကျိုင်းတုံမြို့မှာ "ဝ"ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်သည် "ဝ"လူမျိုးတို့ရဲ့ မြွေနှစ်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်အကြိမ်မှာ (၃၇)ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, February 11, 2013

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၁)ရက်နေ့ နံနက်(၉း၂၃)နာရီက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု စုပေါင်း နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။


ယနေ့ကျင်းပပြုလုပ်တဲ့  လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု စုပေါင်း နှစ်သစ်ကူးပွဲတော်ကို စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တော်များ နှင့် ရှမ်းပြည်နယ် တစ်ခုလုံးရှိ လားဟူတိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း တစ်သောင်းကျော် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရပါတယ်။

{လားဟူတိုင်းရင်းသားရိုးရာ မြေ၀ိုင်းအက}

အခမ်းအနားမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး က အဖွင့်အမှာစကားကို ပြောကြားပြီး၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန် မှ နှုတ်ခွန်းဆက်စကားပြောကြားကာ လားဟူသမိုင်းအကျဉ်းကို ဖတ်ကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး လားဟူတိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၈၀)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ကျပ်(၁၀)သိန်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး  ဦးပီတာသောင်းစိန် မှ ကျပ်ငွေ(၁)သိန်း၊ ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီမှ ကျပ်(၅)သိန်း နှင့် အဆွေတော်မိသားစုမှလည်း ပါဝင်လှူဒါန်းသွားကြောင်း သိရပါတယ်။


ရှမ်းပြည်တစ်ခုလုံးရှိ လားဟူတိုင်းရင်သားများ စုပေါင်းပြီး ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်တဲ့ လားဟူတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့နယ်မှာကျင်းပတာဖြစ်ပြီး နှစ်စဉ်ပြုလုပ်ခဲ့သည့် လားဟူနှစ်ကူးပွဲတော်မှာ ယခုနှစ်အပါအ၀င် (၁၀)ကြိမ်မြောက်ခဲ့တာဖြစ်ပါတယ်။ နောက်လာမည့် ၂၀၁၄မှာတော့ ရှမ်းပြည်နယ်ထဲက တစ်ခြားမြို့မှာ ယခုလိုပဲ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။


ယခုပြုလုပ်တဲ့ ပထမအကြိမ် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ကျေးရွာများမှ လားဟူတိုင်းရင်းသားတွေ အမြောက်အများလာရောက် ဆင်နွှဲကြတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ "ရှမ်းပြည်နယ်မှာရှိတဲ့ လားဟူတိုင်းရင်းသားတွေ တော်တော်များများ လာကြပါတယ်။ အနီးအနားက မြို့တွေဆိုရင်တော့ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဆတ် ပေါ့၊ အဝေးကဆိုရင်တော့ ကွန်ဟိန်း၊ နမ့်စန်၊ လားရှိုး၊ တန့်ယန်းဘက်က အများအပြားလာကြပါတယ်၊ နှစ်သစ်ကူးပွဲတော်ကို အဝေးက လားဟူတိုင်းရင်းသားအကုန်လုံးက လာချင်နေကြပေမယ့်လည်း တစ်ချို့တွေကမလာနိုင်ကြဘူးလေ၊ ဒါပေမယ့်လည်း လာနိုင်ကြတဲ့လူတွေကို ရွေးချယ်ပြီး သူတို့တွေအနေနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲဖို့ ဒီပွဲတော်ကိုဖိတ်ကြားခဲ့တာပါ၊ ကျွန်တော့အနေနဲ့ခန့်မှန်းပြောရမယ်ဆိုရင် ဒီပွဲတော်ကိုတက်ရောက်လာတဲ့ ရပ်နီးရပ်ဝေးက လားဟူတိုင်းရင်းသားတွေ ၁၂၀၀၀ ကျော်မယ်လို့တော့ထင်တာပဲ" လို့ ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားပါတယ်။


 နှစ်သစ်ကူးပွဲတော်ကို လာရောက်ကြတဲ့ မြို့နယ်/ကျေးရွာတွေက လားဟူတိုင်းရင်းသားတွေရဲ့ ပွဲတော်ကာလအတွင်း နေရေးထိုင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ "တတ်နိုင်တဲ့လူတွေကတော့ ပွဲတော်ကာလအတွင်း တည်းခိုခန်းမှာ နေကြတာရှိသလို သူတို့ရဲ့ ဆွေမျိုးအသိမိတ်ဆွေတွေရဲ့အိမ်မှာ တည်းကြတာတွေလည်း ရှိပါတယ်၊ များသောအားဖြင့်တော့ နေရေးထိုင်ရေးအတွက် ကျွန်တော်တို့က စီစဉ်ပေးထားပါတယ်၊ ညအိပ်ဖို့အတွက် စောင်တွေခေါင်းအုံးတွေမလောက်ဘူးဆိုရင်လည်း ထပ်မံဖြည့်စွက်ပေးပါတယ်၊ အခုလိုမျိုး ပွဲတော်အတွင်း ညအိပ်ညနေအတွက် စီစဉ်ပေးတဲ့အခါမှာလည်း သူတို့တွေရဲ့ ပျော်ရွှင်မှုတွေကိုတွေ့ရတယ်လေ၊ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခါမှမတွေ့မမြင်ဖူးသေးတဲ့ ကိုယ့်လူမျိုး လားဟူတိုင်းရင်းသား အချင်းချင်း အပြန်အလှန်မိတ်ဆက်ကြတာတွေက ဒို့လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုရှိတာပေါ့.. "လို့ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးက
 ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။


ပွဲတော်ကျင်းပရာ  ကွင်းထဲရှိ မြေကွက်လပ်တစ်ခုမှာ ထင်းရှူးပင်ငယ်ကို စိုက်ထားကာ အပင်ရဲ့အောက်မှာ ခေါပုတ်နဲ့ ၀က်ကောင်လုံးကို ထားပြီး ကာခေ့ပွဲ ခေါ် မြေ၀ိုင်းအက ဖြင့်
 ပျော်ပျော်ပျော်ပါးပါးတီးမှုတ်ခုန်ကနေကြတာကို တွေ့ရပါတယ်။ ခေါပုတ်နဲ့ ၀က်ကောင်လုံး ထားတာကတော့ ခေါပုတ်ဟာ ဆန်ရေစပါးပေါများဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး ၀က် ကတော့ သားငါးပေါများဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်ပုံများကို ကြည့်ရန်

Friday, December 21, 2012

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အများဆုံးနေထိုင်လျှက်ရှိသော အာခါတိုင်းရင်းသားများ၏ အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့ထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် စည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


အဆိုပါပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှာပြုလုပ်ခဲ့ပြီး စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင် နှင့် ဌာနဆိုင်ရာများ၊ အာခါတိုင်းရင်းသားခေါင်းဆောင်များနှင့် ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများစွာ လာရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။


ပွဲတော်၏ဖွင့်ပွဲတွင် အာခါရိုးရာအကများကို ဖျော်ဖြေရာမှာ ရပ်နီးရပ်ဝေးနေ အာခါတိုင်းရင်းသားများမှ ကပြဖျော်ဖြေခဲ့ကြပြီး အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအပြီး နောက်ဆုံးအစီအစဉ်တွင် ထူးခြားမှုတစ်ခုအနေဖြင့် မြန်မာဘက်မှ လူကုန်ကူးတားဆီးနိမ်နင်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ လူကုန်ကူးတားဆီးနိမ်နင်းရေးအဖွဲ့ နှစ်ဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးနိမ်နင်းရေး အသိပညာပေး အာခါစကားပြော ဇာတ်လမ်းတိုလေးကို စီစဉ်တင်ဆက်ခဲ့ကြပါတယ်။



{လူကုန်ကူးနိမ်နင်းရေးအသိပညာပေး အာခါစကားပြော ဇာတ်လမ်းတို}
[ဖုန်းနဲ့ရိုက်ထားတာကြောင့် တုန်ခါမှုများအတွက်သီးခန့်ကြည့်ရှုပါရန်]} 
 
 အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဈေးပွဲတန်းတွင် အရောင်အသွေးစုံလင်လှသော အာခါရိုးရာဝတ်စုံများကို ခင်းကျင်းရောင်းချထားသည်မှာ လှပနေပြီး ရပ်ဝေး ရပ်နီးမှ လာရောက်ပျော်ပါးနေကြသော အာခါတိုင်းရင်းသားများစွာတို့ကိုလည်း တွေ့ခဲ့ရပါတယ်။


ယခုပြုလုပ်သော အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်သည် (၅)ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ (၂၀၀၈)ခုနှစ်မှစတင်၍ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။




news-eleven.com သို့ ပေးပို့ထားသော တာချီလိတ်မြို့မှ သတင်းထောက်တစ်ဦးဖြစ်သူ ဆုလဏီး(တာချီလိတ်)၏ သတင်းကိုလည်း ပုးတွဲ၍ ဖော်ပြပေးလိုက်ပါတယ်။

တာချီလိတ်တွင် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
Wednesday, 19 December 2012 15:01               သတင်း။    ။ ဆုလဏီး(တာချီလိတ်)

တာချီလိတ်မြို့နှင့် ကျေးရွာများတွင် နေထိုင်ကြသော အာခါတိုင်းရင်းသားများ၏ အာခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်အား ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်မှာ အနယ်နယ် အရပ်ရပ်မှ အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ဆုံတွေ့ကြခြင်းလည်းဖြစ်ပြီး ပွဲတော်တွင် အာခါရိုးရာ အကများ၊ တေးသီချင်းများကို ကျေးရွာအသီးသီးနှင့် နယ်ဝေးအာခါတိုင်းရင်းသားများ ဖျော်ဖြေခဲ့ကြပြီး ခေတ်ပေါ်တေးသီချင်းများကို ညတွင်စည်ကားစွာ ကျင်းပခဲ့သည်။

“ကျွန်တော်တို့ရွာက ၁၅ ဦး၊  ဆိုင်ကယ်တွေနဲ့ လာတာပါ။ ညပါ ပွဲတော်ဆင်နွှဲ သွားမှာပါ။ တစ်နှစ်မှ တစ်ခါဆိုတော့ အရမ်းပျော်ပါတယ်” ဟု မိုင်းကိုးအုပ်စု၊ ယာနာတိရွာမှ ဦးအားနက ပြောပြသည်။ လွယ်တော်ခမ်းအုပ်စု၊ ပါခါရွာမှ ကိုအားဂေါကလည်း နှစ်တိုင်းပွဲတော်သို့ မိသားစုဖြင့် လာရောက်ဆင်နွှဲကြပြီး မိသားစုပွဲတော် ဖြစ်ကြောင်းလည်း ပြောပြသည်။

“အာခါတိုင်းရင်းသား ပွဲတော်တွေက တစ်နှစ်မှာ အများကြီးတော့ ရှိတာပေါ့။ ဒီပွဲတော်တွေက  နေရပ်ပေါင်းစုံက အာခါတိုင်းရင်းသားတိုင်း ပါဝင်ဆင်နွှဲတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်တယ်။ ကျိုင်းတုံမှာက ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ကျင်းပမှာပါ။ ဒီက မသွားနိုင်တဲ့လူတွေလည်း ဒီမှာဆုံနိုင်အောင် စောပြီးကျင်းပတာ ဖြစ်ပါတယ်” ဟု အာခါတိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးအားထူက ပြောပြသည်။

ထို့ပြင် အာခါလူကြီး သက်ကြီးရွယ်အိုများ၊ ရွာလူကြီးများကိုလည်း ဖိတ်ခေါ်ကြပြီး အာခါရိုးရာ၊ ယာဉ်ကျေးမှု၊ ထုံးစံဓလေ့များ မပျောက်ပျက်အောင် မည်သို့ထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးပွဲလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အာခါတိုင်းရင်းသားများ ပွဲတော်တွင် နိုဆားအိုလူးဟု နှုတ်ဆက်ကြပြီး ချမ်းမြေ့ပါစေဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ ပွဲတော် အဓိကညဖြစ်သော ဒီဇင်ဘာ ၁၉ ရက်နေ့ညတွင် မီးရှူးမီး ပန်းများပစ်ဖောက်ပြီး နှစ်သစ်ကြိုဆိုကြမည်ဖြစ်ကာ ပွဲတော်တွင် အာခါရိုးရာ ၀တ်စုံအရောင်းဆိုင်များ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်၊ ပျော်စရာ ကစားနည်းများ၊ ထိုင်းနိုင်ငံမှ ကလေးကစားစရာနှင့် အစားအစာ ရောင်းချသူများနှင့် ဆိုင်ပေါင်းစုံဖြင့် စည်ကားခဲ့ကြောင်း သိရသည်။   


သတင်းဓါတ်ပုံများကိုကြည့်ရန်




Saturday, November 24, 2012

တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းမှ ရိုးရာအစဉ်အလာအရ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သခြင်း (တုတ်ဆူး)အား တာချီလိတ်မြို့ရှိ ရပ်ကွက်များသို့ လိုက်လံပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သခြင်း(တုတ်ဆူး)အစီအစဉ်အား ၂၀၁၂ခုနှစ် နိုဝင်ဘာ(၁၉)ရက်မှစ၍ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၆)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။ တုတ်ဆူးပြုလုပ်ရာမှာ -
  • နိုဝင်ဘာ(၁၉/၂၀)ရက်နေ့ - ပုန်းထွန်ရပ်ကွက်
  • နိုဝင်ဘာ(၂၁)ရက်နေ့ - တာလော့ရပ်ကွက်
  • နိုဝင်ဘာ(၂၂)ရက်နေ့ - ၀မ်ကောင်းရပ်ကွက်
  • နိုဝင်ဘာ(၂၃)ရက်နေ့ - မကာဟိုခမ်းရပ်ကွက်
စသည့်တို့မှာ ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ(၂၄)ရက်နေ့(ယနေ့ည)မှာလည်း မကာဟိုခမ်းရပ်ကွက်တွင် ကျန်ရှိနေသည့် အိမ်များသို့ သွားရောက်ကာ တုတ်ဆူး ပြုလုပ်မှာဖြစ်ပါတယ်။


ဆက်လက်၍ နိုဝင်ဘာ(၂၅/၂၆)ရက်များမှာ ဆန်ဆိုင်း (အထက်+အောက်)ရပ်ကွက်များသို့ သွားရောက်ကာ တုတ်ဆူးပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီဇင်ဘာ(၁၆)ရက်နေ့မှ ဒီဇင်ဘာ(၁၈)ရက်နေ့ထိပြုလုပ်မဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းပိုင် မြေကွက်မှာ ကျင်းပမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် မြေကွက်အား မြေညှိ/ထိုးခြင်းများပြုလုပ်လျှက်ရှိပြီး ပွဲတော်အတွက် ပြင်ဆင်မှုများပြုလျှက်ရှိကြောင်း တွေ့ရှိရပါတယ်။

ယခင်က ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးမကွင်းတွင် ပြုလုပ်ခဲ့ရာ ယခုမှာ ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေရန်အတွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းပိုင် မြေကွက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Tuesday, November 20, 2012

ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ကူညီပံ့ပိုးမှုများကို နိုဝင်ဘာ(၂၀)ရက်နေ့က ပုန်းထွန်ရပ်ကွက်ရှိ မြစိမ်းကန်စားသောက်ဆိုင်အတွင်းမှာ မိတ်ဆုံစားပွဲပြုလုပ်ကာ စေတနာရှင် အလှူရှင်များမှ ထိုင်းဘတ်ငွေ တစ်သိန်းခွဲကျော် နှင့် ဘိလပ်မြေအိတ်(၃၅၀) အပါအ၀င် ကျပ်ငွေ(၅)သိန်း တို့အား လက်ခံရရှိကြောင်း သိရှိရပါတယ်။

{image from: siamtai.com}

အလှူငွေ ကျပ်စာရင်း
၁) ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်  - ကျပ်(၅)သိန်း

ဘိလပ်မြေစာရင်း
၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း - ဘိလပ်မြေ(၁၀၀)အိတ်
၂) ဦးစိုင်းဥာဏ်လင်း(ဝမ်ကောင်း) - ဘိလပ်မြေ (၁၀၀)အိတ်
၃) ဦးစိုင်းဆမ်တစ် - ဘိလပ်မြေ(၁၀၀)အိတ်
၎) ဦးစိုင်းလုံဟောင် ( ဆန်ဆိုင်း[ခ] အုပ်ချူပ်ရေးမှူး ) ဘိလပ်မြေ - ( ၅၀ )အိတ်

အလှူငွေထိုင်းဘတ်စာရင်း
၁) ဦးစိုင်းနွဲ့ ( ပုန်းထွန် ) - (ငါးသောင်းဘတ်)
၂) ဒေါ်နန်းနွက် ( မကာဟိုခမ်း ) - (တစ်သောင်းဘတ်)
၃) ဦးအားပြာ ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၎) ဦးဖြာအေး ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၅) ဦးစိုင်းမြ ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၆) ဦးစိုင်းထွန်း  ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၇) ဦးစိုင်းဝန်း  ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၈) ဦးစိုင်းလုံတစ် ( တာလော့ ) - (ငါးထောင်ဘတ်)
၉) ဦးစိုင်းမီဇီ ( မကာဟိုခမ်း )  - (ငါးထောင်ဘတ်)
၁၀) အာခါတိုင်းရင်းသား နာယက ဦးအားဇီး ( လွယ်တော်ခမ်း) - (ငါးထောင်ဘတ်)
၁၁) ဦးစိုင်းမောင် ( ၀ိန်းကျောက် ) - (ခုနှစ်ထောင်ဘတ်)
၁၂) ဦးစိုင်းထွန်းစိန်+ဒေါ်နန်းမီးငယ် - (ခြောက်ထောင်ဘတ်)
၁၃) ဦးစိုင်းဆမ်တွီ ( ဆန်ဆိုင်း[ခ] )  - (သုံးထောင်ဘတ်)
၁၄) ဦးစိုင်းရှဲန်လာ - (သုံးထောင်ဘတ်)
၁၅) ဦးစိုင်းယီ ( ဆန်ဆိုင်း[ခ] )  - (နှစ်ထောင့်ငါးရာဘတ်)
၁၆) ဦးအုန်းကျော် - ( နှစ်ထောင်ဘတ် )
၁၇) ဦးစိုင်းယီ ( မကာဟိုခမ်း )  - (ငါးထောင်ဘတ်)
စုစုပေါင်းထိုင်းဘတ်ငွေ (၁၅၃၅၀၀-ဘတ်)တစ်သိန်းငါးသောင်းသုံးထောင့်ငါးရာဘတ်နှင့် မြန်မာကျပ်ငွေ(၅)သိန်းအပြင် ဘိလပ်မြေ (၃၅၀)အိတ်တို့ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် မြေကွက်မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။