Latest News

Dropdown Menu

Showing posts with label ညီလာခံ. Show all posts
Showing posts with label ညီလာခံ. Show all posts

Sunday, March 10, 2013

မတ်လ(၁၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ပြုလုပ်ကျင်းပမဲ့ (မူလ)မင်းကွန်းဇေတ၀န်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များမှ ကမ္မဋ္ဌာနာစရိယတရားပြဆရာများအဖွဲ့နဲ့ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များရဲ့ (၄၇)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံတရားပွဲတော်ကြီးကို ရောက်ရှိလာတဲ့ သံဃာတော်များ၊ တိုင်းရင်းသားများ၊ ယောဂီများ၊ အယောက်(၅၀၀၀၀)စာအတွက် အစားအသောက်များကို စီမံပြုလုပ်ထားကြောင်း သိရပါတယ်။

ရှမ်းပြည်တစ်ပြည်လုံးက ရောက်ရှိလာမဲ့ ဧည့်ပရိတ်သတ်များအတွက် စွမ်ကျောက်(လွယ်မောင်း) ကမ္မဋ္ဌာန်းတိုက်အတွင်းရှိ ရိပ်သာဆောင်များအပြင် ကျောင်းတိုက်အရှေ့ရှိ လယ်ကွင်းပြင်ထဲမှာလည်း မိုးကာတဲများထိုးထားကာ ညီလာခံကာလအတွင်း နေထိုင်စေဖို့ စီစဉ်ထားကြောင်း တွေ့ရှိရပါတယ်။


ရပ်ဝေးရပ်နီးမှ ရောက်လာတဲ့ ဧည့်ပရိတ်သတ်များ သိရှိစေရန်အတွက် ရှမ်းပြည်တစ်ပြည်လုံးရှိ (မူလ)မင်းကွန်းဇေတ၀န်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များရဲ့ ပုံများ သမိုင်းကြောင်းများနဲ့ တရားဓမ္မစာတိုများကို ပြသထားတဲ့ ပြခန်း ကိုလည်း ထားရှိထားပြီး၊ ဇီဝဒါန အခမဲ့ဆေးကုခန်းလည်း ထားရှိထားတာကို တွေ့ရှိရပါတယ်။ ဧည့်ပရိသတ်များအတွက်လည်း အချိန်အခါမရွေး စားသောက်နိုင်ရန်အတွက် ကျွေးမွေးရေးဌာန နဲ့ လက်ဖက်ရည်သောက်ရန် ဌာနများကိုလည်း ထားရှိထားပါတယ်။ ဧည့်ပရိသတ်များအတွက် အစားအသောက်ချက်ပြုတ်ရန် တာဝန်ယူထားသူတစ်ဦးမှလည်း "ပွဲကာလအတွင်း စားဖို့သောက်ဖို့ကို အယောက်(၅၀၀၀၀)စာအတွက် စီမံထားပါတယ်၊ လိုအပ်တာကိုလည်း တစ်ချို့အလှူရှင်တွေက လာလှူပါတယ်၊"လို့ ပြောပါတယ်။


ယနေ့နံနက်ကလည်း မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသူ/သား (၃၂)ဦးကလည်း သွားရောက်ပြီး အိမ်သာများ ရေချိုးခန်းများမှာ သန့်ရှင်းရေး လုပ်ခဲ့ကြပြီး ကျားဖြူပါတီမှလည်း ဝေယျာဝစ္စအဖြစ် ဆောင်ရွက်နေကြတာကို တွေ့ခဲ့ရပါတယ်။ မဟာသတိပဋ္ဌာန် ညီလာခံတရားပွဲတော်ကြီးအတွက် ဝေယျာဝစ္စလုပ်ကူနေတဲ့ ရှမ်းအမျိုးသားတစ်ဦးမှလည်း "ရှမ်းပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ ကမ္မဋ္ဌာန်းတိုက်(၃၁)တိုက်က ဆရာတော်တွေ အပါး(၆၀၀)ကျော် ဒီပွဲကို တက်ရောက်မှာပါ၊ ပွဲတော်ကာလအတွင်းမှာ ပွဲဈေးတန်းတွေမှာလည်း ရိုးရာအမှတ်တရပစ္စည်းတွေ စားစရာတွေကို ရှမ်းပြည်နယ်တစ်ခုလုံးက ရောက်လာတဲ့ တစ်ချို့ဈေးသည်တွေက ရောင်းကြပါတယ်၊ ပွဲဈေးတန်းမှာတော့ အလောင်းကစားတွေကို ပေးမလုပ်ပါဘူး"လို့ ပြောပါတယ်။

ပုံများကိုကြည့်ရန်

Sunday, January 13, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂) နေ့လည်(၁၂း၄၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့သည် မိုင်းဖြတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်မြို့နယ်ညီလာခံကျင်းပပွဲ အခမ်းအနားသို့ သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ခရိုင်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားသူစာရင်းမှာ (၅၃)ဦးရှိသော်လည်း တက်ရောက်လာသူ (၃၀)ဦးသာရှိခဲ့တာကို တွေ့ရှိရပါတယ်။ ညီလာခံသို့ တက်ရောက်လာသူ ၅၀ရာခိုင်နှုန်းကျော်သဖြင့် ညီလာခံအား ဆက်လက်ကျင်းပခဲ့ကြပါတယ်။


ပထမအကြိမ်မြို့နယ်ညီလာခံ၏ မြို့နယ်အလုပ်အမှုဆောင်များကို ရွေးချယ်ရာမှာ ၀င်ရောက်အရွေးချယ်ခံသူ (၁၅)ဦးရှိပြီး (၁၅)ဦးကိုပဲ အဆိုပြုထောက်ခံချက်ဖြင့် ရွေးချယ်ခဲ့ကြပြီး ထို(၁၅)ဦးထဲမှာမှ ဥက္ကဌအဖြစ် ဦးအက်စ်မာဂမ်၊ ဒု-ဥက္ကဌ အဖြစ် ဦးစိုင်းရှဲန်ဟောင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုင်းပြေသောင်း၊  တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါ်နှင်းဇာလှိုင်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးသိန်းသန်းထွဋ်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအဖြစ် ဦးတင်ထွန်း တို့က တာဝန်အသီးသီးသတ်မှတ်ရယူခဲ့ကြပြီး ဆက်လက်၍ ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ခဲ့ကြရာ အဆိုတင်သွင်းလာသူ ဦးစိုင်းရှဲန်ဟောင် အား ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ကန့်ကွက်သူမရှိရွေးချယ်ခဲ့ကြပါတယ်။


ထို့နောက်မှာတော့ ခရိုင်ညီလာခံကိုယ်စားလှယ်(၁၀)ဦးကို ရွေးချယ်ရာမှာ အဆိုတင်သွင်းလာသူ (၁၀)ဦးအား တက်ရောက်လာသည့် မြို့နယ်ညီလာခံကိုယ်စားလှယ်အားလုံးမှ ကန့်ကွက်သူမရှိ ၎င်းတို့(၁၀)ဦးလုံးအား ရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါ ညီလာခံကို ကြီးကြပ်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ညီလာခံကော်မရှင်အဖွဲ့တို့သည် ဇန်န၀ါရီ(၁၂)ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပြီး တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်မြို့နယ်ညီလာခံကိုတော့ ဇန်န၀ါရီ(၁၀)ရက်နေ့က ပြုလုပ်ခဲ့ပြီးတာဖြစ်ပါတယ်။

Thursday, January 10, 2013

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁၀)ရက် နံနက်(၁၀)နာရီမှ ညနေ(၄း၃၀)ထိ ၎င်းတို့၏ ရုံးတွင်  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ကျင်းပခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ကော်မရှင် အဖွဲ့မှ  လာရောက်၍ တာဝန်ယူကျင်းပပေးတာဖြစ်ပါတယ်။


ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ရာမှာ (၂၀)ဦးက ၀င်ရောက်ရွေးချယ်ခံကြပြီး ထိုအထဲမှာမှ (၁၅)ဦးကို ပြန်လည်ရွေးချယ်ကာ ဆက်လက်၍ ဥက္ကဌ(ဦးဌေးဝင်း)၊ ဒု-ဥက္ကဌ(ဦးစိုင်းလုံဆမ်ခတ်)၊ အတွင်းရေးမှူး(ဦးခင်မောင်တင့်)၊ တွဲဖက်အတွင်းရေးမှူး(ဦးဝင်းစွမ်)၊ ဘဏ္ဍာရေးမှူး(ဦးခမ်းလျှန်) နှင့် ပြန်ကြားရေး(ဦးဇော်ဖြိုးမြင့်)တို့ကို ရွေးချယ်၍ ပြန်လည်ပြီး တာဝန်ခွဲဝေကြကြောင်း သိရပါတယ်။

 {မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာမှာ ရွေးချယ်ခံသူ (၃)ဦးထဲမှာမှ (၂၃)မဲ ရရှိတဲ့ ဦးဝင်းစွမ်က ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရပါတယ်။ ဆက်လက်၍ ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ရာမှာလည်း ၀င်ရောက်အရွေးချယ်ခံသူ (၁၄)ဦးထဲမှာမှ (၁၀)ဦးကို ရွေးချယ်ခဲ့ကြပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ စသည့် တာဝန်ပိုင်းကို သတ်မှတ်ပေးဖို့ကိုတော့ ဇန်န၀ါရီ(၁၅)ရက်နောက်ပိုင်းမှာ သတ်မှတ်မှာဖြစ်ကြောင်း သိရပါတယ်။

 {ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ယခုပြုလုပ်သော ပထမအကြိမ်မြို့နယ်ညီလာခံ၌ မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို မပြုလုပ်မီ အခမ်းအနားအစတွင် ပါတီဝင်တစ်ဦးမှ ကန့်ကွက်လာကြောင်းသိရပါတယ်။ ၎င်းအနေဖြင့် ကန့်ကွက်ရခြင်းမှာ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန်ဆိုင်းရပ်ကွက် ညီလာခံနှင့် ပတ်သက်တာဖြစ်ပြီး ကန့်ကွက်ရခြင်း၏ အသေးစိတ်ကို မသိရှိရပေမဲ့ ယခုလို ကန့်ကွက်ခြင်း အကြောင်းအရင်းကိုလည်း ဗဟိုကို တင်ပြသွားမှာဖြစ်ကြောင်းကိုတော့ သိရှိရပါတယ်။

သတင်းဓါတ်ပုံများကြည့်ရန်

Tuesday, September 18, 2012

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပထမအကြိမ်ပါတီညီလာခံ အခမ်းအနားကို စက်တင်ဘာ(၁၈)ရက်နေ့ နံနက်(၈)နာရီက စတင်ပြီး တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်မှာ ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။


အခမ်းအနားကို တာချီလိတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝ်ီလ်ဆင်မိုး နဲ့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်တင်မေထွန်းတို့ အပါအ၀င် တာချီလိတ်ခရိုင်နှင့်မြို့နယ်ပါတီဝင်များ၊ တာလေမြို့နယ်ခွဲ၊ ကျိုင်းလပ်မြို့နယ်ခွဲက ပါတီဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလှူရှင်များနှင့် သွေးအလှူရှင်များ လည်း တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။



ပြည်ခိုင်ဖြိုးပါတီရဲ့ ဖိတ်ကြားချက်အရ မိတ်ဖက်ပါတီများဖြစ်တဲ့ NLD ပါတီ၊ တစည ပါတီ နဲ့ ကျားဖြူပါတီ တို့ရဲ့ ပါတီဝင် ပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြတာကိုလည်း တွေ့ရပါတယ်။



အခမ်းအနားရဲ့ သဘာပတိကြီးဖြစ်သူ ဦးညီနပ်က အဖွင့်အမှာစကားကို ပြောကြားပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ လူ့စွမ်းအားဆု ရရှိခဲ့သူ သားဖွားဆရာမ ဒေါ်သန်းသန်းဦး၊ ၂၀၁၁ခုနှစ်က လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် ငလျှင်ဒဏ်သင့်ပြည်သူများကို ကူညီခဲ့တဲ့ ပါတီဝင်များ၊ ၂၀၁၁/၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား/သူ (၈)ဦး နဲ့ သွေးအလှူရှင်(၅)ဦးတို့ကို ဂုဏ်ပြုလွှာနဲ့ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပါတယ်။
ဂုဏ်ပြုဆုငွေနဲ့ပတ်သက်၍  လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်တဲ့ ဦးဝီလ်ဆင်မိုးမှ (၂၀၀၀)ဘတ် နဲ့ ဒေါ်တင်မေထွန်းမှ (၁၀၀၀)ဘတ် အပြင် ၎င်းတို့ပါတီမှ (၄၀၀၀၀)ကျပ်တို့ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

နံနက်(၉း၀၄)နာရီမှာ အခမ်းအနားအစီအစဉ်ကို ခဏနားပြီး (၉း၃၅)နာရီမှာ အခမ်းအနားကို
 ပြန်လည်စတင်ခဲ့ကြပါတယ်။

ဆက်လက်ပြီး မြို့နယ်အလုပ်အမှုဆောင်ပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို သက်ဆိုင်ရာအသီးသီးမှ တစ်ဦးချင်းစီ ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော ကိုယ်စားလှယ်တော်များမှ အကြုံပြုဆွေးနွေးတင်ပြခဲ့ကြရာ တဆက်တည်းမှာပင် အကြံပြုဆွေးနွေးချက်များကို  ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။


ပြည်နယ်ပါတီညီလာခံကို တက်ရောက်မဲ့ ကိုယ်စားလှယ်(၅)ဦးရဲ့ အမည်စာရင်းကို ကော်မရှင်အဖွဲ့ဝင် ဦးဘိုစံ(မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင်)မှ အတည်ပြု ကြေညာပေးခဲ့ပါတယ်။

နံနက်(၁၀း၄၁)နာရီမှာပင် သဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအစီအစဉ်ကို ပြီးမြောက်စေခဲ့ကြောင်း သိရှိရပါတယ်။

မှတ်တမ်းဓါတ်ပုံ အပြည့်အစုံကိုကြည့်ရန်