Latest News

Dropdown Menu

Showing posts with label လုပ်အားပေး. Show all posts
Showing posts with label လုပ်အားပေး. Show all posts

Tuesday, September 25, 2012

အောက်တိုဘာ(၁)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ (၄၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုများက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံအတွင်းမှာ သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။



ဆေးရုံအတွင်း ချုံခုတ်၊ မြက်ရှင်း၊ အမှိုက်လှဲ စသည်ဖြင့် သန့်ရှင်းရေး လုပ်ကြရာမှာ (ခေတ္တ)တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင် နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သိန်းထွန်းဦး တို့ အပါအ၀င် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနဲ့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်မိသားစုများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။






 တာချီလိတ်ခရိုင်/မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုများအပါအ၀င် အင်အား (၂၀၀)ခန့်ဟာ စက်တင်ဘာ(၂၆)ရက်နေ့ နံနက်(၆)နာရီကနေ နံနက်(၈)နာရီထိ ဆေးရုံအတွင်း သန့်ရှင်းရေးလုပ်ကာ လုပ်အားပေးခဲ့ကြောင်း သိရှိရပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်လိုလျှင်