Latest News

Dropdown Menu

Showing posts with label ကားတိုက်မှု. Show all posts
Showing posts with label ကားတိုက်မှု. Show all posts

Wednesday, September 12, 2012

ယနေ့ည ( ၁၂.၉.၂၀၁၂) (၉)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ စစ်မှုထမ်းဟောင်းရုံးရှေ့၌ ကားတစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ကြောင်း သိရှိရသည်။


အဆိုပါကားမှာ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားထိပ်မှ မောင်းလာတာဖြစ်ပြီး တံတားထိပ်တွင် ရပ်ထားသော ကားတစ်စီးအား မတော်တဆပွတ်တိုက်မိခဲ့ရာမှ မောင်းပြေးသောကြောင့် အနောက်မှ ပွတ်တိုက်ခံရသော ကားမှာ လိုက်လာသည်ဖြစ်ကာ အရှိန်မြှင့်တင်၍ မောင်းပြေးရာမှ ယခုကဲ့သို့ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ယင်းအခင်းကိစ္စနှင့် ပတ်သက်၍ ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းစာမျက်နှာ သို့ ပြောကြားလာသည်။


တိမ်းမှောက်ခဲ့သော ကားသည် တံတားထိပ်မှ မောင်းပြေးလာပြီး အိမ်မက်ရွာခွေဆိုင်ရှေ့နားအရောက်တွင် မထိန်းနိုင်တော့ပဲ ကန့်လန့်ဖြစ်သွားကာ စစ်မှုတမ်းဟောင်းရုံးအရှေ့ရှိ ပလက်ဖောင်း အတွင်းသို့ပုံပါအတိုင်း ရောက်သွားခဲ့သည်။

ကားတိမ်းမှောက်မှုနှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်းရုံးရှေ့တွင် ရပ်တန့်ထားသော ဆိုင်ကယ်တစ်စီးမှာ အနည်းအငယ်ပျက်စီးသွားသည်ကို တွေ့ရှိရသည်။ ၎င်းအပြင် ရေတွင်းသေးစားရှိ အပေါ်ယံဂွေမှာ ကွဲအက်သွားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခြင်း မရှိသည်ကို တွေ့ရသည်။

ယာဉ်အား တာချီလိတ်မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ သိမ်းဆည်းပြီး ယာဉ်မောင်းသူအား ဥပဒေအရ အမှုဖွင့်အရေးယူရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရပါသည်။

ပြီးခဲ့သော သြဂုတ်(၁၇)ရက် နံနက် (၂း၁၅)ချိန်က ယာဉ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သည်။ ယခုပုံစံတိုင်းပင် လာသည့်လမ်းအတိုင်း မဟုတ်ပဲ ကန့်လန့်ဖြစ်သွားကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ပုံအကြီးကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net