Latest News

Dropdown Menu

Friday, December 13, 2013

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ စိတ်ကြွဆေးပြား ဖမ်းဆီးသိမ်းဆည်း

၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၃)ရက် မွန်းလွှဲ(၂)နာရီ (၄၅)မိနစ်အချိန်ခန့်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးရှေ့လမ်းသွယ်ရှိ နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြား (၈၁)ပြားအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ၀မ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးရှေ့လမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိ၍ ၀င်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား (၈၁)ပြားကို တွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးကျော်xxxအား တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ)၁၆၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »