Writen by
Tachileik News Agency
3:35 AM
-
0
Comments
ယနေ့ ဒီဇင်ဘာလ (၁၃)ရက် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ အိမ်အငှားတစ်လုံးတွင် မီးဖို မီးကြွင်းမီးကျန်မှ တဆင့် ထရံသို့ ကူးစက်ကာ မီးလောင်မှုဖြစ်ပွားရာ အဆိုပါ အိမ်ငှားတစ်လုံးလုံး မီးလောင်ကျွမ်းသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်ငှားအား မအေးxxxမှ တံခါးပိတ်၍ အပြင်သို့ သွားနေသည့်အတွက် အိမ်ထဲတွင် လူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့် မီးလောင်ကျွမ်းရာတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၅၀၀၀၀)ခန့်သာ ရှိကြောင်း သိရသည်။ မီးလောင်သည့် နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြိမ်းသတ်ရာ နံနက်(၈း၃၅)နာရီအချိန်မှာ လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ရေဂါလန် (၇၅၀)ခန့် အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။
"အိမ်က သွပ်မိုး ထရံကာ ဆိုတော့ မီးလောင်တာ ခဏလေးနဲ့ ပြာကျသွားတယ်၊ အထဲမှာလည်း အတွင်းပစ္စည်းဘာမှ သိပ်မရှိဘူးလို့တော့ သိရတယ်ဗျ၊ အဲ့မှာ နေတဲ့ လူက မီးဖိုခဲ့ပြီး အပြင်သွားတာလို့လည်း နဘေးက လူတွေက ပြောကြတယ်၊ မီးလောင်မှုကတော့ ကောက်ရိုးမီးလိုပဲ ခဏလေးနဲ့ တစ်အိမ်လုံး ပါသွားတာကို တွေ့ရတယ်"ဟု အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက် ကြည့်ခဲ့သူမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ဆက်လက်၍ မီးဘေးပေါ့ဆမှုကြောင့် အိမ်ငှား မအေးxxx အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၄၉/၂၀၁၃၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons