Latest News

Dropdown Menu

Friday, December 13, 2013

လေယာဉ်ကွင်းကျောင်း ဆရာတော် ဈာပန စည်းကားသိုက်မြိုက်စွာ ကျင်းပ

၂၀၁၃ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့က ပျံလွန်တော်မူသွားသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု စက်မှုဇုံရပ်ကွက်ရှိ လေယာဉ်ကွင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာ၏ ရုပ်ကလာပ်တော်အား တစ်လတိတိထားရှိ ပူဇော်ပြီးနောက် ယနေ့ ဒီဇင်ဘာလ (၁၃)ရက် မွန်းလွဲ(၁)နာရီအချိန်က အန္တိမအဂ္ဂိပူဇာသဘင်အား ပြုလုပ်ကျင်းပခဲ့ကြသည်။


ထိုသို့ပြုလုပ်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအပြင်၊ တပ်ဖက်ဆိုင်ရာမှ အရာရှိများနှင့် ရဲဘော်များ၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သာရေး/နာရေးကူညီမှုအသင်းများနှင့် စေတနာရှင် အလှူရှင်များ စသည်တို့မှ စုပေါင်း၍ လှူဒါန်းကြပြီး ဆရာတော်ဘုရား၏ ဈပနာအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆရာတော် ပျံလွန်တော်မူသွားချိန်တွင် သက်တော် (၆၇)နှစ် နှင့် ၀ါတော် (၄၇)၀ါရှိပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပျံလွန်တော်မူသွားတာဖြစ်ကြောင်း သိရှိရသည်။

( ဈာပနမှတ်တမ်းဗီဒီယိုအား ဆက်လက်၍ တင်ဆက်ပေးသွားပါမည် )

ပုံများကိုကြည့်ရန်
လေယာဉ်ကွင်းကျောင်းဆရာတော် ဈာပန (၁)
60 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »