Writen by
Tachileik News Agency
5:50 AM
-
0
Comments
၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၆)ရက် နေ့လည်(၁)နာရီက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မီးသတ်အဖွဲ့ဝင်တို့သည် မြို့မဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးသတိပေးလက်တွေ့ပြခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များသည် ၀မ်ကောင်းဈေး(မြို့မဈေး)အတွင်း ရေမြောင်းများအား ရေစီးရေလာ
ကောင်းမွန်စေရန်အတွက် မြောင်းအတွင်း အမှိုက်သရိုက်များ ဆယ်ယူခြင်း နှင့် ဈေးဘေးရှိ နမ့်ယွန်းချောင်းငယ် အတွင်းရှိ အပင်ငယ်လေးများ နှင့် အမှိုက်များစသည်တို့ကို ဆယ်ယူရှင်းလင်းစေခဲ့ကြပါတယ်။
ရေလာမလာ စစ်ဆေးခြင်းများအပြင် လျပ်စစ်မီတာများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။
ပြန်လည်ရောင်းချနေသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့မှ ကြက်သားသည် ငါးသည်များအတွက် ရေရရှိရန် ရေပိုက်များသွယ်ပေးပြီး ရေမီတာများဖြင့် တပ်ဆင်ကာ အသုံးပြုသွားရန်အတွက် ဇန်န၀ါရီ(၁၇)ရက်နေ့မှာ သား/ငါးသည်များနှင့်တွေ့ဆုံ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ဝင်တစ်ဦးမှာ ကြားသွားပါတယ်။
ပုံများကိုကြည့်ရန်






Social Buttons