Writen by
Tachileik News Agency
7:15 AM
-
0
Comments
ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁)ရက် နံနက်(၁၁)နာရီဝန်းကျင်က ကျိုင်းတုံမြို့မှ တဆင့် တာချီလိတ်သို့ မိုင်းဖုန်းဆရာတော်အား ဖူးမျှော်ရန်အတွက် အမျိုးသား(၂)ဦး အမျိုးသမီး(၅)ဦး နှင့် ကိုရင်လေးတစ်ပါး စုစုပေါင်း (၈)ဦး ပါဝင်သည့်အဖွဲ့သည် သုံးဘီးဆိုင်ကယ်ဖြင့် လာရာ မိုင်းဖြတ်မြို့နှင့် တာလေမြို့နယ်ခွဲကြားရှိ ကျတားရွာ နှင့် ပန်ခါးလုံရွာအလယ်တစ်နေရာ အကွေ့၌ မြေငလျင်ဒဏ်ကြောင့် လမ်း၏ အစွန်တွင် အနည်းငယ် လိမ်ဖယ်ဖြစ်နေသော ကတ္တရာလမ်းကြောင့် ချောက်ကပါးထဲ အရှိန်မထိန်းနိုင်မှုတို့ကြောင့် လူ(၈)ဦးနှင့် သုံးဘီးဆိုင်ကယ် ရောထွေး၍ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုတ်ကျသွားရာတွင် သုံးဘီးဆိုင်ကယ်မှာ ပျက်ဆီးနေပြီး လူ(၈)ဦးအနက် ကျောက်တုံးများဖြင့် ထိခိုက်မှုကြောင့် အသက်(၆၀)၀န်းကျင်ရှိ ဒေါ်ပါနွန်း၏ ၀ဲဘက်ခြေကောက်ဝတ်အရိုးမှာ ကျိုးသွားပြီး ညာဘက်ပါးပြင်နှင့် ဦးခေါင်းအပြင် မျက်ခွံတို့မှာ ဒဏ်ရာအကြီးရရှိတာကို တွေ့ရှိရသည်။ ဒေါ်ပါနွန်း၏ သမီးဖြစ်သူ ဒေါ်အီကောင်၏ နဖူးပြင်ထိပ်မှာ ကြီးမားသော ထိခိုက်ကွဲရှမှုဖြစ်ပေါ်ရာ စိုးရိမ်ဖွယ်ရှိ၍ ၎င်းတို့ သားအမိနှစ်ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံမှတဆင့် မယ်ဆိုင်ဆေးရုံသို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရပြီး သုံးဘီးဆိုင်ကယ်တွင် ပါဝင်သူ (၈)ဦးအနက် ကျန် (၆)ဦးမှာ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း သိရသည်။
ချောက်ထဲကျသွားသည့် သုံးဘီးဆိုင်ကယ်မှာ ငလျင်ဒဏ်ကြောင့် လိမ်ဖယ်ဖြစ်သွားသော ကတ္တရာလမ်းကြောင့် အရှိန်မထိန်းနိုင်တော့ပဲ ကျသွားခဲ့သည်ကို တာချီလိတ် စစစ မှ ဒု-စုံမှူးအောင်စိုးမိုး က တွေ့ရှိရ၍ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရ အရေးပေါ်လူနာအား အမြန်ဆုံးသယ်ဆောင်လာခဲ့ပြီး တာချီလိတ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသူ/သားများ ရောက်ရှိလာကြပြီး အရေးပေါ်လူနာအား ထိုင်းနိုင်ငံမယ်ဆိုင်ဆေးရုံသို့ ပို့ပေးခြင်းအပြင် ဒဏ်ရာအနည်းငယ်သာရသည့် အမျိုးသားတစ်ဦးဖြစ်သူ အသက်(၄၉)နှစ်အရွယ်ရှိ ဦးစိုင်းရီကို ခေါ်၍ ယာဉ်ပြုတ်ကျသွားရာ နေရာအား သွားရောက်ကာ ကျန်ရှိသည့် ပစ္စည်းများ ရှာဖွေပေးနိုင်ရန်အတွက် သွားရောက်ရှာဖွေရာ အဆိုပါနေရာအား ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ကျန်ရှိသည့် ပစ္စည်းများအား မိုင်းဖြတ်မြို့နယ် တာဝန်မှူး ဒုရဲအုပ်အောင်ဇော်ဝင်း၊ မိုင်းဖြတ် ယာဉ်/စည်းမှ ရဲတပ်ကြပ်ညီညီသက်နှင့် ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းတို့ အပါအ၀င် သိမ်းဆည်းပေးခဲ့ကြကြောင်း သိရှိရသည်။

{ ဖြစ်ပွားသည့်နေရာနှင့် တာချီလိတ်ဆေးရုံ အကွာအဝေး }

"ဒီနေရာမှာ လမ်းက တစ်ဘက်တည်း စောင်းသလိုလို ဖြစ်နေတော့ ကျွန်တော့် သူငယ်ချင်းရဲ့ သုံးဘီးလည်း ဒီနေရာမှာ အခုလိုပဲ အရင်က ပြုတ်ကျဖူးတယ်"ဟု ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
သတင်းရုပ်သံနှင့် သတင်းဆောင်းပါးအား "မိုင်တိုင် ၉၄"အမည်ဖြစ် ဆက်လက်ဖော်ပြပါမည်။
ပုံများကိုကြည့်ရန်

17 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

.jpg)

Social Buttons