Writen by
Tachileik News Agency
10:43 PM
-
0
Comments

အခု တင်တဲ့ ပိုစ့်လေးကတော့ အွန်လိုင်းမီဒီယာသမားအချင်းချင်း အပြန်အလှန်လေးစားသမှု၊ သတင်းစာသား သို့မဟုတ် သတင်းဓါတ်ပုံကို ကူးယူဖော်ပြလိုပါက ပိုင်ရှင်ထံ ခွင့်တောင်းနိုင်ပြီး ဘယ်ဌာနက ကူးယူထားကြောင်းဆိုတဲ့ စာတိုလေးတော့ ဖော်ပြပေးကြဖို့ အသိပေးစေချင်တဲ့ ပိုစ့်လေးဖြစ်ပါတယ်။
ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အဖွဲ့သားတွေဟာ ကိုယ့်မြို့ကိုယ့်ဒေသအတွက် မသိလိုက်ရသည်များ မမြင်လိုက်သည်များကို သိရှိနေကြရန် နဲ့ အများအကျိုးအတွက် တစ်ဖက်တစ်လမ်းက ဖြည့်စွက်ပေးနိုင်ရန်အတွက် ၀ါသနာအရင်းခံပြီး ယခုလို သတင်းများကို ကြိုးစားပြီး သွားရောက်ယူတာတွေ ဓါတ်ပုံရိုက်တာတွေ ပြုလုပ်လျှက်ရှိပါတယ်။
ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာအဖွဲ့သားတွေဟာ ဘာအကျိုးအမြတ်ကိုမှ မကြည့်ပဲ ၀ါသနာအရင်းခံပြီး လုပ်နေကြတာဖြစ်တာကတစ်ကြောင်း အစိုးရ၀န်ထမ်းမဟုတ်၊ မည်သည့်ပါတီကိုမှ ၀င်ရောက်ထားခြင်မရှိပဲ အရပ်သားမျှတာဖြစ်တာကြောင့် တစ်ခါတစ်ရံ သတင်းကြီးတွေကို ယူရသည်မှာ ခက်ခဲလှပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ တင်ထားသော သတင်းစာသားများ၊ သတင်းဓါတ်ပုံများကို ကူးယူဖော်ပြမယ်ဆိုပါက ခွင့်တောင်းနိုင်ပါတယ်။ ခွင့်မတောင်းချင်ရင်တောင်မှ ဘယ်ဌာနက ယူသုံးထားကြောင်းဆိုတာလေးကို ဖော်ပြထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့ထင်ပါတယ်။
အခုပိုစ့်လေးကတော့ ကျွန်တော်တို့ သတင်းယူတဲ့အခါ အခက်မတွေ့စေရန်အတွက် မဖြစ်မနေမို့ ဖော်ပြလိုက်ချင်းဖြစ်ပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာသည် မည်သည့်ဌာနအဖွဲ့အစည်းများမှ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နေတာမဟုတ်ပဲ လူငယ်တွေစုစည်း၍ ၀ါသနာအရင်းခံပြီး လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။တာချီလိတ်မြို့အတွက်လည်း အကောင်းဆုံးမဟုတ်ရင်တောင် အားလုံးအတွက် အကျိုးဖြစ်စေမဲ့ သတင်းစာမျက်နှာ တခုဖြစ်ရန်အတွက်လည်း ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ လူငယ်တွေဟာ ကြိုးစားနေ ကြိုးစားလျက်ရှိကြပါတယ်။
ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာအဖွဲ့သားတွေဟာ ဘာအကျိုးအမြတ်ကိုမှ မကြည့်ပဲ ၀ါသနာအရင်းခံပြီး လုပ်နေကြတာဖြစ်တာကတစ်ကြောင်း အစိုးရ၀န်ထမ်းမဟုတ်၊ မည်သည့်ပါတီကိုမှ ၀င်ရောက်ထားခြင်မရှိပဲ အရပ်သားမျှတာဖြစ်တာကြောင့် တစ်ခါတစ်ရံ သတင်းကြီးတွေကို ယူရသည်မှာ ခက်ခဲလှပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ တင်ထားသော သတင်းစာသားများ၊ သတင်းဓါတ်ပုံများကို ကူးယူဖော်ပြမယ်ဆိုပါက ခွင့်တောင်းနိုင်ပါတယ်။ ခွင့်မတောင်းချင်ရင်တောင်မှ ဘယ်ဌာနက ယူသုံးထားကြောင်းဆိုတာလေးကို ဖော်ပြထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့ထင်ပါတယ်။
မည်သည့်သတင်းဌာနကို မဆို ကျွန်တော်တို့အနေနဲ့ ကူးယူဖော်ပြခွင့်ပေးပါတယ်။ သို့သော် မည်သည့်နေရာက ယူထားကြောင်းဆိုတာလေးလောက်တော့ ဖော်ပြနိုင်မယ်ဆို လေးစာသမှုပြုရာ ရောက်ပါတယ်။အဲ့လိုမဖော်ပြပဲ လုပ်မည်ဆိုပါက ကျွန်တော်တို့အနေနဲ့ နောက်တစ်ခါသတင်းယူမဲ့အခါ ခက်သွားနိုင်ပါတယ်။ ဓါတ်ပုံရိုက်မဲ့အခါလည်း ခက်သွားနိုင်ပါတယ်။ အွန်လိုင်းမီဒီယာအချင်းချင်း မီဒီယာစည်းမျဉ်း စည်းကမ်းများကို နားလည်တတ်ကျွမ်းသူများဟာ မီဒီယာစည်းကမ်းကို တန်းဖိုးထားသလို သတင်းယူသော သတင်းထောက်ရပ် လုပ်ရပ်ကိုလည်း တန်ဖိုးထားမယ်လို့ ကျွန်တော်တို့ အနေနဲ့ယူဆမိပါတယ်။
အခုပိုစ့်လေးကတော့ ကျွန်တော်တို့ သတင်းယူတဲ့အခါ အခက်မတွေ့စေရန်အတွက် မဖြစ်မနေမို့ ဖော်ပြလိုက်ချင်းဖြစ်ပါတယ်။
မီဒီယာအချင်းချင်း အလေးထားနိုင်ကြပါစေ
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons