Writen by
Tachileik News Agency
9:47 AM
-
0
Comments
တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ ဟွေရယ်ကျေးရွှာ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၌ အေးသုခမဟာသိမ်တော်အား မြေနုတ် သိမ်သမုတ်ရန်အတွက် မန္တလေးမှ ဆရာတော်ကြီး (၈)ပါးကြွရောက်တော်မူခဲ့ကြပြီး ထိုအထဲမှ ဆရာတော်ကြီး (၃)ပါးသည် ဓမ္မပူဇာသဘင်ကို ၁၄/၁၅/၁၆.၅.၂၀၁၂ (၃)ညတိုင်တိုင်တရားအလှူပေးခဲ့ကြပါသည်။
ပထမညတွင် ဆရာတော်မှာ ဘဒ္ဒန္တနေမိန္ဒ၊ ဒုတိယညတွင် ဆရာတော် ဘဒ္ဒန္တဓမ္မာစာရနှင့် တတိယ(တရားပွဲနောက်ဆုံးည)တွင် ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏာလင်္ကာရ တို့မှ တရားတော်များကို ဟောကြားခဲ့ကြပါသည်။
ထိုတရားပွဲဖြစ်မြောက်ရန်အတွက် ရွှေတောင်တန်းဆရာတော်မှ မိန့်ကြားတော်မူပြီး မြို့ခံ အလှူရှင်များနှင့်ပူးပေါင်း၍ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှုးကျင်းပသော တရားပွဲဖြစ်ပါသည်။
ပုံများကိုကြည့်ရန်
- ပရဟိတရွှေတောင်တန်း၏ သိမ်တော်အောင်ပွဲ ဓမ္မပူဇာသဘင် 8 photos
- ပရဟိတရွှေတောင်တန်း၏ သိမ်တော်အောင်ပွဲအဖြစ် ဓမ္မပူဇာသဘင် ပထမညတရားပွဲ 52 photos
- ပရဟိတရွှေတောင်တန်း၏ သိမ်တော်အောင်ပွဲအဖြစ်ဓမ္မပူဇာသဘင် ဒုတိယညတရားပွဲ 40 photos
- ပရဟိတရွှေတောင်တန်း၏သိမ်တော်အောင်ပွဲအဖြစ်ဓမ္မပူဇာသဘင် နောက်ဆုံးညတရား 42 photos
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons