Latest News

Dropdown Menu

Sunday, April 8, 2012

သင်္ကြန်အတွင်း အလည်သွားစရာ မယ်ဟုတ်ချောင်း

တာချီလိတ်မြို့၌ သင်္ကြန်အတွင်; အလည်အပတ်သွားစရာ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဆိုပါလျှင် ပုန်းထွန်ချောင်းနှင့် မယ်ဟုတ်ချောင်း ရှိသည်။ ပုန်းထွန်ချောင်းအကြောင်းကိုတော့ ပုံနှင့်တကွ (ဒီမှာ) တင်ခဲ့ပြီဖြစ်ပါသည်။ ယခုအခါ မယ်ဟုတ်ချောင်းကို တင်ပြရမည်ဆိုလျှင် ပုန်းထွန်ချောင်းနှင့် မယ်ဟုတ်ချောင်း၏ အကွာအဝေးမှာ (၇)မိုင် (၈)မိုင်ခန့်ရှိသည်ဟု ယူဆရသည်။

မယ်ဟုတ်ချောင်းသို့ အသွားလမ်းမှာ မယ်ဟုတ်တံတားအနီး ပြည်သူ့စစ်ဂိတ် လမ်းကြားမှ ဖြတ်သွားရပြီး ဆိုင်ကယ်ဖြင့်ဖြစ်စေ ကားဖြင့်ဖြစ်စေ အတော်လေး မောင်းဝင်ရသည်။


စားသောက်ဆိုင်းတဲလေးများ....
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

စားသောက်စရာများ မှာယူနိုင်သော ဆိုင်ခန်းများ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အဝေးက မြင်ကွင်း
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

မယ်ဟုတ် တံတား အောက်ဘက်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

လျပ်တပြက်ရိုက်ချက်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ပုန်းထွန်ချောင်းနှင့် မယ်ဟုတ်ချောင်းတို့တွင် မယ်ဟုတ်ချောင်းသည် ပုန်းထွန်ချောင်းထက် စားသောက်ဖွယ်များမှာ ဈေးများပါသည်။ အကြောင်းမှာ ဆိုင်ခန်းခများ ဈေးကြီးသည်ဟု ယူဆမိသည်။


အထူးသတိပြုရန်....
မယ်ဟုတ်ချောင်းတွင် ( သင်္ကြန်အတွင်း ) ရေကစားသည့်အခါ အထူးသတိထားဖို့လိုပါသည်။ မယ်ဟုတ်ချောင်း၏ ရေစီးနှုန်းမှာ ကလေးများအဖို့ ပါသွားနိုင်သည်။ ယခုလ (ဧပြီလ)ထဲတွင်လည်း ကလေးတစ်ယောက် ရေနစ်ဆုံးပါးသွားသည်ဟု ကြားသိရသည်။ ထို့ကြောင့် သင်္ကြန်အတွင်း မယ်ဟုတ်ချောင်းသွားလည်ရာ၌ အရက်မူးနေလျှင် ရေကူးရာ၌ ဆင်ခြင်ဖို့လိုပါသည်။ မိန်းကလေးများ ရေနစ်ရာနေရာသို့ ရေမကူးရန် သတိပေးလိုပါသည်။ ကလေးသူငယ်များကိုလည်း အထူးသတိဖြင့်စောင့်ကြည့်စေချင်ပါသည်။ သင်္ကြန်အတွင်းအပျော်ကြူးက အသက်ဆုံးရှုံးရသည်ဆိုရာမှာ မူးလွန်း၍သော်လည်း၊ ရေမကူးတတ်ပဲ ရေနစ်ရာနေရာ၌ ကျွတ်(ဘော)စီး၍သော်လည်း ဖြစ်တတ်သောကြောင့် ရှောင်ကျဉ်စေချင်ပါသည်။
ပုံများကို အစုံအလင်ကြည့်လိုပါက အောက်တွင်နိပ်ပါ
သင်္ကြန်အတွင်း အလည်သွားစရာ မယ်ဟုတ်ချောင်း 29 photos

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
« PREV
NEXT »