Writen by
Tachileik News Agency
7:59 PM
-
0
Comments
ရှမ်းပြည်နယ်အစိုးရ၏ စီစဉ်ညွန်ကြားမှုဖြင့် သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီမှ ဆောက်လုပ်လှူဒါန်းထားခဲ့ပြီးသော တာချီလိတ်မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးအား ကွန်ကရိခင်းအပြီး လမ်းသစ်ဖွဲ့အား ၈.၄.၂၀၁၂ ( တနင်္ဂနွေ့နေ့)တွင် ရှမ်းရိုးမကွင်းရှေ့တွင် ဖွင့်လှစ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရ၀န်ကြီးများဖြစ်ကြသော ရှမ်းပြည်နယ်ဝန်ကြီးချုပ်(တောင်ကြီး) ဦးစပ်အောင်မြတ် ၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ စည်ပင်ဝန်ကြီးဦးတူးမောင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့အပြင် သက်ဆိုင်ရာဌာနအသီးသီးနှင့် ဒေသခံတိုင်းရင်းသားများမှ လာရောက်၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ကွန်ကရိခင်းခဲ့ပြီးသော ဗိုလ်ချူပ်လမ်းမ၏အကျယ်အ၀န်းနှင့် ကုန်ကျငွေ
- အကျယ် = ပေ ၄၀ (တချို့နေရာများ၌ ပေ ၃၀ )
- ထု (အထူ) = ၁၀လက်မ
- လမ်းမအရှည် = ၄.၁၈မိုင်
- ကုန်ကျငွေ = ကျပ်သန်းလေးထောင်
တာချီလိတ်ဗိုလ်ချုပ်လမ်းမကြီးအား ကောင်းမွန်လာရန်အတွက် ညွန်ကြား၊ လုပ်ဆောင်ခဲ့ကြသော သက်ဆိုင်ရာများနှင့် သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီအား ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
ပုံများကို ပြည့်စုံစွာကြည့်ရန်
Social Buttons