Writen by
Tachileik News Agency
8:52 PM
-
0
Comments
သင်္ကြန်ရောက်ပြီဆိုရင်ဖြင့် တာချီလိတ်မှာ သင်္ကြန်မကျရောက်မှီ (၁)လအလိုလောက်ကနေ သွားရောက်လည်ပတ်တဲ့နေရာလည်းဖြစ်၊ သင်္ကြန်မှာ လည်စရာအဖြစ် တာချီလိတ်မြို့ရဲ့ အစ ပုန်းထွန်ချောင်းနဲ့ တာချီလိတ်မြို့ရဲ့အဆုံး မယ်ဟုတ်ချောင်းတွေပဲဖြစ်ပါသည်။
အဲ့ဒီ ပုန်းထွန်ချောင်းနဲ့မယ်ဟုတ်ချောင်းဟာ သင်္ကြန်ကာလအတွင်းအတွက် ဈေးဆိုင်ခန်းများ စားသောက်ဆိုင်များ အများအပြားဖွင့်လှစ်ထားကြပြီး လာရောက်လည်ပတ်သူ မိသားစုများ အပေါင်းအသင်းမိတ်ဆွေ အုပ်စုလိုက်ဟာ စားသောက်ရင်းဖြင့် ရေဆော့ကစားတတ်ကြသည်။
ပုန်းထွန်ချောင်းဟာ တာချီလိတ်မြို့ထဲနဲ့နီးတာကြောင့် သင်္ကြန်မကျမှီလည်း သွားရောက်လည်ပတ် ရေဆော့ကစားသူများမှာ များပြာလှပါတယ်။ မယ်ဟုတ်ချောင်းကတော့ တာချီလိတ်မြို့ပြင်ဘက်ပြီး မယ်ဟုတ်တံတားအနီးကနေ သွားရပါတယ်။ မြို့ထဲနဲ့ဝေးတာကြောင့် သင်္ကြန်ရောက်မှသာ ပို၍စည်ကားလှသည်။
တာချီလိတ်မြို့လေးဟာ ကျဉ်းတာကြောင့် သင်္ကြန်အတွင်း အရေပတ်ခံထွက်တဲ့အခါ အိမ်က စထွက်တာနဲ့ ပုန်းထွန်ချောင်းကို ဦးတည်ထွက်ကြပြီး အဲ့ဒီကနေမှ မယ်ဟုတ်ချောင်းကို သွားကြတာများသည်။
ကျောက်တုံးအောက်က ရေအနစ်၏အတိုင်းအတာမှာ မှန်းဆ၍ မရပါ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ကား/ဆိုင်ကယ်အပ်နေရာ၌သာ အပ်နှံရန်
--------------------------
အောက်တွင်ထား၍ ပျောက်ဆုံးပါက တာဝန်မယူ
ဆိုင်ကယ်တုံကင်ပျောက်လျှင် ၂၀၀ ဘတ်တဲ့ :)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ပုန်းထွန်မှထွက်သော တာချီလိတ်မြို့အထွက်ဖြစ်ပြီး
မိုင်းတွင်း/မိုင်းဆတ် ဘက်သွားသောလမ်းဖြစ်သည်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

မိုင်းတွင်း/မိုင်းဆတ် ဘက်သွားသောလမ်းဖြစ်သည်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အထူးသတိပြုရန်....
ပုန်းထွန်ချောင်းတွင် သင်္ကြန်အတွင်း နှစ်စဉ်လိုလိုပင် လူတစ်ယောက်စ နှစ်ယောက်စ ရေနစ်သေဆုံးတာများ ဖြစ်တတ်သလို ယခင်နှစ်များဆီကလည်း သေဆုံးတာများရှိခဲ့သည်။ ထို့ကြောင့် သင်္ကြန်အတွင်း ပုန်းထွန်ချောင်းသွားလည်ရာ၌ အရက်မူးနေလျှင် ရေကူးရာ၌ ဆင်ခြင်ဖို့လိုပါသည်။ မိန်းကလေးများ ရေနစ်ရာနေရာသို့ ရေမကူးရန် သတိပေးလိုပါသည်။ အပျော်ကြူးက အသက်ဆုံးရှုံးရသည်ဆိုရာမှာ မူးလွန်း၍သော်လည်း၊ ရေမကူးတတ်ပဲ ရေနစ်ရာနေရာ၌ ကျွတ်(ဘော)စီး၍သော်လည်း ဖြစ်တတ်သောကြောင့် ရှောင်ကျဉ်စေချင်ပါသည်။
ပုန်းထွန်ချောင်းရှိ ဈေးဆိုင်ခန်းများကို ဆယ်တန်းစာမေးပွဲအပြီးမှာ စတင်ပြီး သင်္ကြန်အပြီး (၁)ပတ်လောက်တွင်ဆိုင်ခန်းများ သိမ်းတတ်ကြပါသည်။
ပုံများကို စုံလင်စွာကြည့်လိုလျှင် အောက်တွင်နိပ်ပါ
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons