Writen by
Tachileik News Agency
7:24 PM
-
0
Comments
၆.၄.၂၀၁၂ ခုနှစ် မြန်မာ့သက္ကရာဇ် ၁၃၇၃ခုနှစ် တန်ခူးလပြည့် သောကြာနေ့နံနက် (၆)နာရီမှ (၈)နာရီထိ၌ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးသော ဆွမ်းလောင်းပွဲကို ရှမ်းရိုးမကွင်းတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးအား တာချီလိတ်မြို့ရှိ မြို့သူ မြို့ဖ စေတနာအလှူရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စည်ကားသိုက်မြိုက်စွာ ဆွမ်းတော်လောင်းလှူခဲ့ကြပါသည်။ သံဃာတော်အပါး (၅၀၀)မှန်းထားသော်လည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တစ်ချို့ကျောင်းများမှာ မကြွရောက်နိုင်သောကြောင့် ပထမဆုံးဆွမ်းလောင်းပွဲတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးသာ ကြွရောက်ဆွမ်းတော်အလှူခံတော်မှူခဲ့ကြသည်။
ဆွမ်းလောင်းပွဲ ကျင်းပရာတွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကြ လှူဒါန်းကြသော ဆွမ်းဆန်များ၊ အအေး၊ ရေဗူး၊ မာမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဝေဖာ၊ ချိုချဉ်၊ စသည့် လှူဖွယ်ပစ္စည်းများ မထင်မှတ်သည်ထက် လာရောက်လှူဒါန်းသူများ အတော်များပြားလှသည်မှာ ၀မ်းသာပီတိဖြစ်စေပါသည်။
ယခု ပထမအကြိမ်တွင် အလှူမဏ္ဍပ် ကျဉ်းသွားသည်များ နေရာ စားပွဲခုံ အဆင်မပြေမှုများရှိခဲ့သည်ကို နောက်လာမည့် အကြိမ်များတွင် အဆင်ပြေအောင် စီစဉ်ပြုလုပ်သွားမည်ဟု အလင်းရောင်ပရဟိတအဖွဲ့မှ ပြောကြားပါသည်။

အလင်းရောင်ပရဟိတအဖွဲ့
အလင်းရောင်ပရဟိတအဖွဲ့သည် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ရန် အများအကျိုးသယ်ပိုးနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ လတ်တလော လုပ်ဆောင်ချက်များမှာ တနင်္ဂနွေနေ့နံနက်တိုင်း ရွှေတိဂုံစေတီရင်ပြင်(တာချီလိတ်)တွင် ကြမ်းတိုက် အမှိုက်လှဲ သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိပြီး ယခုအခါ လစဉ်လပြည့်လကွယ်တိုင်း၌ တာချီလိတ်မြို့ရှိ အလှူရှင်များနှင့်ပူးပေါင်း၍ သံဃာတော်မြတ်များအား ဆွမ်းတော်လောင်းလှူမှာဖြစ်ပါသည်။ ယခု ဆွမ်းလောင်းပွဲမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ပုံများကို အပြည့်အစုံကြည့်လိုပါက အောက်တွင် နိပ်ပါ။
- အလင်းရောင်ပရဟိတအဖွဲ့မှ ပထမဆုံးသောဆွမ်းလောင်းပွဲအတွက် ပြင်ဆင်နေပုံ 52 photos
- တာချီလိတ်မြို့၏ ပထမဆုံးသော ဆွမ်းလောင်းပွဲကြီး 118 photos
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons