Latest News

Dropdown Menu

Saturday, June 22, 2013

၁၅၀၀ကျပ်တန် တန်ဖိုးနည်း ဖုန်းကဒ်များလျှောက်ထား၍ ရထားသူများမှ မရသေးသူများအား ငဲ့ညှာ၍ နောက်ထပ်လျှောက်ထားခြင်း မပြုစေလို

နိုင်ငံတော်အစိုးရသည် ပြည်သူများအားလုံး လူနေမှုဘ၀မြင့်မားရေးနှင့် ဆက်သွယ်မှု လွယ်ကူစေရေးအတွက် တချိန်တခါက တန်ဘိုးကြီးမားစွာ ၀ယ်ယူခဲ့ရသော မိုဘိုင်းလ်ဖုန်းများအား ပြည်သူ တရပ်လုံး ကိုင်ဆောင်နိုင်ရေးအတွက် တန်ဘိုးနည်းမိုဘိုင်းလ်ဖုန်းများအား (၂၀၁၃)ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှ စတင်ကာ တစ်လတစ်ကြိမ်ရောင်းချပေးခဲ့ရာ ယခုအခါမှာ တတိယအကြိမ်ရှိခဲ့ပြီဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်းရှိ ပြည်သူများအတွက် ဧပြီလတွင် တန်ဘိုးနည်း CDMA 800MHz မိုဘိုင်းလ်ဖုန်း အလုံး(၇၀၀)၊ မေလတွင် အလုံး(၇၀၀) နှင့် ယခုဇွန်လတွင် အလုံးရေ (၂၇၀၀)အထိ တိုးမြှင့် သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံတော်၏ စေတနာကို မျက်ကွယ်ပြုကာ အတ္တသမားအချို့မှ မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲခွင့်ရရှိပြီးသော်လည်း ထပ်မံလျှောက်ထားမှုများရှိနေသည့်အတွက် သုံးစွဲခွင့်မရသေးသူများအား ကိုယ်ချင်းစာသောအားဖြင့် ထပ်မံလျှောက်ထားခြင်းမပြုကြပါရန် သက်ဆိုင်ရာမှ အကြိမ်ကြိမ်သတိပေး မေတ္တာရပ်ခဲ့သည်။

ထိုသို့ မေတ္တာရပ်ခံ ပန်ကြားနေသည့်ကြားမှ ဦးစိုင်းxxxx၊ ဦးကြည်xxx၊ ဒေါ်နန်းကျိန်xxx၊ ဒေါ်အားxxx၊ ( ၎င်းတို့၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် အမည်များအား ပြည့်စုံစွာ မဖော်ပြတော့ပါ) စသည့် အတ္တသမားအချို့သည် ယခုဇွန်လတွင် တတိယသုတ်အဖြစ် ရောင်းချရန် လျှောက်လွှာခေါ်ယူသည့်အခါ ထပ်မံလျှောက်ထားကြပြီး မဲနှိုက်ရွေးချယ်ရာတွင်လည်း ၀ယ်ယူခွင့် ရရှိသူများစာရင်းတွင် ပါဝင်နေသည်ကို စိစစ်ရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့၏ ၀ယ်ယူခွင့်များကို ငြင်းပယ်ချလိုက်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်း တယ်လီဖုန်းကိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွင် ရိုးသားသောစိတ်၊ ကိုယ်ချင်းစာစိတ်များဖြင့် ပြည်သူများမှ ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းပေးပို့သူ။         ။ မောင်ယဉ်ကျေး


« PREV
NEXT »