Writen by
Tachileik News Agency
10:48 AM
-
0
Comments
အဆိုပါ အခမ်းအနားတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာစောလွင် မှ အဖွင့်အမှာစကားပြောကြားပြီး Bee Health Myanmar Co,.Ltd ၏ Managing Director ဒေါ်မေငြိမ်းမှ ကုမ္ပဏီနှင့် ပါတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီးနောက် ဒေါက်တာ စိုးသီဟလွင်မှ health and particular needs "ကျန်းမာစေရေးကိုယ်တိုင်ရွေး" ဆေးဝါးနှင့် ဓါတ်စာများအကြောင်းကို ကျန်းမာရေး အသိပညာပေးအဖြစ် ရှင်းလင်းပြောကြားခဲ့သည်။ တဆက်တည်းမှာပင် အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်စုစုလွင်က တင်သွင်းဖြန့်ချိမည့် ထုတ်ကုန်များနှင့် ပါတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားစေသည်။
ယခုလို ဆေးဝါးများကို တာချီလိတ်မြို့မှာ မိတ်ဆက်ပွဲပြုလုပ်တာနှင့် ပတ်သက်ပြီး Managing Director ဒေါ်မေငြိမ်းမှ "ကျွန်မတို့ Bee Health Myanmar ကုမ္ပဏီအနေဖြင့် တင်သွင်းဖြန့်ချိမည့် ထုတ်ကုန်များကို မိတ်ဆက်ပွဲလုပ်တာဟာ ယခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တာချီလိတ်မှာ ပထမဆုံးလုပ်ရတဲ့ အကြောင်းရင်းကတော့ တာချီလိတ်မြို့ဟာ ကျွန်မတို့ရဲ့ Propolis Products ရောင်းချမှုကို စတင်ပြုလုပ်ခဲ့တဲ့ မူရင်းနေရပ် ဖြစ်တဲ့အတွက် ယခု ကျွန်မတင်ပြနေတဲ့ Bee Health Myanmar Company ရဲ့ Products ထုတ်ကုန်များအကြောင်းကို တာချီလိတ်မှာရှိတဲ့ မိဘပြည်သူများ အရင်ဦးဆုံး သိစေချင်လို့ပါ။ ဆက်လက်ပြီးတော့လည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို
့များနှင့် အခြားသော မြို့များမှာလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု ရှင်းလင်းပြောကြားသည်။
Propolis ဆေးနှင့်ပတ်သက်၍လည်း "Austrilia နိုင်ငံအနေဖြင့် Propolis Liquid ကို 25ml အနေဖြင့်သာ ထုတ်လုပ်ပြီးတော့ ဖြန့်ချိနေတာဖြစ်ပါတယ်။ အဲ့ဒီ 25ml တစ်ပုလင်းကို မြန်မာပြည်မှာဆိုရင် အနည်းဆုံး ကျပ်(၅)သောင်းလောက် ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီလိုဆိုရင် မြန်မာပြည်သူအနေဖြင့် လူတန်းစားမရွေးသောက်သုံးနိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ အဲ့ဒါနဲ့ ကျွန်မတို့အနေဖြင့် 10ml ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ နောက်ဆိုရင် 10ml ပုလင်းအရွယ် ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပါတယ်"ဟု Managing Director ဒေါ်မေငြိမ်းမှ ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
Bee Health Myanmar Co.,Ltd အနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့က ကုမ္ပဏီ မှတ်ပုံတင် အမှတ်(၃၈၈၅)ဖြင့် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး ကုမ္ပဏီရုံးခန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၄)လမ်း၊ မြေညီထပ်၊ အမှတ်(၆၀)၌ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
30 photos

Social Buttons