Writen by
Tachileik News Agency
12:23 AM
-
0
Comments
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသား/သူ (၂၇)ဦးတို့ ရွှေပြား(၈၁)ချပ်ကို ဇွန်လ(၂၁)ရက်နေ့က သွားရောက်လှူဒါန်းကြောင်း သိရသည်။ထိုသို့လှူဒါန်းရာမှာ ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်သော မဇ္ဈိမလူမှုကူညီရေးအသင်း၏ (၆)လပြည့် ဂုဏ်ပြုညစာ စားပွဲတွင် တက်ရောက်လာသည့် အသင်းသား/သူ (၆၅)ဦးအတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တစ်ဦးလျှင် ရွှေပြားတစ်ချပ်နှုန်းဖြင့် စုစုပေါင်း ကျပ်နှစ်ဆယ့်နှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်(၂၂၇၅၀၀၀) တန်ဖိုးရှိသော ရွှေပြား(၆၅)ချပ်အား လှူဒါန်းပေးပြီး အဆိုပါအသင်းသူ/သားများနှင့် တာချီလိတ်မြို့ရှိ အလှူရှင်များမှ စုပေါင်း၍ ကောက်ခံရရှိသော ရွှေပြား(၁၆)ပြား တန်ဖိုးရှိသည့် အလှူငွေ (၄၆၈၀၀၀)ကျပ်နှင့် (၂၅၉၀)ဘတ်တို့အား လှူဒါန်းရာ စုစုပေါင်း ရွှေပြား(၈၁)ချပ်အား ဥက္ကဌ ဦးတင့်ဆွေမှ ဂေါပက ဦးတင်မောင်အေး ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေသင်္ကန်းတစ်ချပ်လျှင် (၃၅၀၀၀)ကျပ် ဖြစ်ပြီး ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသူများအနေဖြင့်လည်း ရပ်တော်မူကုန်းရှိ ဂေါပက အဖွဲ့ထံသို့ သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ (၂၁၀၀၀)တန်ဖိုးရှိသော စတီးအခေါင်းတစ်လုံးအား ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းသို့ ပံ့ပိုး လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။
24 photos
.jpg)
.jpg)
.jpg)
Social Buttons