Writen by
Tachileik News Agency
9:32 AM
-
0
Comments
မြန်မာ - လာအို - ထိုင်း - တရုတ် (၄)နိုင်ငံ နယ်စပ်ရှိ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ၊ ၀မ်ကျင်းကျေးရွာရှိ လှိုင်ဂူဘုန်းတော်ကြီးကျောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ၌ အဓိက ဓါတုကုန်ကြမ်းဖြစ်သည့် ကဖင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်ပါလုပ်ငန်း တာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေး ပြဿနာများအား စုပေါင်း အဖြေရှာနိုင်ရန်အတွက် တာချီလိတ်မူးယစ်(အထူး)အဖွဲ့ မှ ဇူလိုင်လ(၂၀)ရက်နေ့က ကျေးရွာသူ ကျေးရွာသားများအား အသိပညာပေး ဟောပြော၊ ဆွေးနွေး၊ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။{ တာချီလိတ်မူးယစ်(အထူး)အဖွဲ့၊ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ မှ အသိပညာပေးဟောပြောနေစဉ်}
{ ကျိုင်းလပ်မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့် မှ အဖွင့်အမှာစကား ပြောကြား}
{တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင် မှ အသိပညာပေးဟောပြောနေစဉ်}
{တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးသိန်းဝင်း မှ အသိပညာပေးဟောပြောနေစဉ်}
ဆက်လက်၍ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးသိန်းဝင်း မှ MANA ဖွဲ့စည်းပုံနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင်က ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက်ပါ လုပ်ငန်းတာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေးပြဿနာများနှင့် ဆိုးကျိုးများအား စုပေါင်းအဖြေရှာနိုင်ရန်အတွက် ပါဝါပွိုင့်ဖြင့် ဆွေးနွေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ နေ့လည် (၁၁း၂၀)နာရီအချိန်မှာ အသိပညာပေး ဟောပြော၊ ဆွေးနွေး၊ ရှင်းလင်းမှုပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။
{ ဆွေးနွေးဟောပြောရာ၌ တက်ကြွစွာဖြေကြားနေသော ကျောင်းသူများ}
{ အသိပညာပေး လက်ကမ်းစာရွက်များ ပေးဝေနေစဉ်}
စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အခြေခံဓါတုပစ္စည်းဖြစ်သည့် ကဖင်းများမှာ မြန်မာ-လာအိုနယ်စပ်မှ တဆင့် တာချီလိတ်ခရိုင်အတွင်း ဖြတ်သန်း၍ မိုင်းဆတ်ခရိုင်နှင့် အခြားနေရာများသို့ သယ်ဆောင်လျှက်ရှိပြီး အဆိုပါ ဓါတုပစ္စည်းများ ၀င်ရောက်ရာတွင် ကျိုင်းလပ်မြို့နယ်ခွဲသည် အဓိက ၀င်ပေါက်ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
54 photos








1.jpg)

Social Buttons