Writen by
Tachileik News Agency
5:40 AM
-
0
Comments
ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများနှင့် တောင်ကျရေများအပြင် မြန်မာ-ထိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ရေကြီးရေလျှံမှုများကြောင့် တာချီလိတ်မြို့ရှိ ရပ်ကွက်တော်တော်များများ၌ ယခင်နှစ်နှင့်မတူ ရေလွှမ်းမိုးမှုများ ဆက်တိုက်လိုလို ဖြစ်ပေါ်နေလျှက်ရှိရာ ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့် ပြည်သူများနှင့် အိုးအိမ်များအား ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရန် အဆင်သင့် ဖြစ်နေစေရေးအတွက် ဒေသအာဏာပိုင် အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများက လှည့်လည် စစ်ဆေးကြည့်ရှု့မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။ရေလျှံမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် တက်လာသော ရေများမှာ ဆက်လက်ရှိနေသည့်နေရာသို့ သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေလွှမ်းမိုးမှုကြောင့် အခက်အခဲဖြစ်နေသူများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက် လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။
ထို့အတူ တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်း) နှင့် ကျန် လူမှုကူညီရေးအသင်းအဖွဲ့များမှလည်း အရေးပေါ်ကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လှည့်လည်ကြည့်ရှု့နေကြကြောင်း သိရသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်တို့တွင်
ရေလွှမ်းမိုးမှုကြောင့် ရေများအိမ်ထဲသို့ ၀င်ရောက်နေမှုများဖြစ်ပေါ်နေလျှက်ရှိရာ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များက သက်ကြီးရွယ်အို အဖိုး/အဖွားများ၊ မွေးကင်းစ ကလေးငယ် နှင့် မိခင် အပါအ၀င် အိမ်မွေးတိရစ္ဆာန်များအား ဖေးမကူညီကာ ရေနှင့်လွတ်ရာသို့ ပို့ဆောင်ပေးခြင်းနှင့် အိမ်သုံးပစ္စည်းများ၊ ယာဉ်များအား သယ်ယူရွှေ့ပြောင်းပေးမှုများကို ပြုလုပ်ပေးခဲ့ကြသည်။
ဆက်လက်၍ မယ်ခေါင်ရပ်ကွက် မယ်ခေါင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ချောင်းတွင် ရုတ်တရက် လွယ်စတုံဘက်မှ ပြင်းထန်စွာ စီးဆင်းလာသော ရေဒဏ်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အနီးကပ်ကြီးကြပ်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်းသားများ) နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အရေးပေါ် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
67 photos
62 photos
Social Buttons