Latest News

Dropdown Menu

Saturday, August 10, 2013

တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ ၁၀ ရက်နေ့  နံနက်ပိုင်းက တာချီလိတ်မြို့ ရွှေတိဂုံစေတော်ရင်ပြင်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နဂါးနှစ်ကောင် ဆရာတော် ဘုရားကြီးအမှူးပြုသော ကျောင်းတိုက် ၉ တိုက်မှ ဆရာတော်များ ကြွရောက်တော်မှုခဲ့ကြပြီး တောင်တန်းသာသနာပြုကျောင်းမှ လက်ထောက်ဆရာတော် ဘဒ္ဒန္တအိန္တဓမ္မ ထံမှ ငါးပါး သီလ ခံယူဆောက်တည်တော်မူကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။


အဆိုပါ အလှူတော်တွင် ​တြိ​ဂံ​ဒေ​သ​တိုင်း ​စစ်​ဌာ​န​ချုပ် ​တိုင်း​မှူး ​ဗိုလ်​ချုပ် ​သန်း​ထွန်း​ဦး၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့အပါအ၀င် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ လာရောက်၍ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ယင်းအလှူတွင် အလင်းရောင်ပရဟိတအသင်းမှ ကြွရောက်လာသော အလှူရှင်များနှင့် ဧည့်သည်တော်များအတွက် ချက်ပြုတ်ရေးအပိုင်းကို တာဝန်ယူကာ ဆောင်ရွက်ခဲ့ကြပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဧည့်ခံကျွေးမွေးရေးအပိုင်းကို တာဝန်ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ကျန်လူမှုကူညီရေးအသင်းအဖွဲ့များမှလည်း ဝေယျာဝစ္စများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
60 photos

« PREV
NEXT »