Writen by
Tachileik News Agency
6:19 AM
-
0
Comments
တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်း၌ သြဂုတ်လ ၂၁ရက်၊ ည ၇နာရီ မိနစ် ၅၀ ခန့်က စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားကို တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ရွာအား ကွင်းရှောင်သောလမ်း၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းရရှိမှုကြောင့် ကားများ၊ ဆိုင်ကယ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် ပါခုတ်ကျေးရွာဘက်သို့ မောင်းနင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ထည့်ထားသော ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅ထုတ် စုစုပေါင်း အပြား ၁၀၀၀ပြားအား ရှာဖွေတွေ့ရှိရသည်ဖြစ်တာကြောင့် အဆိုပါအဖွဲ့မှ အသက် ၄၀ နှစ်အရွယ်ရှိ တရားခံအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရပြီး ဖမ်းဆီးရမိသော တရားခံအား နမစ(၀မ်ပုံ) မယ (ပ)၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)အရ အမှုဖွင့်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သတင်းရရှိသည်။

Social Buttons