Latest News

Dropdown Menu

Thursday, August 22, 2013

ကျပ်သိန်းပေါင်း ၃၅၉ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်မြို့၌ ဖမ်းဆီးရမိ

၂၀၁၃ခုနှစ် သြဂုတ်လ ၂၀ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်က တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းမပေါ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့လာသော မော်တော်ယာဉ်များအား တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် အမျိုးသားတစ်ဦး မောင်းနင်စီးနင်းလာသော ကားတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀ ပြားနှင့် ကွင်းဆက်ဖော်ထုတ်စစ်ဆေးမှုအရ ထပ်မံ၍ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစာရင်းဝင် ချောင်းဆိုးပျောက်ဆေးပြား ၄၈၀,၀၀ ပြား အပြင် ဆူဒိုအက်ဖီးဒရင်းဆေးပြား ၁၃၅၆၀၀ပြားအား ရှာဖွေတွေ့ရှိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၅၉သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။


စိတ်ကြွဆေးပြား၏ ဆေးပြား ၁ ပြား တန်ဖိုးမှာ ကျပ် ၂၀၀၀ ခန့်ရှိသည်ဖြစ်ရာ ဖမ်းဆီးရမိသော ဆေးပြား အပြား ၁၀,၀၀၀ တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ခန့်ရှိပြီး CHLOPENIRAMINE MALEATE (4)mg PHENYLEPHRINE HCL (10)mg အချိုးအစား အာနိသင်ပါရှိသည့် NASOLIN စာတန်းပါ ချောင်းဆိုးပျောက်ဆေး တစ်ကဒ်လျှင် ၁၀ပြားပါသော ဆေးကဒ်မှာ ၄၈၀၀ ကဒ်၊ စုစုပေါင်း ဆေးပြား ၄၈,၀၀၀ ပြား၊ အလေးချိန်မှာ ၄.၈ ကီလိုရှိပြီး ဆေးပြားတစ်ပြားလျှင် ၅၀ကျပ် နှုန်းဖြင့် စုစုပေါင်းတန်ဖိုးမှာ ကျပ် ၂၄ သိန်းခန့်ရှိကြောင်း သိရသည်။

ထို့အတူ ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃၅,၆၀၀ပြားမှာ တန်ဖိုးငွေ ကျပ် သိန်း ၁၃၅.၆သိန်းခန့်ရှိပြီး ယခုဖမ်းဆီးသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၅၉သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

ကားပေါ်တွင်မှုးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသော တရားခံ၏ ထွက်ဆိုအချက်အရ ယခု မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုက ရရှိတာဖြစ်ကြောင်းထွက်ဆိုလာရာ၊ အဆိုပါပူးပေါင်းအဖွဲ့တို့မှ တရားခံ၏ ထွက်ဆိုချက်အတိုင်း ဖန်မင်ကျေးရွာအုပ်စုရှိ နေအိမ်သို့ သွားရောက် ရှာဖွေရာ နေအိမ်၏ အနောက်ဘက် မီးဖိုချောင်တဲအတွင်း မြေကျင်းတူး၍ ၀ှက်သိမ်းထားသော ချောင်းဆိုးပျောက်ဆေးများနှင့်  ဆူဒိုအက်ဖီဒရင်းဆေးပြားများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော အသက် ၂၉ နှစ်အရွယ် နှင့် ၂၇နှစ် အရွယ်ရှိ တရားခံနှစ်ဦးအား  တာချီလိတ်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


« PREV
NEXT »