Writen by
Tachileik News Agency
5:30 AM
-
0
Comments
တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ အောက်တိုဘာလ ၂၁ရက်နေ့၊ နံနက် ၉နာရီအချိန်က မကာဟိုခမ်းရပ်ကွက်ရှိ မီးလင်းရေးကော်မတီရုံးခန်းတွင် လွယ်တော်ခမ်းကျေးရွာ မီးလင်းရေးကော်မတီနှင့် တွေ့ဆုံ၍ လွယ်တော်ခမ်းကျေးရွာအတွင်း ၂၄နာရီ မီးလင်းရေး ကိစ္စရပ်များအား စတင် အကောင်အထည် ဖော်ရန် အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြို့မီးလင်းရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် ၅လခန့်က ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးအတွက် အစီအမံများ ချထားပြီးဖြစ်သော်လည်း လက်ရှိ သုံးစွဲနေသည့် (၈)မဂါဝပ်ဖြင့် ကျေးရွာပေါင်း ၃၅ရွာကို မီးလင်းပေးထားသဖြင့် မီးအားကျဆင်းပြီး မကြာခဏ မီးပြတ်မှုများကြုံနေရသည့်အတွက် နောက်ထပ် မီးပေးမည့် ရွာများအား ယာယီအားဖြင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးပြီးပါက လွယ်တော်ခမ်းကျေးရွာအပြင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွာ ၁၀ရွာအား လျှပ်စစ်မီးပေးရန်အတွက် ဓါတ်မီးတိုင်များ စတင်ချပေးထားပြီးဖြစ်သည့်အတွက် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်လည်း မီးပေးနိုင်တော့မှာဖြစ်သည့်အပြင် မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာထိ မီးပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီထံမှ သိရသည်။
မောင်အားတာမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ပုံများကိုကြည့်ရန်
17 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~






Social Buttons