Latest News

Dropdown Menu

Tuesday, October 22, 2013

အလင်းရောင်ပရဟိတအသင်းမှ ၄ ကြိမ်မြောက် ပြုလုပ်ကျင်းပသော ပထမည တရားပွဲ

အလင်းရောင်ပရဟိတအသင်းမှ ၄ ကြိမ်မြောက်  ပြုလုပ်ကျင်းပသော ပထမည တရားပွဲအား ၂၂.၁၀.၂၀၁၃ရက် ည ၇း၃၀ မှ ၉း၁၇ ထိ ကျင်းပရာ ဆရာတော် အရှင်ပညိန္ဒဘိဝံသ မှ "၀မ်းသာဖွယ်နေ့များဖြစ်ပါစေ" တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မှုခဲ့ပါသည်။


အလင်းရောင်ပရဟိတအသင်းမှ ပြုလုပ်ကျင်းပသော တရားပွဲသည် ယခုအကြိမ် အပါအ၀င် ၄ ကြိမ်မြောက်ဖြစ်ပြီး ဆရာတော်အရှင်သူမြတ် ၁၀ပါးဖြင့်  ၁၇ ညတိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ရာ တရားနာပရိသတ်များအနေဖြင့် မိမိတို့၏ ရပ်ကွက်များရှိ စုရပ်တွင် ညစဉ် ၇နာရီအချိန်၌ စုစည်းစောင့်ဆိုင်းစေပြီး အလင်းရောင်ပရဟိတအသင်းမှ ယာဉ်များဖြင့် ကြိုပို့ပြုလုပ်ပေးမှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပွင့်လင်းရာသီရောက်သည့် အခါတိုင်း၌ တရားပွဲများ ပြုလုပ်လေ့ရှိပြီး၊ ထိုသို့ တရားပွဲများပြုလုပ်ရာတွင် တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များမှ တရားပွဲဖြစ်မြောက်ရန်အတွက် စုပေါင်း၍ ပြုလုပ်ကျင်းပတာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်းမှပြုလုပ်သော ၄ ကြိမ်မြောက် ပထမည တရားပွဲ
45 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
 ~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »