Latest News

Dropdown Menu

Friday, October 11, 2013

တာချီလိတ်ခရိုင် ကိုယ်စားပြု အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့မှ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် အကြိမ် ၂၀ မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်

   ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် အကြိမ်(၂၀)မြောက်
 မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဆို အက အရေး အတီးပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည့် တာချီလိတ်ခရိုင်ကိုယ်စားပြု အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုဧည့်ခံခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအား အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် သွယ်ဟော့ပေါ့ ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးကျော်စွာလွင် နှင့် အာခါတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးလောတာတို့မှ ဂုဏ်ပြုစကားများပြောကြားကြပါသည်။



 ထို့နောက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အာခါတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အား
ဂုဏ်ပြုငွေ ကျပ်သိန်း(၃၀)၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင် ဦးကြည်မြင့်မှ ကျပ်တစ်သိန်း နှင့် အခြားအလှူရှင်များမှ ဂုဏ်ပြု ငွေများအား အသီးသီးပေးအပ်ကြရာ အာခါတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးလောတာမှ လက်ခံရယူပြီး အာခါတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များမှ ““ စည်းလုံးခြင်းသည်အင်အား ”” အကဖြင့် ကပြဖျော်ဖြေကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။       ။  မောင်ယဉ်ကျေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »