Latest News

Dropdown Menu

Friday, October 11, 2013

အလင်းရောင် ပရဟိတအသင်းမှ စတုတ္ထအကြိမ်မြောက်အဖြစ် ၁၇ ညတိုင်တိုင် အထူးတရားပွဲအား ကျင်းပပြုလုပ်မည်

တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ မြို့သူမြို့သားများနှင့် စုပေါင်းကျင်းပပြုလုပ်မည်ဖြစ်သော စတုတ္ထအကြိမ်မြောက် ဓမ္မပူဇာတရားပွဲအား အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့ထိ သံဃာတော်အရှင်သူမြတ် ၁၀ ပါးဖြင့် ၁၇ ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
တရားပွဲကာလအတွင်း၌ အလင်းရောင်ပရဟိတအသင်းမှ တရားနာလိုသူ ဧည့်ပရိသတ်များအား ရပ်ကွက်များအလိုက် သတ်မှတ်နေရာများတွင် ကြိုပို့ပေးမှာဖြစ်ပြီး တရားတော်ဟောကြားမည့်အချိန်အား  သတ်မှတ်ကာလအတွင်း ညစဉ် ၇နာရီ တိတိ၌ စတင်မှာ ဖြစ်ကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »