Writen by
Tachileik News Agency
8:21 PM
-
0
Comments
တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ (ဖလား) ရပ်ကွက်/ကျေးရွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား ဖွင့်ပွဲအခမ်းအနားအဖြစ် အောက်တိုဘာလ ၁၂ရက်၊ နံနက် ၉နာရီအချိန်က ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားသမားများမှ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် အခမ်းအနားအား ပြီးမြောက်စေကာ ပြိုင်ပွဲဝင် အသင်း နှစ်သင်းမှ ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုနှစ်တွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် လွယ်တော်ခမ်း၊ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း( က + ခ )၊ မယ်ခေါင်၊ ဟောင်လိတ်၊ ဖန်မင်၊ မိုင်းကိုး နှင့် မိုင်းဖုန်း ( က + ခ ) စသည့် ၁၁ ရပ်ကွက်/ကျေးရွာ တို့မှ အမျိုးသား ၁၁ သင်း နှင့် အမျိုးသမီး ၆ သင်း တို့မှ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲဝင် ဦးရေ အားကစားသမားများမှာ ၁၇၀ ဦးရှိကြောင်း သိရသည်။
ပြိုင်ပွဲအား ၁၂.၁၀.၂၀၁၃ မှ ၂၀.၁၀.၂၀၁၃ထိ သတ်မှတ်ထားပြီး တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားရုံတွင် ယှဉ်ပြိုင်ကစားမှာဖြစ်ရာ ပြိုင်ပွဲအား သတ်မှတ်ကာလ၏ နေ့စဉ် နံနက် ၉နာရီအချိန်တွင် စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Social Buttons