Writen by
Tachileik News Agency
9:40 PM
-
0
Comments
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၌ မူဆယ် - နမ့်ခမ်းသွား ကားလမ်းမပေါ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ(၁၀)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့်က ကျပ်သိန်းပေါင်း (၉၃၆)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူဆယ် - နမ့်ခမ်းသွား ကားလမ်းမပေါ်သို့ မူးယစ်ဆေးဝါး သတင်းအရ မသင်္ကာဖွယ် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးနေစဉ် နမ့်ခမ်းဘက်မှ မူဆယ်မြို့ဘက်သို့ အိုက်မုန်းxxx မောင်းနှင်လာသည့် SURF ကား အမျိုးအစားအား ရှာဖွေရန်အတွက် ရပ်တန့်ခိုင်းရာမှ အဆိုပါ ယာဉ်မှ ရပ်တန့်ပေးခြင်းမပြုပဲ လွယ်ဆုတောင်းဘုရားအနီး နောင်ခိုကူးတို့ ဆိပ်ဘက်သို့ မောင်းနှင်ထွက်ပေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာ အဆိုပါ ယာဉ်မှာ တောင်ခါးပန်ရံအား တိုက်မိပြီး လမ်းကန့်လန့်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့သည်။
တိမ်းမှောက်သွားသော ကားအတွင်းသို့ အဆိုပါအဖွဲ့မှ အသေးစိတ် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း ထိုင်ခုံဘေးရှိ အနက်ရောင် လက်ဆွဲအိတ်အတွင်းမှ မှိုင်းကိုင်စက္ကူဖြင့် ထည့်လျှက် 88 နှင့် 1 စာတမ်းတစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၁၉၅)ပြားစီ ပါသည့် အထုပ်(၃၀)ထုပ်စီး (၈)တောင့်၊ စုစုပေါင်း ဆေးပြားအထုပ်(၂၄၀)ထုပ်ရှိရာ စုစုပေါင်း ဆေးပြား(၄၆၈၀၀)ပြား ရှိပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၉၃၆)သိန်းခန့် ရှိကြောင်း သိသည်။
ဆက်လက်၍ အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ အိုက်မုန်းxxx ကို မူဆယ်မြို့နယ်မရဲစခန်းမှ မယ(ပ)၁၆/၂၀၁၄၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူဆယ် - နမ့်ခမ်းသွား ကားလမ်းမပေါ်သို့ မူးယစ်ဆေးဝါး သတင်းအရ မသင်္ကာဖွယ် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးနေစဉ် နမ့်ခမ်းဘက်မှ မူဆယ်မြို့ဘက်သို့ အိုက်မုန်းxxx မောင်းနှင်လာသည့် SURF ကား အမျိုးအစားအား ရှာဖွေရန်အတွက် ရပ်တန့်ခိုင်းရာမှ အဆိုပါ ယာဉ်မှ ရပ်တန့်ပေးခြင်းမပြုပဲ လွယ်ဆုတောင်းဘုရားအနီး နောင်ခိုကူးတို့ ဆိပ်ဘက်သို့ မောင်းနှင်ထွက်ပေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာ အဆိုပါ ယာဉ်မှာ တောင်ခါးပန်ရံအား တိုက်မိပြီး လမ်းကန့်လန့်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့သည်။
ဆက်လက်၍ အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ အိုက်မုန်းxxx ကို မူဆယ်မြို့နယ်မရဲစခန်းမှ မယ(ပ)၁၆/၂၀၁၄၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons