Writen by
Tachileik News Agency
1:24 PM
-
0
Comments
အစည်းအဝေးတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ပြုလုပ်မည့် ကိစ္စရပ်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ပဲပြုတ်နှင့်နံပြား မှာယူခြင်း၊ စာသင်ကျောင်းမှ ကလေးသူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ မေးခွန်းများကို မေး၍ ဖြေဆိုနိုင်ပါက ဆုချီးမြှင့်ရန် ကိစ္စ၊ ကလေးများအား နို့တိုက်ရန် ကိစ္စတို့အပြင် အာဇာနည်နေ့ သို့မဟုတ် လာမည့်နှစ်တွင် တာချီလိတ်မြို့ အထင်ကရနေရာ၌ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများမှ ၀ိုင်းဝန်းစုပေါင်းကာ ဗိုလ်ချုပ်ကြေးရုပ်တုအား သွန်းလုပ်တည်ထားနိုင်ရန်အတွက်လည်း စည်းဝေးခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၅၄၆)ဦးအား အလှူဒါနပြုနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည့် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများက စုပေါင်းပါဝင်၍ အလှူငွေများ ထည့်ဝင်ခဲ့ကြတာဖြစ်ပြီး ပုန်းထွန် (မူလွန်) ကချင်ရွာ(အ.လ.က)၊ တာလော့(မူလွန်)၊ ပါလျှံ(အ.လ.က) နှင့် မူလတန်းကျောင်း (၀မ်မိုင်)တို့မှာ သွားရောက်၍ အလှူဒါနပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Social Buttons