Latest News

Dropdown Menu

Monday, February 3, 2014

ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်အနက် ပထမအရစ် ကျပ်သိန်းငါးရာအား မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များက လက်ခံရယူ

   တာချီလိတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား ယနေ့ ဖေဖေါ်ဝါရီလ (၃)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ဦးသောင်းတင်ထွေးမှ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးရဲထူးက လုပ်
ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။


   ထို့နောက် တာချီလိတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်များ
ဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် ၊ အမျိုးသားလွှတ်တော်ကိုယ်
စားလှယ် ဦးဝီလ်ဆင်မိုး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့မှ နိုင်ငံတော်မှ
ပေးအပ်သည့် ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်အား သုံးစွဲပြီး လုပ်ငန်းများအကောင်အထည်
ဖော်ဆောင်ရွက်ရမည့် အစီအမံများအား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော မြို့နယ်
စည်ပင်သာယာရေးကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များက အသေးစိပ်ညှိနှိုင်းဆွေးနွေး
ကြပါသည်။

ယင်းနောက် နိုင်ငံတော်မှချမှတ်ပေးသော ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်အနက်
ပထမအရစ် ကျပ်သိန်းငါးရာအား မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်
များက လွှဲပြောင်းပေးအပ်ရာ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း
သိရှိရပါသည်။
သတင်းပေးပို့သူ။          ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »