Writen by
Tachileik News Agency
11:19 PM
-
0
Comments
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ အရှေ့ပိုင်းဒေသတွင် အများဆုံး နေထိုင်ကြသည့် အာခါတိုင်းရင်းသားများမှ "ချေမွန်"မျိုးရိုးစဉ်ဆက်တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ထိ တာချီလိတ်မြို့၊ ရီဂျီနာလမ်း၊ ဂေါက်ကွင်းအနီးရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ရာ အဆိုပါ တွေ့ဆုံပွဲသို့ "ချေမွန်"မျိုးနွယ်များ (၅၀၀)ကျော် လာရောက်ကြမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့မှ "ချေမွန်"မျိုးနွယ်များအပြင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ တာချီလိတ်ခရိုင်အပါအ၀င် ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းလား၊ မိုင်းဖြတ်၊ မိုင်းခတ် မိုင်းယန်း မိုင်းပျဉ်း မိုင်းယောင်း နှင့် တာလေ စသည့် မြို့များရှိ "ချေမွန်"မျိုးနွယ်များ လာရောက်ကြမှာဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် "ချေမွန်"မျိုးရိုးစဉ်ဆက် စာရင်းမှတ်တမ်းပြုစုခြင်း၊ "ချေမွန်"မျိုးရိုးစဉ်ဆက်အကြောင်း ဆွေးနွေးခြင်း နှင့် အာခါရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေခြင်းများကို ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် "ချေမွန်"မျိုးနွယ်များအားလုံး အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ကြစေလိုကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons