Writen by
Tachileik News Agency
3:52 AM
-
0
Comments
မြန်မာ့သက္ကရာဇ် ၁၃၇၃ မှ ၁၃၇၄သို့အကူး အင်္ဂလိပ်သက္ကရာဇ် ဧပြီလ ၁၂ရက် ၂၀၁၂ ကြာသပတေးနေ့ ညနေ (၃)နာရီတွင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း၌ ဗဟိုသင်္ကြန်မဏ္ဍပ် နှင့် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်အပါအ၀င် လားဟူ/အခါသင်္ကြန်မဏ္ဍပ် တို့အား ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပကြရာတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုး နှင့် ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး အပါအ၀င် ခရိုင်ဒုတိယရဲမှူးကြီးတို့မှ လာရောက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဦးစွာပထမ ဗဟိုသင်္ကြန်မဏ္ဍပ်အားဖွင့်လှစ်ရာ၌ တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာရိုးရာသင်္ကြန်အကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်စပ်လျဉ်းသော အကြောင်းအရာများကို ပြောကြားသွားခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားအပြီး၌ သင်္ကြန်မယ်များ ကပြနေသည်များကို ပျော်ပျော်ပါးပါးဆင်နွှဲကြပြီးနောက် ရခိုင်သင်္ကြန်မဏ္ဍပ်နှင့် လားဟူ/အခါသင်္ကြန်မဏ္ဍပ်တို့အား ဖွင့်လှစ်ခဲ့ကြသည်။

အဖွင့်အမှာစကားပြောကြားစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရခိုင်ရိုးရာ အမျိုးသား နဲ့ အမျိုးသမီး ရေအပြန်အလှန်ပတ်နေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရခိုင်သင်္ကြန်မဏ္ဍပ်မှာ ယခုနှစ်အပါဝင်၌ (၅)ကြိမ်မြောက်ဖြစ်ခဲ့ပြီး လားဟူ/အခါသင်္ကြန်မဏ္ဍပ်မှာတော့ ယခုနှစ်(၂၀၁၂)တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
တာချီလိတ်ရှိ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား 83 photos
နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons