Writen by
Tachileik News Agency
5:13 AM
-
0
Comments
တာချီလိတ်မြို့ရဲ့ သင်္ကြန်အခါတော်တွင်းမှာ လည်စရာများများစားစားမရှိလှပါဘူး။ ပုန်းထွန်ချောင်းမှ မယ်ဟုတ်ချောင်းထိသာရှိပါတယ်။ မြို့ထဲက မဏ္ဍပ်တွေမှာတော့ ရေပက်နေကြတာတွေကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမြို့တွင်းရေပက်ခံထွက်ပြီး ပုန်းထွန်ချောင်းမဟုတ်ရင် မယ်ဟုတ်ချောင်းကို ဦးတည်ကြပါတယ်။ဒီနေ့တော့ တစ်ချို့နေရာတွေကို ဓါတ်ပုံရိုက်ရင်း ပုန်းထွန်ချောင်းဆီကို ရောက်သွားခဲ့ပါတယ်။
ပုန်းထွန်ချောင်းဟုခေါ်သည်* * * * ** * * * ** * * * ** * * * *
ရေနစ်မျောပါသွားသော ကလေးငယ်အား ရှာနေကြပုံ* * * * ** * * * ** * * * ** * * * *
ပုန်းထွန်ချောင်းမှာ ကလေးတစ်ယောက်ရေနစ်မျောပါသင်္ကြန်အတွင်းအထူးသတိထားဖို့လိုသည်မှာ ရေချောင်းရောက်ပြီဆိုတာနှင့် မိမိကိုယ်ကိုယ်ရော မိမိနှင့်သက်ဆိုင်သူကိုပါ အထူးသတိထားစောင့်ကြည့်ဖို့လိုပါသည်။ ရေနစ်ရာသို့လည်းကောင်း ကျောက်ဆောင်ပေါ်သို့လည်းကောင်း မသွားရောက်ရန် သတိပေးသင့်သည်။ အကြောင်းမှာ ရေထဲမျှောပါသွာနိုင်ခြင်း ရေနစ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုလ အတွင်း၌ မယ်ဟုတ်ချောင်းတွင် မိန်းကလေး(ကလေး)တစ်ယောက် ရေနစ်သေဆုံးသွားသကဲ့သို့ ပုန်းထွန်ချောင်းတွင်လည်း ယောကျာ်းလေး(ကလေး) တစ်ယောက်ရေနစ်သေဆုံးသွားခဲ့သည်။ အပျော်သွားရမှာ သောကရောက်တတ်သည်ဖြစ်တာကြောင့် သင်္ကြန်အတွင်း မယ်ဟုတ်ချောင်းနှင့် ပုန်းထွန်ချောင်း သွားကြသည်အခါ ရေနစ်ရေမျော မဖြစ်စေရန်အထူး သတိထားရန် လိုပါကြောင်း ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အဖွဲ့သားများမှ သတိပေးနှိုးဆော်လိုက်ပါသည်။
အချိန်က ၁၃.၄.၂၀၁၂ ညနေ ၃နာရီ၅၀မိနစ်ခန့်မှာ (၆)နှစ်သားအရွယ် ယောကျာ်းလေးတစ်ယောက် ရေထဲမျောပါနစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
ပုံများကို စုံလင်စွာကြည့်လိုလျှင်နိပ်ပါ
တာချီလိတ်သင်္ကြန် အကျ ( ၁၃.၄.၂၀၁၂ ) 69 photos
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net




Social Buttons