Writen by
Tachileik News Agency
9:14 PM
-
0
Comments
သင်္ကြန် ကြို၊ အကျ၊ အကြတ်၊ အတက်တို့တွင် အချင်းချင်းရေကစားကြရသည်။ ထိုသို့ ရေမကစားမှီ၌ ရခိုင်တိုင်းရင်းသားများ၏ ထုံးစံမှာ သင်္ကြန်အခါတော်၌ မိတ်ဆွေရောင်းရင်းများအချင်းချင်း အပြန်အလှန်ရေမပက်ကြမှီ ဦးစွာပထမ ဗုဒ္ဓမြတ်စွာဘုရားအား ရေသပ္ပာယ်ရသည်ဟု အဆိုရှိလေသည်။
ဘုရားအားရေသပ္ပာယ်ရာ၌ မွန်မြတ်ခြင်း မွှေးပြန့် သန့်ရှင်းစင်ကြယ်ထုံးသင့်ပျံ့စေလိုငှာ အမွှေးနံသာရည်ဖြင့်သာ သပ္ပာယ်ကြရသည့် အဆိုလည်းသလို ရိုးရာထလေ့လည်းဖြစ်တာကြောင့် သင်္ကြန်အကြိုနေ့တိုင်း၌ တာချီလိတ်မြို့ရှိ ရွှေတိဂုံဘုရားတွင် ရခိုင်တိုင်းရင်းသားတို့ သွားရောက် ရေသပ္ပာယ်ကြသည်။
ထိုရခိုင်ရိုးရာနံသာရေဖြင့် ဘုရားရေသပ္ပာယ်ပွဲတွင် ရခိုင်လူမျိုးများအစုံအလင်ပါဝင်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှုနှင့် ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ထမ်းတစ်ချို့ လာရောက်၍ ကူညီလုပ်ဆောင် ဒါနပြုခဲ့ကြသည်။
( ၁၂.၄.၂၀၁၂)တွင် တာချီလိတ်မြို့၌ ရခိုင်ရိုးရာသင်္ကြန်ကျင်းပသည့်အကြိမ်နှင့်တွက်မည်ဆိုပါက ယခုနှစ်ပါဆိုလျှင် (၅)ကြိမ်မြောက်ဖြစ်လေသည်။

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်အစဉ်အစီကို ၁၂.၄.၂၀၁၂ (ကြာသပတေးနေ့) နံနက် (၉)နာရီတွင် ကျင်းပခဲ့ ပါသည်။
ပုံများအပြည့်အစုံကြည့်လိုလျှင်
ကျေးဇူးတင်ပါသည်။
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons