Latest News

Dropdown Menu

Thursday, February 20, 2014

တာချီလိတ်၌ မီးသတ်တပ်ဖွဲ့နှင့် လေကြောင်းပို့ဆောင်ရေးတို့ ပူးပေါင်း၍ မီးငြိမ်းသတ်မှုသရုပ်ပြ

တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာချီလိတ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ တာချီလိတ်လေဆိပ်ရှိ လေကြောင်းလိုင်း(၈)လိုင်းမှ ၀န်ထမ်း(၁၂၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၁၃၅)ဦးတို့အား လေဆိပ်မီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်း၍ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်မှု သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက် နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ သရုပ်ပြသရာမှာ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်မှ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒုမီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုမှ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်ဖြင့် လက်တွေ့ရေပက်သရုပ်ပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။


အဆိုပါ မီးငြိမ်းသတ်မှု သရုပ်ပြသပွဲသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »