Writen by
Tachileik News Agency
7:35 AM
-
0
Comments
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးအောင်သောင်းရွှေ သည် မေလ နှင့် ဇွန်လ အတွင်းတွင် ကျေးရွာနှင့်ကျောင်းများ၌ သင်ကြားပို့ချခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖယ်ဒရေးရှင်းတိုပူးပေါင်းဖွင့်လှစ်သောကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်း နှင့် ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းများတွင်တက်ရောက်သင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများ နှင့် ကျေးရွာသူ
ကျေးရွာသားများ၏ အခြေအနအား ဌာနချူပ်မှ တဆင့် လာရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိသည်ကို သိရသည်။ ထိုသို့ ကွင်းဆင်းလေ့လာဆန်းစစ်မှုများကို ပြုလုပ်ရာတွင် တာချီလိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါလိုက်ပါပြီး ကွင်းဆင်းလေ့လာဆန်းစစ်မှုများကို ပြုလုပ်ခဲ့ကြသည်။


ဇူလိုင်လ(၂၄)ရက်နေ့တွင် အ.ထ.က(ခွဲ)မိုင်းကိုးကျောင်းနှင့် တာလေမြို့နယ်ခွဲ အ.ထ.ကကျောင်းတို့တွင် ယခင်သင်ကြားပြီးသော သင်တန်းအခြေအနေများကို ၎င်းတို့မှ ကွင်းဆင်းလေ့လာဆန်းစစ်မှုများကို ပြုလုပ်ပြီး ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေးသင်တန်းတွင်တက်ရောက်ခဲ့ကြသော ကျောင်းသား
ကျောင်းသူများကို ကြက်ခြေနီအသင်းမှ ကြက်ခြေနီအမှတ်တံဆိပ်နှင့် ကျောင်းအခြေပြု
ဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ် စာတမ်းပါ အင်္ကျီနှင့် ဦးထုပ်တို့ကို ပေးအပ်ခဲ့ကြသည်။

ထို့နောက်မှာတော့ တာလေမြို့နယ်ခွဲရှိ မအန်ခမ်ကျေးရွာနှင့် ၀မ်ဆာကျေးရွာတို့တွင်လည်း သွားရောက်ကွင်းဆင်းလေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ကြကြောင်းသိရပြီး ဇူလိုင်(၂၅)ရက်နေ့တွင် တာချီလိတ်မြို့နယ်ရှိ လွယ်တော်ခမ်းကျေးရွာတွင်လည်း သွားရောက် ကွင်းဆင်းလေ့လာ ဆန်းစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

၎င်းတို့အနေဖြင့် ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်တန်းကို ပြီးခဲ့သော မတ်လ(၁၄)ရက်နေ့နှင့် ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်တန်းကိုတော့ ဇွန်လ(၇)ရက်နေ့က သင်ကြားပို့ချခဲ့ကြသည်။
ပုံများကို ကြည့်ရန်
ဦးအောင်သောင်းရွှေ မှ ကွင်းဆင်းလေ့လာ.... 59 photos
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons