Latest News

Dropdown Menu

Wednesday, July 25, 2012

တာချီလိတ် NLD မှ ကျေးရွာ(၃)ရွာသို့သွားရောက်၍ ပါတီစည်းရုံးရေးနှင့် ပညာရေးကွန်ယက်အစီအစဉ်ဖြင့် ထောက်ပံ့

ဇူလိုင်(၂၂)ရက်နေ့တွင် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် (၂၅)ဦးခန့်တို့သည် ၀မ်ကောင်း(၁)၊ ၀မ်ကောင်း(၂) နှင့် ရန်ရှင်း(၃)ကျေးရွာတို့တွင် သွားရောက်၍ ပါတီစည်းရုံးရေးနှင့် ပညာရေးကွန်ယက်အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


၎င်းတို့သည် ၀မ်ကောင်း(၁)၊ ၀မ်ကောင်း(၂) နှင့် ရန်ရှင်း(၃)ကျေးရွာ ကျေးရွာ(၃)ရွာရှိ ကျောင်းနေရွယ် ကလေးသူငယ် (၁၀၆)ဦးကို ဗဟိုအဖွဲ့ချုပ်မှ ပညာရေးကွန်ယက်အစီအစဉ်အနေဖြင့်
ပေးပို့လာသော ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၃၀)အပါအ၀င် တာချီလိတ်မြို့နယ်ရှိ အဖွဲ့ချုပ်မှ စုပေါင်းလှူဒါန်းသော ကျောင်းသုံးကရိယာပစ္စည်းများကို ပေးအပ်ထောက်ပံ့ခဲ့ကြသည်။


ဇူလိုင်(၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်သည် မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့အတွက် (၁၀)ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ညီလာခံကျင်းပရေးကော်မရှင် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲရွေးချယ်ပွဲ ကိုတော့ ဇူလိုင်(၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

ပုံများကို ကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »