Writen by
Tachileik News Agency
1:30 AM
-
0
Comments
တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု၊ လေဆိပ်သွား လမ်းဘေးရှိ ရေမြောင်းများကိုပြည်ခိုင်ဖြိုးပါတီမှဟောင်လိတ်နယ်မြေတာဝန်ခံ အပါအ၀င် ကော်မတီအဖွဲ့ဝင်များမှ
ရေမြောင်းတူးဖော်ခြင်းကို ဇူလိုင်(၂၃)ရက်နေ့က စ၍ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အမှိုက်များ၊ နွံများ၊ မြက်ပင်များနှင့် ပြည့်နှက်နေပြီး ရေသွားရေလာပိတ်ဆို့နေသော မြောင်းရဲ့အရှည်
ပေ(၄၀၀)ခန့်ရှိ ရေမြောင်းနှင့် ဖို့မြေများဖြင့် ပြည့်နေသော ပေ(၁၅၀)ခန့်ရှိရေမြောင်းအား တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြေတူးဖော်ကားကို ငှားရမ်းကာ ပြည်ခိုင်ဖြိုးပါတီ ဟောင်လိတ်နယ်မြေတာဝန်ခံမှ ဦးဆောင်၍ ကော်မတီဝင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းသိရသည်။



၎င်းတို့အနေဖြင့် ယခုလို ရေစီးရေလာကောင်းမွန်ရန်အတွက် တူးဖော်သည့် ကုန်ကျစားရိတ်များမှာ ပါတီမှ စိုက်ထုတ်ကုန်ကျတာဖြစ်ကြောင်း သိရပြီး ဇူလိုင်(၂၆) ရက်နေ့တွင်လည်း မိုင်းကိုးတွင် ရေမြောင်း တူးဖော်ရန်ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons