Writen by
Tachileik News Agency
8:37 AM
-
0
Comments
တာချီလိတ်မြို့ရှိ အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းမှ ကျန်းမာရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များအား အဆိုပါ ဆေးခန်းတွင် ခန့်ထားနိုင်ရန်အတွက် ၀န်ထမ်းလျှောက်လွှာများအား ခေါ်ယူနေလျှက်ရှိရာ တာချီလိတ်မြို့တစ်မြို့တည်းက မဟုတ်ပဲ မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့၊ အနယ်နယ်မှ မည်သူမဆို လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် လျှောက်ထား စုံစမ်းနိုင်ကြောင်း သိရပြီး လျှောက်ထားသူများကို ဦးစားပေးစနစ်ဖြင့် ခန့်အပ်မှာဖြစ်ကြောင်း သိရသည်။အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း၌ ခန့်အပ်ရန်အတွက် လိုအပ်နေသည့် ၀န်ထမ်းများမှာ-
၁။ | ဓါတ်ခွဲကျွမ်းကျင် ပညာရှင် | ( Laboratory ) | ( ၁ ) ဦး |
| ၂။ | ဓါတ်မှန်ကျွမ်းကျင် ပညာရှင် | ( X-Ray ) | ( ၁ ) ဦး |
| ၃။ | ဆေးဝါးကျွမ်းကျင် | ( Pharmacy ) | ( ၂ ) ဦး |
| ၄။ | ကွန်ပျူတာ ကျွမ်းကျင် | ( Casher Computer ) | ( ၂ ) ဦး |
| ၅။ | သူနာပြုဆရာမ | ( Staff Nurse ) | ( ၃ ) ဦး |
| ၆။ | သူနာပြုဆရာမ | ( Traim Nurse ) | ( ၃ ) ဦး |
"၀န်ထမ်းလစာကိုတော့ ညှိနှိုင်းလို့ရပါတယ်၊ ဦးလှိုင်တို့ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါ၊ ၀န်ထမ်းလျှောက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်မြို့နယ်က လျှောက်လျှောက် လက်ခံပါတယ်။ နိုင်ငံခြားက ပြန်လာပြီး လျှောက်မယ်ဆိုလည်းရပါတယ်၊ တစ်ခုရှိတာက တကယ့်ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့လိုပါတယ်၊ အခုလက်ရှိ ဦးလှိုင်တို့ ဆေးခန်းမှာ စင်္ကာပူက ပြန်လာပြီး အလုပ်ဝင်တဲ့ လူတွေလည်း ရှိနေပါတယ်။"ဟု အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြပါသည်။
အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့်အထူးကုဆေးခန်းတွင် မျက်စိကုသခြင်းနှင့် ပတ်သက်၍ ၀ါတွင်းကာလအတွင်း စက္ခုဒါနအဖြစ် (၃၆)ဦးအား ဦးစားပေးစနစ်ဖြင့် အခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိပြီး နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း ဖြစ်ကြောင်း သိရှိရသည်။
ဆက်သွယ်စုံစမ်းရန်
မြန်မာဖုန်း။ 09 5242155 ၊ 09 36042540၊ 09 36042546
တည်နေရာ
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း
မဟာမြတ်မုနိဘုရားကြီးကျောင်း(မြောက်ဘက်မုခ်ဦးအနီး)
မဟာဗောဓိကုန်းနှင့် ရွှေတိဂုံဘုရားတက်လမ်း
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း။ ။ 084-51491 | 084-51895 | 084-52901

Social Buttons