Writen by
Tachileik News Agency
10:12 AM
-
0
Comments
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများဖြစ်သည့် မြို့နယ်တော်တော်များ၌ မိုးရွာသွန်းမှုများအပြင် တောင်ကျရေများ နှင့် ချောင်းရေများကြောင့် လူနေအိမ်များအတွင်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ တာလေမြို့နယ်ခွဲရှိ ကျေးရွာများတွင် ရေဘေးဒဏ်ခံသူများ များပြားကြောင်းသိရ၍ တာချီလိတ်မြို့ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် စေတနာရှင် အလှူရှင်များမှ သွားရောက် ကယ်ဆယ် ပံ့ပိုး လှူဒါန်းခဲ့ကြကြောင်း သိရသည်။ရေဘေးဒဏ်ခံလိုက်ရသော တာလေမြို့နယ်ခွဲရှိ ၀မ်ဝိန်းကျေးရွာမှ အိမ်ခြေ ၄၈ အိမ် နှင့် တာကြန့်ကျေးရွာမှ အိမ်ခြေ ၈၈ အိမ်တို့မှ ကျေးရွာသူ၊ ကျေးရွာသားများအား တာချီလိတ်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ ဆရာဝန်များမှလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် စေတနာရှင်များမှ မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်း အုပ်စုအလိုက် သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စေတနာရှင် အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာများ အနေဖြင့် ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများ နှင့် ထမင်းဗူးများအပြင် အခြားစားစရာများကို အဓိကထား ပေးအပ် ကူညီ ထောက်ပံ့ခဲ့ကြသည်။
"အစ်မတို့ ရောက်သွားလို့ သူတို့တွေ ပျော်နေကြတယ်၊ အရမ်းဖြူစင်တဲ့ အပြုံးနဲ့ အမတို့ကို လက်ဆွဲနှုတ်ဆက်ကြ ကြိုဆိုကြပေါ့၊ ရွာကဘုန်းကြီးကျောင်း ၃ ကျောင်းကို ကန်တော့ခဲ့တယ်၊ အလှူပစ္စည်းတွေကိုလည်း ကာယကံရှင် ရွာသူ၊ ရွာသားတွေရဲ့ လက်ထဲ အပ်ခဲ့တယ်"ဟု ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ မရွှေစင်ခက်က တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
ပြီးခဲ့တဲ့ရက်များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာလေချောင်း ရေလျှံတက်မှုများဖြစ်ပေါ်ခဲ့ရာ အနိမ့်ပိုင်း၌ ရှိသော ကျေးရွာများမှာ ရေကြီး ရေလျှံခဲ့ခြင်းကြောင့် သောက်သုံးရေများ အဓိကလိုအပ်နေတာကို တွေ့ရှိရကြောင်း အဆိုပါဒေသသို့ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သူ အလှူရှင်တစ်ဦးမှ ပြောကြားလာသည်။
ပုံများကိုကြည့်ရန်
38 photos
40 photos
Social Buttons