Writen by
Tachileik News Agency
3:03 AM
-
0
Comments
သြဂုတ်လ ၁၂ရက်နေ့ မွန်းလွှဲ ၁နာရီ ၃၀မိနစ်အချိန်ခန့်က တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နာယောင်းကျေးရွာ၊ တာချီလိတ် - ကျိုင်းတုံ သွားကားလမ်းဘေးရှိ ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်တွင် အီကွေးမင်း အတွင်းမှ ပိုက်မိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်တွင် အစောင့်ထားရှိထားသော အသက် ၂၂ နှစ်အရွယ် ကိုသဲမောင်မောင်သည် အဆိုပါ အိမ်၌ တစ်ဦးတည်းရှိနေစဉ် နေအိမ်အောက်တွင် ထားရှိသော အီကွေးမင်းအတွင်းမှ ခွန်ဆာလုပ်( ပိုက်မိုင်း )ကို ကိုင်တွယ်မိရာမှ ရုတ်တရက် ပေါက်ကွဲသွားကာ လက်နှစ်ဖက်လုံး ပြတ်သွားခဲ့ပြီး၊ ယာဘက်ခြေသလုံးအရိုး၊ အရေပြားစုတ်ပြဲကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခင်းဖြစ်ရပ်အတွက် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်နေပြီး တာလေရဲစခန်းမှ သေမှု/သေခင်း အမှတ် ၁/၂၀၁၃ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
Social Buttons