Latest News

Dropdown Menu

Wednesday, February 19, 2014

တာချီလိတ်မြို့ ဟိုတယ်တစ်ခု၌ ထိုင်းနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ရှိ ရီဂျီးနားဟိုတယ်၏ အခန်းနံပါတ် (၁၁၈)တွင် အသက် (၃၄)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။


အဆိုပါ ထိုင်းနိုင်ငံသားသည် တာချီလိတ်မြို့ရှိ ရီဂျီးနားဟိုတယ်၌ ဖေဖော်ဝါရီလ(၁၂)ရက် ကတည်းက လာရောက်၍ တည်းခိုနေတာဖြစ်ပြီး သေဆုံးသူ၏ အလောင်းမှာ အပုတ်နံ့ထွက်နေသည့်အတွက် ၎င်းသေဆုံးနေသည်မှာ မည်သည့်နေ့ရက်က သေဆုံးနေကြောင်း မသိရသော်လည်း ကြိုးဆွဲချသေနေသည်ကို ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက် နံနက်ပိုင်းကမှ တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်လောင်းအား ခွဲစိပ်ဆေးစစ်ရန်အတွက် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းအရ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »